သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
မဿဲ 3:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖာရိရှဲများနှင့် ဇဒ္ဒုကဲတို့သည်လည်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်လာကြသည်ကို ယောဟန်မြင်သောအခါ “အို မြွေဆိုးအမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်၏ အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကို မည်သူက သတိပေးခဲ့သနည်း။ Common Language Bible ဖာရိရှဲနှင့်ဇဒ္ဒုကဲအမြောက်အမြားပင်ဗတ္တိဇံ မင်္ဂလာခံယူရန်လာကြသည်ကိုမြင်လျှင် ယောဟန် က ``အချင်းမြွေဆိုးတို့၊ သက်ရောက်လတ္တံ့သောဘုရား သခင်၏အမျက်တော်မှလွတ်မြောက်နိုင်သည်ဟု သင်တို့အားအဘယ်သူပြောသနည်း။- Garrad Bible ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ငှာ ဖာ ရိ ရှဲ နှင့် ဇ ဒ္ဒု ကဲ အ များ လာ ကြ သည် ကို မြင် သော် ယော ဟန် က အ ချင်း မြွေ ဆိုး သား တို့၊ ရောက် လတ္တံ့ သော အ မျက် တော် ဒဏ် မှ ရှောင် ပြေး ကြ ရန် မည် သူ သ တိ ပေး ခဲ့ သ နည်း။ Judson Bible ဖာရိရှဲနှင့် ဇဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာ လာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူ၏ဗတ္တိဇံကိုခံရန် များစွာသောဖာရိရှဲနှင့်ဇဒ္ဒုကဲတို့လာကြသည်ကိုမြင်လျှင် ယောဟန်က “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် မည်သူက သင်တို့ကို သတိပေးခဲ့သနည်း။ မြန်မာ ဖာရိရှဲနှင့် ဇဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာ လာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ |
သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ “ကိုယ်တော်မိန့်တော်မူသောစကားကို ကြားသောအခါ ဖာရိရှဲတို့သည် မကျေမနပ်ဖြစ်ကြသည်ကို သိတော်မူသလော” ဟု လျှောက်ကြ၏။
တစ်နေ့တွင် ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ယေရှုကို စမ်းသပ်လိုသဖြင့် ချဉ်းကပ်၍ ကောင်းကင်မှ နိမိတ်လက္ခဏာကိုပြရန် တောင်းဆိုကြ၏။
ထိုအခါ ဖာရိရှဲတို့သည် စုဝေးလျက် ယေရှုမိန့်တော်မူမည့် စကားတော်ထဲမှ အမှားကို ရှာ၍ ဖမ်းဆီးရန် တိုင်ပင်ကြ၏။
ထိုနေ့၌ပင် ဇဒ္ဒုကဲတို့သည် ယေရှုထံသို့ လာကြ၏။ ဇဒ္ဒုကဲတို့က သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိဟု ခံယူကြ၏။
ယေရှုက ဇဒ္ဒုကဲများကို နှုတ်ဆိတ်သွားစေတော်မူကြောင်း ဖာရိရှဲတို့ကြားလျှင် ကိုယ်တော်ထံသို့စုဝေးလာကြ၏။
မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
ထို့နောက် သူတို့သည် ကိုယ်တော်၏ စကားတော်ထဲတွင် ဖမ်းဆီးရနိုင်သည့် အမှားမျိုးကို ရှာရန် ဖာရိရှဲတချို့နှင့် ဟေရုဒ်ဘက်တော်သားများကို ကိုယ်တော်ထံသို့ စေလွှတ်ကြ၏။
ထို့နောက် ဇဒ္ဒုကဲတချို့သည် ယေရှုထံတော်သို့ ရောက်ရှိလာကြ၏။ ဇဒ္ဒုကဲတို့က သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိဟု ခံယူကြ၏။ သူတို့က ယေရှုအား
ကိုယ်တော်က “ဖာရိရှဲတို့၏ တဆေးနှင့် ဟေရုဒ်မင်း၏ တဆေးကိုသတိထားကြလော့” ဟု သတိပေးတော်မူ၏။
ဖာရိရှဲသည် တစ်ဦးတည်း ရပ်လျက် ‘ဘုရားသခင်… အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤအခွန်ကောက်သူကဲ့သို့ မဟုတ်သည့်အတွက်လည်း ကျေးဇူးတင်ပါ၏။
သို့သော်လည်း ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်တို့သည် မိမိတို့ကိုယ်ကျိုးအတွက် ဘုရားသခင်၏ အကြံအစည်တော်ကို ငြင်းပယ်၍ ယောဟန်ပေးသော နှစ်ခြင်းမင်္ဂလာကို မခံယူကြပေ။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
ယေရှုအနီး၌ ရှိနေသော ဖာရိရှဲတချို့က ထိုစကားတော်ကို ကြားသောအခါ “ငါတို့သည် မျက်မမြင်ဖြစ်ကြသလော” ဟု ဆိုကြ၏။
သို့သော် ဖာရိရှဲဂိုဏ်းဝင်ဖြစ်သော ယုံကြည်သူတချို့သည် ထ၍ “ထိုလူမျိုးခြားတို့အား အရေပြားလှီးခြင်းပြုပေးရမည်။ မောရှေ၏ပညတ်တရားကို လိုက်နာရန် ညွှန်ကြားရမည်” ဟု ပြောဆိုကြ၏။
ထို့ကြောင့် သတိနှင့်နေကြလော့။ ကျွန်ုပ်သည် သုံးနှစ်တာပတ်လုံး နေထိုင်ခဲ့သည်တွင် နေ့ညမပြတ် မျက်ရည်ကျလျက် သင်တို့အား တိုက်တွန်းနိုးဆော်ခဲ့သည်ကို သတိရကြလော့။
အကျွန်ုပ်သည် အကျွန်ုပ်တို့၏ဘာသာတွင် စည်းကမ်းအတင်းကျပ်ဆုံးသောဂိုဏ်းဖြစ်သည့် ဖာရိရှဲဂိုဏ်းဝင်တစ်ဦးအဖြစ် နေထိုင်ခဲ့ကြောင်း ထိုသူတို့သိထားကြသည်မှာ ကြာပြီဖြစ်၏။ သူတို့သည် ဆန္ဒရှိလျှင် ထိုအကြောင်းကို သက်သေခံနိုင်ပါ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်ဖြစ်သော ဇဒ္ဒုကဲများ၏ဂိုဏ်းဝင်တို့သည် မနာလိုစိတ်ရှိကြ၏။
ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။
ခရစ်တော်၏ အသွေးတော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကျွန်ုပ်တို့သည် ထိုခရစ်တော်အားဖြင့် ဘုရားသခင်၏ အမျက်တော်မှ ပို၍ပင် ကယ်တင်ခံရလိမ့်မည်။
ထို့ပြင် ကောင်းကင်းဘုံမှ ကြွလာမည့် သားတော်ကို သင်တို့မည်သို့ မျှော်လင့်ကြောင်းကိုလည်း သူတို့ပြောပြကြ၏။ ဘုရားသခင်သည် ထိုသားတော်ကို သေခြင်းမှ ထမြောက်စေတော်မူပြီး ထိုသားတော်သည် ကျရောက်လာမည့်ဘုရားသခင်၏ အမျက်တော်မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ယေရှုဖြစ်၏။
မမြင်ရသေးသောအဖြစ်အပျက်များကို ဘုရားသခင် ဖော်ပြတော်မူသောအခါ နောဧသည် ယုံကြည်သဖြင့် ကြောက်ရွံ့ရိုသေလျက် မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို ဆောက်လုပ်ခဲ့၏။ သူသည် မိမိ၏ယုံကြည်ခြင်းဖြင့် လောကီသားတို့၏ အပြစ်ကို စီရင်၍ ယုံကြည်ခြင်းကြောင့် ရရှိသော ဖြောင့်မတ်ခြင်းကို အမွေခံခဲ့၏။
ဘုရားသခင်သည် မည်သည့်အခါမျှ မုသားမပြောသောကြောင့် မပြောင်းလဲသောအရာနှစ်ခုဖြစ်သည့် ကတိပြုခြင်းနှင့် သစ္စာဆိုခြင်းတို့ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်ထံ ခိုလှုံရာရှာသော ကျွန်ုပ်တို့သည် ဘုရားသခင်ပေးသနားတော်မူသော မျှော်လင့်ချက်ကို စွဲမြဲစွာခံယူထားနိုင်ရန် အထူးယုံကြည်စိတ်ချကြ၏။
ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြား၍ သိနိုင်ကြ၏။ ဖြောင့်မတ်စွာ မပြုမူသောသူ၊ မိမိညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီးမဟုတ်။