အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 7:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

လူအပေါင်းတို့​သည်လည်း အံ့သြ​ထိတ်လန့်​၍ “ငါတို့​အထဲ​တွင် ထူဆန်းသော​ပရောဖက်​တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်​သည် မိမိ​လူမျိုး​အား အကူအညီ​ပေးတော်မူ​ရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်းကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

လူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​လျက်​ဘု​ရား​သ​ခင် ၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​ကြ​၏။ သူ​တို့ က ``ငါ​တို့​တွင်​ပ​ရော​ဖက်​ကြီး​တစ်​ပါး​ပေါ်​ထွန်း လေ​ပြီ။ ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​စု​တော်​အား ကယ်​တင်​ရန်​ကြွ​လာ​တော်​မူ​ပြီ'' ဟု​ဂုဏ်​ကျေး​ဇူး တော်​ကို​ချီး​ကူး​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ရှိ သ မျှ တို့ လည်း ကြောက် ရွံ့၍ ငါ တို့ တွင် ပ ရော ဖက် ကြီး ပေါ် ထွန်း ပြီ ဟူ၍ လည်း ကောင်း၊ ဘု ရား သ ခင် သည် လူ မျိုး တော် ကို အ ကြည့် အ ရှု ကြွ လာ တော် မူ ပြီ ဟူ၍ လည်း ကောင်း ဆို လျက်၊ ဘု ရား သ ခင်၏ ဘုန်း တော် ကို ချီး မြှောက် ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍၊ ကြီး​စွာ​သော​ပ​ရော​ဖက်​သည် ငါ​တို့​တွင်​ပေါ်​ထွန်း​ပြီ။ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပြီ ဟူ၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူ​တို့​သည်​ထိတ်လန့်​အံ့ဩ​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ပရောဖက်​ကြီး​တစ်​ပါး​သည် ငါ​တို့​တွင် ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​သည် မိမိ​လူမျိုး​တော်​ကို​အကြည့်အရှု ကြွလာ​တော်မူ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍၊ ကြီး​စွာ​သော​ပ​ရော​ဖက်​သည် ငါ​တို့​တွင်​ပေါ်​ထွန်း​ပြီ။ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပြီ ဟူ၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။-

အခန်းကိုကြည့်ပါ။



လုကာ 7:16
31 ပူးပေါင်းရင်းမြစ်များ  

လူထုကြီး​သည် ဆွံ့အသူများ စကားပြောကြသည်​ကို​လည်းကောင်း၊ မသန်စွမ်းသူများ ပကတိအတိုင်း​ဖြစ်လာကြသည်​ကို​လည်းကောင်း၊ ခြေမသန်သူများ လမ်းလျှောက်​နိုင်သွားကြသည်​ကို​လည်းကောင်း၊ မျက်မမြင်များ မြင်ကြရသည်​ကို​လည်းကောင်း မြင်တွေ့​သောအခါ အံ့အားသင့်​၍ အစ္စရေးလူမျိုး​၏​ဘုရားသခင်​ကို ချီးမွမ်းကြ၏။


လူထု​ပရိသတ်များ​က “ဤ​သူ​သည် ဂါလိလဲပြည် နာဇရက်မြို့​မှ ပရောဖက်၊ ယေရှု​ဖြစ်သည်” ဟု ဖြေဆိုကြ၏။


အမျိုးသမီးတို့​သည် ကြောက်လန့်ကြ​သော်လည်း အလွန်​ဝမ်းသာ​၍ သင်္ချိုင်းဂူ​မှ အမြန်​ထွက်လာကြ၏။ ထို့နောက် ကောင်းကင်တမန်​၏ စကား​ကို တပည့်တော်တို့​အား ပြောပြ​ရန် ပြေးသွားကြ၏။


ထို​အဖြစ်အပျက်​ကို မြင်သော် လူထု​ပရိသတ်တို့​သည် အလွန်​ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သော​အခွင့်အာဏာ​ကို လူတို့​အား ပေးတော်မူ​သည့် ဘုရားသခင်​၏ ဂုဏ်တော်​ကိုလည်း ချီးမွမ်းကြ၏။


ထို​အရပ်​တွင် နေထိုင်သော​သူတို့​သည် အံ့သြ​ကြောက်ရွံ့​လျက် ထို​သတင်း​သည် ယုဒပြည်​တောင်ပေါ်ဒေသ​တစ်လျှောက်လုံး ပျံ့နှံ့သွားလေ၏။


“အစ္စရေးလူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​ကို ချီးမွမ်းကြပါစေသော။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် မိမိ​လူမျိုး​ထံသို့​ကြွလာတော်မူ​၍ ရွေးနုတ်ကယ်တင်တော်မူခဲ့​သောကြောင့် ဖြစ်၏။


သင်​နှင့် သင်​၏​သားသမီးများ​ကို မြေ​ပေါ်တွင် ဖိကြိတ်ကြ​လိမ့်မည်။ ကျောက်​တစ်ချပ်​အပေါ်တွင် တစ်ချပ်​မျှ တင်ကျန်​လိမ့်မည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်​သည် ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​ကို မသိမမှတ်​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။


သိုးထိန်းတို့​သည် ကောင်းကင်တမန်များ​ဖော်ပြသည့်​အတိုင်း မြင်ရ​ကြားရ​သဖြင့် ထို​အကြောင်းအရာ အားလုံး​အတွက် ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်း​လျက် ပြန်သွားကြ၏။


ထိုအခါ ယေရှု​က “မည်သည့်​အကြောင်းအရာများ ဖြစ်သနည်း” ဟု မေးတော်မူ၏။ ထို​သူတို့​က “နာဇရက်မြို့သား​ယေရှု​ဆိုသော​သူ​၏​အကြောင်းအရာများ​ဖြစ်၏။ ထို​သူ​သည် ဘုရား​ရှေ့၊ လူ​ရှေ့​တွင် အံ့ဖွယ်တန်ခိုး​လက္ခဏာ​ကို​ပြု​၍ နှုတ်သတ္တိ​ရှိသော ပရောဖက်​တစ်ပါး​ဖြစ်၏။


လူထု​ပရိသတ်တို့​သည် အလွန်​အံ့သြ ကြောက်ရွံ့​၍ ဘုရားသခင်​၏​ဂုဏ်တော်​ကို​ချီးမွမ်း​လျက် “ငါတို့​သည် ယနေ့​ထူးဆန်း​အံ့ဖွယ်သော​အရာများ​ကို မြင်ခဲ့ကြပြီ” ဟု ပြောဆိုကြ၏။


ထို​အဖြစ်အပျက်​ကို မြင်​သောအခါ ရှိမုန်​ပေတရု​သည် ယေရှု​၏​ခြေတော်ရင်း​၌ ဒူးထောက်​ပြီးလျှင် “သခင်… အကျွန်ုပ်​သည် အပြစ်များသော​သူ​ဖြစ်​သောကြောင့် အကျွန်ုပ်​ထံမှ ထွက်ခွာသွားတော်မူပါ” ဟု လျှောက်လေ၏။


ထို​လူသေ​သည် ထထိုင်​၍ စကားပြောလေ၏။ ယေရှု​ကလည်း ထို​သူ​ကို မိခင်​ထံသို့ အပ်ပေးလေ၏။


ထိုသို့​ပြုသည်​ကို ယေရှု​အား ဖိတ်ခေါ်သူ ဖာရိရှဲ​သည် မြင်လေသော် “ဤ​သူ​သည် ပရောဖက်​တစ်ပါး​ဖြစ်လျှင် သူ့​အား​ထိနေသော ထို​အမျိုးသမီး​သည် မည်သူ​ဖြစ်ကြောင်း​နှင့် မည်သို့သော​သူ ဖြစ်ကြောင်း​ကို သိရမည်။ ဤ​အမျိုးသမီး​သည် အပြစ်များသော အမျိုးသမီး​ဖြစ်သည်” ဟု မိမိ​စိတ်ထဲ​၌ တွေးတောလေ၏။


ဂါရစ​ပြည်သား​အပေါင်းတို့​သည် အလွန်​ကြောက်ရွံ့ကြ​သောကြောင့် သူတို့​ထံမှ ထွက်ခွာသွားတော်မူ​ရန် တောင်းပန်ကြ၏။ ယေရှု​သည်လည်း လှေ​ပေါ်သို့ တက်​၍ အိုင်တစ်ဖက်​သို့ ပြန်ကြွတော်မူ၏။


တပည့်တော်တို့​က “တချို့​က ကိုယ်တော်​သည် နှစ်ခြင်းဆရာ​ယောဟန်​ဟု ဆိုကြ၏။ သို့သော် တချို့​က ဧလိယ​ဖြစ်သည်​ဟု ဆိုကြ​၍ တချို့​က သေရာ​မှ ပြန်ရှင်လာသော ရှေး​ပရောဖက်​တစ်ပါးပါး​ဖြစ်သည်​ဟု ဆိုကြပါသည်” ဟု လျှောက်ကြ၏။


ထို​သူတို့​က “သို့ဖြစ်လျှင် သင်​သည် မည်သူနည်း။ ဧလိယ​လော” ဟု မေးကြ၏။ ယောဟန်​က “မဟုတ်ပါ” ဟု ဖြေ၏။ သူတို့​က “သင်​သည် ငါတို့​စောင့်မျှော်နေသော​ပရောဖက်​လော” ဟု မေးကြပြန်​လျှင် ယောဟန်​က “မဟုတ်ပါ” ဟု ဖြေပြန်၏။


“သင်​သည် ခရစ်တော်​လည်း​မဟုတ်၊ ဧလိယ​လည်း​မဟုတ်၊ ထို​ပရောဖက်​လည်း​မဟုတ်​လျှင် အဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာ​ပေးသနည်း” ဟု မေးကြပြန်၏။


အမျိုးသမီး​က “သခင်​သည် ပရောဖက်​တစ်ပါး​ဖြစ်ပေမည်။


ဤသို့ ယေရှု​ပြတော်မူသော နိမိတ်​လက္ခဏာ​ကို မြင်သော​လူတို့​က “ဤ​သူ​သည် အမှန်​ပင် ကျွန်ုပ်တို့​စောင့်မျှော်နေသော ပရောဖက် ဖြစ်သည်” ဟု ဆိုကြ၏။


ဖာရိရှဲတို့​က ထို​မျက်မမြင်​ဖြစ်ခဲ့ဖူးသူ​အား “သင့်​ကို မျက်စိ​မြင်အောင် သူ​သည် ပြုခဲ့သည်​ဖြစ်​၍ သင်​ပြောလော့။ သူ​သည် မည်သို့သော​သူ ဖြစ်မည်နည်း” ဟု ထပ်မံ​၍ မေးကြ၏။ ထို​သူ​ကလည်း “သူ​သည် ပရောဖက်​တစ်ပါး ဖြစ်သည်” ဟု ဖြေလေ၏။


ထို​စကား​ကို ကြား​သောအခါ အာနနိ​သည် လဲကျ​၍ သေဆုံးလေ၏။ ဤ​အဖြစ်ပျက်​ကို ကြားသော​သူ​ရှိသမျှတို့​သည် အလွန်​ထိတ်လန့်ကြ၏။


ထို​မောရှေ​မှာ ‘ဘုရားသခင် ထာဝရဘုရား​သည် သင်တို့​၏​အမျိုး​ထဲမှ ငါ​ကဲ့သို့သော ပရောဖက်​တစ်ပါး​ကို သင်တို့​အတွက် ပေါ်ထွန်းစေတော်မူ​လိမ့်မည်’ ဟု အစ္စရေးလူမျိုးတို့​အား ပြောခဲ့သူ​ဖြစ်၏။


ထိုအခါ သူတို့​သည် ကျွန်ုပ်​ကြောင့် ဘုရားသခင်​ကို ချီးမွမ်းကြ၏။