Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 15:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 လူထုကြီး​သည် ဆွံ့အသူများ စကားပြောကြသည်​ကို​လည်းကောင်း၊ မသန်စွမ်းသူများ ပကတိအတိုင်း​ဖြစ်လာကြသည်​ကို​လည်းကောင်း၊ ခြေမသန်သူများ လမ်းလျှောက်​နိုင်သွားကြသည်​ကို​လည်းကောင်း၊ မျက်မမြင်များ မြင်ကြရသည်​ကို​လည်းကောင်း မြင်တွေ့​သောအခါ အံ့အားသင့်​၍ အစ္စရေးလူမျိုး​၏​ဘုရားသခင်​ကို ချီးမွမ်းကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ဆွံ့​အ​သူ​များ​စ​ကား​ပြော​ကြ​သည်​ကို​လည်း ကောင်း၊ ကိုယ်​အင်္ဂါ​ချို့​တဲ့​သူ​များ​အ​ကောင်း​ပ​က​တိ ဖြစ်​လာ​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သူ​များ လမ်း​လျှောက်​ကြ​သည်​ကို​လည်း​ကောင်း၊ မျက်​မ​မြင် များ​မျက်​စိ​မြင်​ကြ​သည်​ကို​လည်း​ကောင်း​တွေ့​မြင် ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​လွန်​စွာ အံ့​သြ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 အ သော သူ စ ကား ပြော ခွင့်၊ အင်္ဂါ ပျက် သူ သန် စွမ်း ခွင့်၊ ခြေ ဆွံ့ သူ လှမ်း သွား ခွင့် မျက် မ မြင် သူ မြင် ခွင့် ရ သည် ကို ထို ပ ရိ သတ် မြင် သော် အံ့ သြ၍ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 အ​နာ​ရော​ဂါ​များ​ကို ငြိမ်း​စေ​တော်​မူ​သ​ဖြင့်၊ အ​သော​သူ​သည် စ​ကား​ပြော​သည်​ကို​လည်း​ကောင်း၊ ချို့​တဲ့​သော​သူ​သည် ပ​က​တိ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သော​သူ​သည် လှမ်း​သွား​သည်​ကို​လည်း​ကောင်း၊ မျက်​စိ​ကန်း​သော​သူ​သည် မြင်​ရ​သည်​ကို​လည်း​ကောင်း၊ လူ​အ​စု​အ​ဝေး​တို့​သည်​မြင်​လျှင် အံ့​ဩ​ခြင်း​သို့​ရောက်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 လူထု​ပရိသတ်​တို့​သည် ဆွံ့အ​သူ​များ စကား​ပြော​ကြ​သည်​ကို​လည်းကောင်း၊ ကိုယ်အင်္ဂါ​ချို့တဲ့​သူ​များ အကောင်း​ပကတိ​ဖြစ်​ကြ​သည်​ကို​လည်းကောင်း၊ ခြေ​မသန်စွမ်း​သူ​များ လမ်းလျှောက်​ကြ​သည်​ကို​လည်းကောင်း၊ မျက်မမြင်​များ မျက်စိ​မြင်​ကြ​သည်​ကို​လည်းကောင်း တွေ့မြင်​လျက် အံ့သြ​ကြ​ကာ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

31 အ​နာ​ရော​ဂါ​များ​ကို ငြိမ်း​စေ​တော်​မူ​သ​ဖြင့်၊ အ​သော​သူ​သည် စ​ကား​ပြော​သည်​ကို​လည်း​ကောင်း၊ ချို့​တဲ့​သော​သူ​သည် ပ​က​တိ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သော​သူ​သည် လှမ်း​သွား​သည်​ကို​လည်း​ကောင်း၊ မျက်​စိ​ကန်း​သော​သူ​သည် မြင်​ရ​သည်​ကို​လည်း​ကောင်း၊ လူ​အ​စု​အ​ဝေး​တို့​သည်​မြင်​လျှင် အံ့​ဩ​ခြင်း​သို့​ရောက်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 15:31
23 ပူးပေါင်းရင်းမြစ်များ  

လူထုကြီး​သည် ကိုယ်တော်​ထံသို့​လာ​၍ ခြေမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါ​ချို့တဲ့သူများ၊ ဆွံ့အသူများ​နှင့် အခြား​မကျန်းမာသူ​များစွာ​ကို ခေါ်ဆောင်လာ​ကာ ခြေတော်ရင်း​တွင် ထားကြ၏။ ယေရှု​သည်လည်း သူတို့​အား ကျန်းမာစေတော်မူ၏။


ထို့ကြောင့်​သင်​၏ လက်၊ သို့မဟုတ် ခြေတို့​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ဖြတ်​၍ လွှင့်ပစ်လော့။ ခြေလက်​အစုံ​နှင့် ထာဝရ​မီး​ထဲသို့ ချခံရခြင်း​ထက် လက်တစ်ဖက်၊ သို့မဟုတ် ခြေတစ်ဖက်​နှင့် ထာဝရ​အသက်ရှင်ခွင့်​ရခြင်း​သည် ပို၍​ကောင်း၏။


ထိုအခါ ဗိမာန်တော်​၌ မျက်မမြင်များ​နှင့် ခြေမသန်သူများ​သည် ကိုယ်တော်​ထံသို့ လာကြ​သော် ကိုယ်တော်​သည် သူတို့​အား ကျန်းမာစေတော်မူ၏။


ယေရှု​သည် ထို​တပ်မှူး​၏ စကား​ကို ကြား​သော် အံ့သြတော်မူ​လျက် နောက်တော်​သို့ လိုက်သောသူများ​ဘက်​သို့ လှည့်​၍ “သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​ကဲ့သို့ ယုံကြည်ခြင်း​ရှိသော​သူ​တစ်ဦး​ကိုမျှ အစ္စရေးလူမျိုး​ထဲ၌ ငါ​မတွေ့ဖူးသေး။


ထို​သူတို့ ထွက်ခွာသွားကြ​ပြီးနောက် လူ​တချို့​သည် နတ်ဆိုးပူးသော ဆွံ့အသူ​တစ်ဦး​ကို ယေရှု​ထံသို့ ခေါ်ဆောင်လာကြ၏။


ယေရှု​ကလည်း နတ်ဆိုး​ကို နှင်ထုတ်တော်မူ​သဖြင့် ထို​ဆွံ့အသူ​သည် စကားပြောလေ၏။ လူထု​ပရိသတ်တို့​သည် အံ့ဩ​၍ “အစ္စရေးလူမျိုး​တွင် ဤကဲ့သို့သော အဖြစ်အပျက်​ကို မည်သည့်​အခါမျှ မမြင်ခဲ့ဖူးပါ” ဟု ပြောဆိုကြ၏။


ထို​အဖြစ်အပျက်​ကို မြင်သော် လူထု​ပရိသတ်တို့​သည် အလွန်​ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သော​အခွင့်အာဏာ​ကို လူတို့​အား ပေးတော်မူ​သည့် ဘုရားသခင်​၏ ဂုဏ်တော်​ကိုလည်း ချီးမွမ်းကြ၏။


ထို​သူ​သည် ချက်ချင်း ထ​၍ ထမ်းစင်​ကို ယူ​ကာ လူထု​ကြားမှ ထွက်သွားလေ၏။ လူတို့​သည် အံ့အားသင့်​လျက် “ဤသို့သော​အဖြစ်အပျက်​မျိုး​ကို မည်သည့်​အခါမျှ မမြင်ဖူးပါ” ဟု ပြောဆို​ကာ ဘုရားသခင်​ကို ချီးမွမ်းကြ၏။


ထို​သူတို့​သည် အလွန်အမင်း အံ့အားသင့်​လျက် “ထို​အရှင်​ပြုသမျှ​သည် အံ့ဖွယ်​ဖြစ်၏။ နားမကြားသူ​ကို ကြားစေ​၍ ဆွံ့အသူ​ကို စကားပြောစေတော်မူပြီ” ဟု ဆိုကြ၏။


သင်​၏ လက်​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ဖြတ်ပစ်လော့။ လက်​အစုံ​နှင့် ထာဝရ​ငရဲမီး​ထဲသို့ ချခံရခြင်း​ထက် လက်တစ်ဖက်​နှင့် ထာဝရ​အသက်ရှင်ခွင့်​ရခြင်း​သည် ပို၍​ကောင်း၏။


သို့သော် သင်​သည် ပွဲ​ကျင်းပ​သောအခါ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ ခြေမသန်သူများ​နှင့် မျက်စိ​မမြင်သူများ​ကို ဖိတ်ခေါ်လော့။


အစေအပါး​သည်လည်း ပြန်လာ​၍ ထို​အကြောင်းအရာများ​ကို သခင်​ဖြစ်သူ​ထံ တင်ပြလေ၏။ ထိုအခါ သခင်​သည် အမျက်ထွက်​၍ ထို​အစေအပါး​အား ‘မြို့ထဲ​လမ်းမ၊ လမ်းသွယ်၊ လမ်းကြား​သို့ ချက်ချင်း​သွား​၍ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ မျက်စိမမြင်သူများ​နှင့် ခြေမသန်သူများ​ကို ခေါ်လော့’ ဟု စေခိုင်းပြန်၏။


ထို​သူ​သည် ချက်ချင်း မျက်စိ​ပြန်မြင်​သဖြင့် ဘုရားသခင်​ကို ချီးမွမ်း​လျက် ယေရှု​နောက်တော်​သို့ လိုက်လေ၏။ ထို​အဖြစ်အပျက်​ကို တွေ့မြင်သော​လူ​အားလုံးတို့​သည်လည်း ဘုရားသခင်​ကို ချီးမွမ်းကြ၏။


လူအပေါင်းတို့​သည်လည်း အံ့သြ​ထိတ်လန့်​၍ “ငါတို့​အထဲ​တွင် ထူဆန်းသော​ပရောဖက်​တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်​သည် မိမိ​လူမျိုး​အား အကူအညီ​ပေးတော်မူ​ရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်းကြ၏။


ထို့ကြောင့် သူတို့​သည် မျက်မမြင်​ဖြစ်ခဲ့ဖူးသူ​ကို ဒုတိယအကြိမ် ခေါ်​၍ “ဤ​အရာ​အတွက် ဘုရားသခင်​ရှေ့တော်​တွင် အမှန်​အတိုင်း ပြောလော့။ ထို​ယေရှု​သည် အပြစ်သား​ဖြစ်ကြောင်း ငါတို့​သိကြ၏” ဟု ဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ