လူနှစ်ဦး၊ သို့မဟုတ် သုံးဦးသည် ငါ့အမည်နာမကိုအမှီပြု၍ စုရုံးကြလျှင် ထိုနေရာတွင် ငါသည်သူတို့နှင့်အတူရှိသည်” ဟု မိန့်တော်မူ၏။
ရောမ 16:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့အိမ်၌ စုဝေးကြသည့် အသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ပထမဦးဆုံး ခရစ်တော်ကို ယုံကြည်လက်ခံသူဖြစ်သည့် ကျွန်ုပ်ချစ်သော ဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။ Common Language Bible သူတို့အိမ်၌စုဝေးဝတ်ပြုသည့်အသင်းတော်ကို လည်းငါနှုတ်ဆက်ကြောင်းပြောကြားကြလော့။ အာရှပြည်တွင်ပထမဆုံးခရစ်တော်ကိုယုံကြည် လက်ခံလာသူ ငါ၏ရင်းနှီးသောမိတ်ဆွေဧပဲနက် ကိုနှုတ်ဆက်ကြလော့။- Garrad Bible သူ တို့ အိမ် ရှိ အ သင်း တော် ကို လည်း နှုတ် ဆက် ကြ လော့။ ခ ရစ် တော့် အ ဘို့ အာ ရှိ ပြည် တွင် တ ပည့် ဦး ဖြစ် သော ငါ့ ချစ် ဆွေ ဧ ပဲ နက် ကို နှုတ် ဆက် ကြ လော့။ Judson Bible သူတို့အိမ်၌ရှိသော အသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဖို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ခရစ်တော်အတွက်အသီးဦးဖြစ်သူ ငါချစ်သောဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။ |
လူနှစ်ဦး၊ သို့မဟုတ် သုံးဦးသည် ငါ့အမည်နာမကိုအမှီပြု၍ စုရုံးကြလျှင် ထိုနေရာတွင် ငါသည်သူတို့နှင့်အတူရှိသည်” ဟု မိန့်တော်မူ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အား အာရှပြည်၌ နှုတ်ကပတ်တရားတော်ကိုဟောပြောရန် တားမြစ်သဖြင့် ဖြူဂိပြည်နှင့် ဂလာတိပြည်ကို ဖြတ်သွားကြ၏။
သို့သော် ဂါလျန်မင်းသည် အခါယပြည်၏မြို့ဝန်မင်းဖြစ်သောအခါ ဂျူးတို့သည် ပေါလုကို ပူးပေါင်းဆန့်ကျင်၍ တရားခွင်သို့ ခေါ်ဆောင်သွားကြ၏။
ထိုသူသည် အခါယပြည်သို့ သွားလိုသဖြင့် ယုံကြည်သူများက သူ့အား ခွန်းအားပေးလျက် ထိုပြည်၌ရှိသော တပည့်တော်တို့သည် သူ့ကို လက်ခံရန် အမှာစာပို့ကာ နိုးဆော်ကြ၏။ ထိုပြည်သို့ ရောက်လျှင် ကျေးဇူးတော်အားဖြင့် ယုံကြည်လာသူတို့အား များစွာအထောက်အပံ့ပေး၏။
ငါတို့တွင် ပါသိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊
အဦးသီးအဖြစ် ပူဇော်သည့် အနည်းငယ်သောမုန့်ညက်သည် သန့်ရှင်းလျှင် မုန့်ညက်တစ်ပုံလုံးသည် သန့်ရှင်းလိမ့်မည်။ သစ်ပင်၏ အမြစ်သည် သန့်ရှင်းလျှင် အကိုင်းအခက်များသည်လည်း သန့်ရှင်းလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်နှင့် အခါယပြည်ရှိ ယုံကြည်သောသူများက မိမိတို့၏ငွေများကို ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများထဲမှ ဆင်းရဲသောသူတို့အား စေတနာထက်သန်စွာ လှူဒါန်းလိုသောကြောင့် ဖြစ်၏။
သခင်ဘုရား၏ အမှုတော်ကို ကြိုးစားလုပ်ဆောင်ကြသည့် အမျိုးသမီးများဖြစ်သော တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ အလုပ်အလွန်ကြိုးစားသည့် ချစ်သော ပေရသိကိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။
သူတို့သည် ကျွန်ုပ်အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြ၏။ ကျွန်ုပ်တစ်ဦးတည်းသာမက လူမျိုးခြားအသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်ကြ၏။
ညီအစ်ကိုမောင်နှမတို့… သတေဖနာနှင့် သူ၏ အိမ်သူအိမ်သားတို့သည် ဂရိပြည်တွင် ပထမဆုံး ယုံကြည်သက်ဝင်လာကြသောသူများဖြစ်ပြီး ယုံကြည်သူများကို အစေခံရန် မိမိတို့ကိုယ်မိမိ ဆက်ကပ်ထားသူများဖြစ်ကြောင်း သင်တို့သိကြ၏။
အာရှပြည်ရှိ အသင်းတော်များသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ အာကုလနှင့် ပြစ်ကိလတို့မှစ၍ သူတို့အိမ်၌ စုဝေးကြသောအသင်းတော်သည် သခင်ဘုရားကို ထောက်၍ သင်တို့ကို လှိုက်လှဲစွာ နှုတ်ဆက်လိုက်ပါ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
လှူဒါန်းလိုသော သင်တို့၏စေတနာစိတ်ကို ကျွန်ုပ်သိ၏။ ထိုသို့စေတနာစိတ်ရှိကြောင်းကို မာကေဒေါနိပြည်သားတို့အား “အခါယပြည်၌ရှိသော ညီအစ်ကိုတို့သည် လွန်ခဲ့သောနှစ်ကတည်းကပင် လှူဒါန်းရန် အသင့်ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ကျွန်ုပ်ပြောပြထား၏။ ထိုအခါ သင်တို့၏ စေတနာစိတ်သည် သူတို့အားလုံးနီးနီးကို နှိုးဆော်စေခဲ့၏။
လောဒိကိမြို့၌ နေထိုင်သော ညီအစ်ကိုမောင်နှမတို့ကိုလည်းကောင်း၊ နုံဖနှင့် သူ၏ အိမ်၌ စုဝေးကြသောအသင်းသူအသင်းသားများကိုလည်းကောင်း ကျွန်ုပ်ကိုယ်စား နှုတ်ဆက်ပေးကြလော့။
ကျွန်ုပ်တို့၏နှမအပ္ပိ၊ ကျွန်ုပ်တို့၏ရဲဘော်ရဲဘက်အာခိပ္ပုနှင့်တကွ ဖိလေမုန်အိမ်၌ စုဝေးကြသောအသင်းသားများထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ဂါယုထံသို့ စာရေးလိုက်ပါ၏။
ဤလူတို့သည် အမျိုးသမီးများနှင့် မေထုန်အမှု မညစ်ညူးသည့် လူပျိုစင်များဖြစ်ပြီး သိုးသငယ်တော် သွားလေရာအရပ်သို့ လိုက်ပါသူများဖြစ်ကြ၏။ ထိုသူတို့သည် ဘုရားသခင်နှင့် သိုးသငယ်တော်အတွက် အဦးဆုံးသောအသီးကဲ့သို့ ပူဇော်ခံရရန် လူတို့ထဲမှ ရွေးနုတ်ကယ်တင်ခံထားရသောသူများလည်း ဖြစ်ကြ၏။