Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 16:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 အာရှပြည်​ရှိ အသင်းတော်များ​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ အာကုလ​နှင့် ပြစ်ကိလ​တို့​မှစ၍ သူတို့​အိမ်​၌ စုဝေးကြသော​အသင်းတော်​သည် သခင်ဘုရား​ကို ထောက်​၍ သင်တို့​ကို လှိုက်လှဲစွာ နှုတ်ဆက်လိုက်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 အာ​ရှ​ပြည်​အ​သင်း​တော်​များ​က​သင်​တို့​အား နှုတ်​ဆက်​ကြ​၏။ အာ​ကု​လ၊ ပြစ်​ကိ​လ​နှင့်​သူ​တို့ အိမ်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သည့်​အ​သင်း​ဝင် များ​က​လည်း သ​ခင်​ဘု​ရား​၏​နာ​မ​တော်​နှင့် နှုတ်​ဆက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 အာ ရှိ ပြည် ရှိ အ သင်း တော် တို့ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။ အာ ကု လ နှင့် ပြစ် ကိ လ တို့ က သူ တို့ အိမ် ရှိ အ စည်း အ ဝေး တော် နှင့် တ ကွ အ ရှင် ဘု ရား အား ဖြင့် သင် တို့ ကို များ စွာ နှုတ် ဆက် လိုက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အာ​ရှိ​ပြည်၌ အ​သင်း​တော်​များ​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​နှင့်​တ​ကွ၊ သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို များ​စွာ​နှုတ်​ဆက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 အာရှ​ပြည်​ရှိ​အသင်းတော်​များ​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။ အာကုလ​နှင့်​ပြစ်ကိလ​တို့​မှစ၍ သူ​တို့​အိမ်​၌​စုဝေး​သော​အသင်းတော်​သည် သခင်​ဘုရား​၌ သင်​တို့​ကို လှိုက်လှဲ​စွာ​နှုတ်ဆက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 16:19
13 ပူးပေါင်းရင်းမြစ်များ  

ထို​မြို့​၌ ပုန္တုပြည်သား၊ အာကုလ​ဟု​ခေါ်သော ဂျူး​တစ်ဦး​ကို တွေ့၏။ ကလောဒိမင်း​သည် ဂျူးလူမျိုး​အားလုံး​ကို ရောမ​မြို့​မှ ထွက်ခွာသွား​ရန် အမိန့်​ထုတ်ပြန်​သောကြောင့် ထို​သူ​သည် မကြာမီ​ကပင် အီတလီပြည်​မှ ဇနီး​ဖြစ်သူ ပြစ်ကိလ​နှင့် ရောက်လာခြင်း​ဖြစ်၏။ ပေါလု​သည် ထို​သူတို့​ကို တွေ့​ရန် သွား​၍


ထို​အသံ​က “သင်​မြင်သော​အရာ​ကို စာစောင်​တွင် ရေး​၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ​ရှိ အသင်းတော်​ခုနစ်ပါး​ထံသို့ ပေးပို့လော့” ဟု ဆို၏။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ တမန်တော်​ပေတရု​ဖြစ်၏။ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်၊ ဗိသုနိပြည်​တို့​တွင် ကွဲလွင့်​ပျံ့နှံ့​လျက် ဧည့်သည်များ​အဖြစ် နေထိုင်ကြသည့် ဘုရားသခင်​ရွေးချယ်တော်မူသော လူများ​ထံသို့ ကျွန်ုပ်​စာရေးလိုက်၏။


ကျွန်ုပ်တို့​၏​နှမ​အပ္ပိ၊ ကျွန်ုပ်တို့​၏​ရဲဘော်ရဲဘက်​အာခိပ္ပု​နှင့်တကွ ဖိလေမုန်​အိမ်​၌ စုဝေးကြသော​အသင်းသားများ​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။


ပြစ်ကိလ၊ အာကုလ​တို့​နှင့်အတူ ဩနေသိဖော်​၏ အိမ်သူအိမ်သားတို့​ကို နှုတ်ဆက်ပေးလော့။


လောဒိကိမြို့​၌ နေထိုင်သော ညီအစ်ကို​မောင်နှမတို့​ကို​လည်းကောင်း၊ နုံဖ​နှင့် သူ​၏ အိမ်​၌ စုဝေးကြသော​အသင်းသူ​အသင်းသားများ​ကို​လည်းကောင်း ကျွန်ုပ်​ကိုယ်စား နှုတ်ဆက်ပေးကြလော့။


ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရု​နှမ​နှင့် ဩလုမ္ပ​မှစ၍ သူတို့​နှင့်အတူ​ရှိသော ယုံကြည်သူ​အပေါင်းတို့​ကို နှုတ်ဆက်ပေးကြလော့။


ထိုသို့ နှစ်နှစ်​တိုင်တိုင် ဆွေးနွေး​ပြောဆို​ရာ အာရှပြည်​တွင် နေထိုင်ကြသော ဂျူးလူမျိုး​နှင့် ဂရိလူမျိုးများ​အားလုံးတို့​သည် သခင်ဘုရား​၏​နှုတ်ကပတ်​တရားတော်​ကို ကြားနာကြရ၏။


သူ​သည် ဂျူးဝတ်ပြုဆောင်​တွင် ရဲရင့်​စွာ​ဟောပြော၏။ ပြစ်ကိလ​နှင့် အာကုလ​တို့​သည် သူ​ဟောပြောသော​စကား​ကို ကြား​သောအခါ သူ့​အား အိမ်​သို့ ဖိတ်ခေါ်​လျက် ဘုရားသခင်​၏​တရားလမ်း​ကို ပိုမို​လေးနက်​စွာ ရှင်းပြကြ၏။


ပေါလု​သည် ကောရိန္သုမြို့​၌ ရက်ပေါင်း​များစွာ နေ​ပြီးနောက် ယုံကြည်သူတို့​အား နှုတ်ဆက်​ကာ ကင်ခြေမြို့​သို့ သွားလေ၏။ ပေါလု​သည် ယခင်က သစ္စာပြုထားခဲ့​သည် ဖြစ်​၍ ရွက်​မလွှင့်မီ ကင်ခြေမြို့​တွင် ဆံပင်ရိတ်လေ၏။ ထို့နောက် ပြစ်ကိလ၊ အာကုလ​တို့​နှင့်အတူ ဆီးရီးယားပြည်​သို့ ရွက်လွှင့်ကြ၏။


ငါတို့​တွင် ပါသိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊


သန့်ရှင်းသော​ဝိညာဉ်တော်​သည် သူတို့​အား အာရှပြည်​၌ နှုတ်ကပတ်​တရားတော်​ကို​ဟောပြော​ရန် တားမြစ်​သဖြင့် ဖြူဂိပြည်​နှင့် ဂလာတိပြည်​ကို ဖြတ်သွားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ