Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 24:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထိုအခါ ယေရှု​က “မည်သည့်​အကြောင်းအရာများ ဖြစ်သနည်း” ဟု မေးတော်မူ၏။ ထို​သူတို့​က “နာဇရက်မြို့သား​ယေရှု​ဆိုသော​သူ​၏​အကြောင်းအရာများ​ဖြစ်၏။ ထို​သူ​သည် ဘုရား​ရှေ့၊ လူ​ရှေ့​တွင် အံ့ဖွယ်တန်ခိုး​လက္ခဏာ​ကို​ပြု​၍ နှုတ်သတ္တိ​ရှိသော ပရောဖက်​တစ်ပါး​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ကိုယ်​တော်​က ``အ​ဘယ်​အ​မှု​အ​ရာ​များ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​နှစ်​ဦး​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် သက်​ဆိုင်​သော​အ​မှု​အ​ရာ​များ​ပင်​ဖြစ်​ပါ​၏။ ထို​သူ​သည်​ဘု​ရား​သ​ခင်​နှင့်​လူ​အ​ပေါင်း တို့​၏​ရှေ့​တွင်​လက်​သတ္တိ၊ နှုတ်​သတ္တိ​နှင့်​ပြည့်​စုံ သော​ပ​ရော​ဖက်​ဖြစ်​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 မည် သည့် အ ဖြစ် အ ပျက် နည်း ဟု မေး တော် မူ ပြန် သော် ဘု ရား သ ခင့် ရှေ့၊ ပြည် သူ ပြည် သား တို့ ရှေ့၊ လက် သ တ္တိ နှုတ် သ တ္တိ နှင့် ပြည့် စုံ သော ပ ရော ဖက် ဖြစ် သူ နာ ဇ ရက် မြို့ သား ယေ ရှု အ ကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ကိုယ်​တော်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​အ​ရာ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​က၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၏ အ​ကြောင်း​အ​ရာ​ပေ​တည်း။ ထို​သူ​သည် ဘု​ရား​သ​ခင်​ရှေ့၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​နှင့် ပြည့်​စုံ​သော ပ​ရော​ဖက်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ကိုယ်တော်​က​လည်း“မည်သည့်​အရာ​များ​နည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​နှင့်​ပတ်သက်​သော​အရာ​များ​ဖြစ်​၏။ သူ​သည် ဘုရားသခင်​ရှေ့၊ လူ​အပေါင်း​တို့​ရှေ့တွင် လုပ်ဆောင်​မှု​နှင့်​ပြောဆို​မှု​တို့​၌ အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော​ပရောဖက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 ကိုယ်​တော်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​အ​ရာ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​က၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၏ အ​ကြောင်း​အ​ရာ​ပေ​တည်း။ ထို​သူ​သည် ဘု​ရား​သ​ခင်​ရှေ့၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​နှင့် ပြည့်​စုံ​သော ပ​ရော​ဖက်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 24:19
13 ပူးပေါင်းရင်းမြစ်များ  

လူထု​ပရိသတ်များ​က “ဤ​သူ​သည် ဂါလိလဲပြည် နာဇရက်မြို့​မှ ပရောဖက်၊ ယေရှု​ဖြစ်သည်” ဟု ဖြေဆိုကြ၏။


“နာဇရက်မြို့သား​ယေရှု… ကိုယ်တော်​သည် အကျွန်ုပ်တို့​နှင့် မည်သို့​သက်ဆိုင်သနည်း။ အကျွန်ုပ်တို့​ကို ဖျက်ဆီး​ရန် ကြွလာတော်မူသလော။ ကိုယ်တော်​သည် မည်သူ​ဖြစ်သည်​ကို အကျွန်ုပ်​သိပါ၏။ ကိုယ်တော်​သည် ဘုရားသခင်​၏ သန့်ရှင်းတော်မူသော​သူ ဖြစ်ပါ၏” ဟု အော်ဟစ်​ပြောဆိုလေ၏။


သူတို့​ထဲမှ ကလောဖ​အမည်ရှိသော​သူ​က “ဂျေရုဆလင်မြို့​သို့ ဧည့်သည်​အဖြစ် လာသော​သူများ​အနက် ဤ​ရက်များ​အတောအတွင်း ဖြစ်ပျက်ခဲ့သော​အကြောင်းအရာများ​ကို မသိသူ​မှာ သင်​တစ်ဦးတည်း​သာ ဖြစ်သလော” ဟု ဆိုလေ၏။


လူအပေါင်းတို့​သည်လည်း အံ့သြ​ထိတ်လန့်​၍ “ငါတို့​အထဲ​တွင် ထူဆန်းသော​ပရောဖက်​တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်​သည် မိမိ​လူမျိုး​အား အကူအညီ​ပေးတော်မူ​ရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်းကြ၏။


သူ​သည် ညအခါ ယေရှု​ထံသို့ လာပြီး​လျှင် “ဆရာတော်… ဘုရားသခင်​အတူ​ရှိတော်မမူ​လျှင် ဆရာတော်​ပြုသော​နိမိတ်​လက္ခဏာများ​ကို မည်သူ​မျှ ပြုနိုင်မည်​မဟုတ်သည်​ကို ထောက်​၍ ဆရာတော်​သည် ဘုရားသခင်​ထံတော်​မှ ကြွလာသော​ဆရာ​ဖြစ်ကြောင်း​ကို အကျွန်ုပ်တို့​သိကြပါ၏။ ဆရာတော်​ပြုတော်မူသော နိမိတ်​လက္ခဏာများ​ကို​ထောက်ရှု​၍ ဘုရားသခင်​သည် ဆရာတော်​နှင့်အတူ​ရှိတော်မူသည့် သက်သေ​ထင်ရှားပါ၏” ဟု လျှောက်လေ၏။


အမျိုးသမီး​က “သခင်​သည် ပရောဖက်​တစ်ပါး​ဖြစ်ပေမည်။


ဤသို့ ယေရှု​ပြတော်မူသော နိမိတ်​လက္ခဏာ​ကို မြင်သော​လူတို့​က “ဤ​သူ​သည် အမှန်​ပင် ကျွန်ုပ်တို့​စောင့်မျှော်နေသော ပရောဖက် ဖြစ်သည်” ဟု ဆိုကြ၏။


ထို​သူတို့​က “သင်​သည်လည်း ဂါလိလဲပြည်သား​ဖြစ်သလော။ ကျမ်းစာ​၌ ရှာဖွေ​လေ့လာလော့။ ဂါလိလဲပြည်​မှ မည်သည့်​ပရောဖက်​မျှ မပေါ်ထွန်းကြောင်း​ကို သင်​သိရ​လိမ့်မည်” ဟု ဆိုကြ၏။


ဘုရားသခင်​သည် နာဇရက်မြို့သား​ယေရှု​အား သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် တန်ခိုးတော်​အားဖြင့် မည်သို့​ဘိသိက်ပေးခဲ့ကြောင်း​ကိုလည်း သင်တို့​သိကြ၏။ ဘုရားသခင်​သည် ယေရှု​နှင့် အတူ​ပါရှိတော်မူ​သဖြင့် ယေရှု​သည်လည်း ကောင်းမှုပြု​၍ နတ်ဆိုးပူးသော​သူများ​အား ပျောက်ကင်း​ကျန်းမာစေ​လျက် အရပ်ရပ်​သို့ လှည့်လည်တော်မူ၏။


အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့​ကိုယ်တိုင် သိကြသည့်​အတိုင်း ဘုရားသခင်​သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်​ဖြစ်ရပ်​နှင့် နိမိတ်​လက္ခဏာများ​ကို နာဇရက်မြို့သား ယေရှု​အားဖြင့် ပြတော်မူခဲ့ပြီ။ ဤ​အရာများ​အားဖြင့် ယေရှု​သည် ဘုရားသခင်​၏​စေလွှတ်တော်မူခြင်း​ခံရသူ အမှန်တကယ်​ဖြစ်ကြောင်း​ကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။


မောရှေ​သည် အီဂျစ်လူမျိုးတို့​၏​အတတ်ပညာများ​အားလုံး​ကို သင်ယူ​တတ်မြောက်​ပြီး ပြောဆိုမှု​နှင့်​လုပ်ဆောင်မှု​တွင် စွမ်းဆောင်နိုင်သူ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ