Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:37 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 ဂါရစ​ပြည်သား​အပေါင်းတို့​သည် အလွန်​ကြောက်ရွံ့ကြ​သောကြောင့် သူတို့​ထံမှ ထွက်ခွာသွားတော်မူ​ရန် တောင်းပန်ကြ၏။ ယေရှု​သည်လည်း လှေ​ပေါ်သို့ တက်​၍ အိုင်တစ်ဖက်​သို့ ပြန်ကြွတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 ထို​အ​ခါ​ဂါ​ရ​စ​နယ်​က​လူ​အ​ပေါင်း​တို့ သည်​လွန်​စွာ​ကြောက်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့ အ​ရပ်​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ​ရန်​ကိုယ်​တော် အား​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​၍​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 ပတ် ဝန်း ကျင် ရှိ ဂေ ရ သေ န နယ် သူ နယ် သား အ ပေါင်း တို့ သည် အ လွန် ကြောက် ရွံ့၍ ထွက် ကြွ တော် မူ စေ ရန် တောင်း ပန် ကြ သည့် အ လျောက် လှေ ပေါ် သို့ တက် လျက် ပြန် ကြွ မည် ပြု တော် မူ စဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 ဂါ​ဒ​ရ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​သော​စိတ်​စွဲ၍၊ မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ​လျှင်၊ ကိုယ်​တော်​သည် လှေ​ထဲ​သို့ ဝင်၍​ပြန်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 ထိုအခါ ဂါရစ​နယ်သူ​နယ်သား​အပေါင်း​တို့​သည် အလွန်​ကြောက်ရွံ့​သဖြင့် သူ​တို့​ထံမှ​ထွက်သွား​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​၏။ ကိုယ်တော်​သည်​လည်း လှေ​ပေါ်သို့​တက်​၍ ပြန်သွား​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

37 ဂါ​ဒ​ရ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​သော​စိတ်​စွဲ၍၊ မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ​လျှင်၊ ကိုယ်​တော်​သည် လှေ​ထဲ​သို့ ဝင်၍​ပြန်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:37
16 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ တစ်မြို့လုံးရှိ​လူတို့​သည် ယေရှု​ထံသို့ သွားကြ၏။ ယေရှု​ကို တွေ့​သောအခါ မိမိတို့​အရပ်​မှ ထွက်ခွာသွားတော်မူ​ရန် တောင်းပန်ကြ၏။


ထိုအခါ သူတို့​က ယေရှု​အား မိမိတို့​၏​ဒေသ​မှ ထွက်ခွာသွားတော်မူ​ရန် တောင်းပန်ကြ၏။


ထို့နောက် တပည့်တော်တို့​အား “သင်တို့​၏​စကား​ကို နားထောင်သော​သူ​သည် ငါ့​စကား​ကို နားထောင်၏။ သင်တို့​ကို ငြင်းပယ်သော​သူ​သည် ငါ့​ကို ငြင်းပယ်၏။ ငါ့​ကို ငြင်းပယ်သော​သူ​သည် ငါ့​ကို​စေလွှတ်တော်မူသော​အရှင်​ကို ငြင်းပယ်ပြီ” ဟု မိန့်တော်မူ၏။


ထို​အဖြစ်အပျက်​ကို မြင်​သောအခါ ရှိမုန်​ပေတရု​သည် ယေရှု​၏​ခြေတော်ရင်း​၌ ဒူးထောက်​ပြီးလျှင် “သခင်… အကျွန်ုပ်​သည် အပြစ်များသော​သူ​ဖြစ်​သောကြောင့် အကျွန်ုပ်​ထံမှ ထွက်ခွာသွားတော်မူပါ” ဟု လျှောက်လေ၏။


ထို​သူ​သည် ယေရှု​ကို မြင်​လျှင် ရှေ့တော်​၌ ဝပ်တွားခယလေ၏။ ထို့နောက် ကျယ်လောင်သော​အသံ​ဖြင့် အော်ဟစ်​လျက် “အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​သားတော်​ယေရှု… ကိုယ်တော်​သည် အကျွန်ုပ်​နှင့် မည်သို့​ဆိုင်သနည်း။ အကျွန်ုပ်​ကို ညှဉ်းဆဲတော်မမူ​ရန် တောင်းပန်ပါ၏” ဟု လျှောက်လေ၏။


တွေ့မြင်ခဲ့ကြသောသူ​အားလုံး​က နတ်ဆိုးပူး​ခံရသူ မည်သို့​ကျန်းမာလာသည်​ကို ပြောပြကြ၏။


နတ်ဆိုးပူးခြင်း​ဘေး​မှ​လွတ်မြောက်သွား​သူ​က ကိုယ်တော်​နှင့်အတူ လိုက်ပါခွင့်​ပြု​ရန် တောင်းပန်လေ၏။ သို့သော် ယေရှု​က ထို​သူ​အား


မည်သူ​မျှ သင်တို့​ကို လက်မခံ​လျှင် ထို​မြို့​မှ ထွက်ခွာ​သောအခါ သူတို့​တစ်ဖက်​၌ ဆန့်ကျင်သည့် သက်သေ​အဖြစ် သင်တို့​၏​ခြေဖဝါး​မှ ဖုန်မှုန့်​ကို ခါချလော့” ဟူ၍ ညွှန်ကြားတော်မူ၏။


ထို့နောက် အခြားသော ရွာ​တစ်ရွာ​သို့ ဆက်​၍ သွား​ကြ၏။


ထို့ကြောင့် သူတို့​သည် ထောင်​ထဲသို့ ကိုယ်တိုင်​လာ​၍ တောင်းပန်ပြီး​လျှင် အပြင်​သို့ ခေါ်ထုတ်​ကာ မြို့​မှ​ထွက်ခွာ​ရန် တောင်းဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ