ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ကျန်ရှိသောအချိန်သည် အလွန်တိုတောင်း၏။ ထို့ကြောင့် ယခုမှစ၍ ဇနီးရှိသောသူတို့သည် ဇနီးမရှိသောသူကဲ့သို့လည်းကောင်း၊
ဟေဗြဲ 13:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဤလောက၌ ကျွန်ုပ်တို့အတွက် တည်မြဲသောမြို့ မရှိသောကြောင့် ဖြစ်၏။ အနာဂတ်၌ ပေါ်ထွန်းမည့်မြို့ကိုသာ ကျွန်ုပ်တို့တောင့်တကြ၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ဤလောက၌ငါတို့ အတွက်တည်မြဲသောမြို့မရှိသောကြောင့် ဖြစ်၏။ ငါတို့ကားနောင်အခါဖြစ်ပေါ်မည့် မြို့ကိုစောင့်မျှော်လျက်နေကြပေသည်။- Garrad Bible ငါ တို့ သည် ဤ လော က တွင် တည် မြဲ ရာ မြို့ မ ရှိ။ နောင် ဘ ဝ မြို့ တော် ကို တောင့် တ လျက် နေ ကြ၏။ Judson Bible အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သောမြို့ မရှိ၊ နောက်ဖြစ်လတ္တံ့သောမြို့ကို ရှာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဤလောက၌ ငါတို့အတွက်တည်မြဲသောမြို့မရှိ။ နောက်လာမည့်မြို့တော်ကိုသာ ငါတို့ကြိုးစားရှာဖွေနေကြ၏။ |
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ကျန်ရှိသောအချိန်သည် အလွန်တိုတောင်း၏။ ထို့ကြောင့် ယခုမှစ၍ ဇနီးရှိသောသူတို့သည် ဇနီးမရှိသောသူကဲ့သို့လည်းကောင်း၊
ကျွန်ုပ်တို့ ခဏတာခံရသည့် ပေါ့ပါးသောဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့အတွက် အလွန်ထူးမြတ်သော ထာဝရဘုန်းအသရေကို ဖြစ်ပွားစေ၏။
သို့ဖြစ်၍ သင်တို့သည် တိုင်းတစ်ပါးသားနှင့် ဧည့်သည်များ မဟုတ်တော့ဘဲ ယုံကြည်သူများနှင့် တစ်ပြည်တည်းသား ဖြစ်၍ ဘုရားသခင်၏ မိသားစုဝင်များ ဖြစ်ကြ၏။
သို့သော် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသားများဖြစ်ကြပြီး ထိုကောင်းကင်ဘုံမှ ကြွလာတော်မူမည့် ကယ်တင်ရှင် သခင်ယေရှုခရစ်တော်ကို စောင့်မျှော်နေကြ၏။
သင်တို့သည် အကျဉ်းကျနေသူများအပေါ် စာနာစိတ်ထားကြ၏။ ဥစ္စာပစ္စည်းများကို အဓမ္မလုယူခံရသော်လည်း ဝမ်းမြောက်စွာ လက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထိုအရာများထက် ပိုမိုကောင်းမြတ်ပြီး ထာဝရတည်မြဲသောအရာများကို ပိုင်ဆိုင်ထားသည်ကို သိကြသောကြောင့်ဖြစ်၏။
သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ ကောင်းကင်တမန်ထောင်ပေါင်းများစွာ စုဝေးရာ အသက်ရှင်တော်မူသောဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ဘုံရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊
“နောက်တစ်ဖန်” ဟူသော စကားမှာ ဖန်ဆင်းခံအရာအားလုံးသည် တုန်လှုပ်ပြီး ဖယ်ရှားခံရမည်ဖြစ်သောကြောင့် မတုန်လှုပ်နိုင်သော အရာများသာ ကျန်ရှိတော့မည်ဖြစ်ကြောင်းဆိုလို၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ပြောဆိုနေသော အနာဂတ်ကမ္ဘာကို ကောင်းကင်တမန်များအား အုပ်စိုးခွင့် ပေးတော်မူသည်မဟုတ်။
သို့ဖြစ်၍ သတ္တမနေ့၌ ဘုရားသခင်အနားယူတော်မူသကဲ့သို့ ဘုရားသခင်၏ လူမျိုးတော်အတွက် စံမြန်းနားခိုရာ ရှိသေး၏။
ခရစ်တော်သည် ယခု ကျွန်ုပ်တို့ခံစားရသည့် ကောင်းကျိုးများနှင့်သက်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် ကြွလာတော်မူပြီ။ ကိုယ်တော်သည် ဤကမ္ဘာလောကရှိ လူတို့လက်ဖြင့် ပြုလုပ်သော တဲတော်ထက် ပို၍ ကြီးမြတ်ပြည့်စုံသည့် ကောင်းကင်ဘုံရှိ တဲတော်သို့ ဝင်တော်မူ၏။
အရာအားလုံး၏ နောက်ဆုံးချိန်သည် နီးကပ်လာသောကြောင့် ဆုတောင်းနိုင်ရန်အတွက် မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိရှိကြလော့။
အောင်မြင်သောသူကို ငါ့ဘုရားသခင်၏ဗိမာန်တော်၌ ရှိသောတိုင်ကဲ့သို့ ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါသည် ငါ၏ဘုရားသခင်နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်မည့် ဂျေရုဆလင်မြို့သစ်ဟူသော ဘုရားသခင်မြို့တော်၏နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း သူ့အပေါ်၌ ရေးထားမည်။