Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 3:7 - မြန်မာ

7 ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​အ​များ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ၊ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ​အ​မြောက်​အ​မြား​ပင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ရန်​လာ​ကြ​သည်​ကို​မြင်​လျှင် ယော​ဟန် က ``အ​ချင်း​မြွေ​ဆိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​မှ​လွတ်​မြောက်​နိုင်​သည်​ဟု သင်​တို့​အား​အ​ဘယ်​သူ​ပြော​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ငှာ ဖာ ရိ ရှဲ နှင့် ဇ ဒ္ဒု ကဲ အ များ လာ ကြ သည် ကို မြင် သော် ယော ဟန် က အ ချင်း မြွေ ဆိုး သား တို့၊ ရောက် လတ္တံ့ သော အ မျက် တော် ဒဏ် မှ ရှောင် ပြေး ကြ ရန် မည် သူ သ တိ ပေး ခဲ့ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​အ​များ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ၊ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သို့သော် သူ​၏​ဗတ္တိဇံ​ကို​ခံ​ရန် များစွာ​သော​ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​လာ​ကြ​သည်​ကို​မြင်​လျှင် ယောဟန်​က “မြွေဆိုး​အမျိုး​တို့၊ ရောက်လာ​မည့်​အမျက်​တော်​မှ ထွက်ပြေး​ရန် မည်သူ​က သင်​တို့​ကို သတိပေး​ခဲ့​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ဖာရိရှဲများ​နှင့် ဇဒ္ဒုကဲတို့​သည်လည်း နှစ်ခြင်းမင်္ဂလာ​ခံယူ​ရန် ရောက်လာကြသည်​ကို ယောဟန်​မြင်​သောအခါ “အို မြွေဆိုး​အမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်​၏ အမျက်တော်​မှ ထွက်ပြေး​ရန် သင်တို့​ကို မည်သူ​က သတိပေးခဲ့သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 3:7
49 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရိ​ရှဲ​တို့​သည် ကြား​လျှင်၊ ဤ​သူ​သည် နတ်​ဆိုး​မင်း​ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍​သာ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။-


အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​အ​ဆိုး​ဖြစ်​လျက် ကောင်း​သော​စ​ကား​ကို အ​ဘယ်​သို့ ပြော​နိုင်​မည်​နည်း။ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။-


တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ယ​ခု​မိန့်​တော်​မူ​သော စ​ကား​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​သော​အ​ခါ စေ​တ​နာ​စိတ်​ပျက်​ကြ​သည်​ကို သိ​တော်​မူ​သ​လော​ဟု လျှောက်​ကြ၏။-


ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ ချဉ်း​ကပ်၍၊ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-


ယေ​ရှု​က​လည်း၊ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏​တ​ဆေး​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ၏။-


ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်​သွား​ပြီး​လျှင်၊ ငါ​တို့​သည် သူ၏​စ​ကား​ကို ချောင်း​မြောင်း၍ အ​ပြစ်​ပြု​ခွင့်​ကို အ​ဘယ်​သို့​ရ​နိုင်​သ​နည်း​ဟု မေး​မြန်း​တိုင်​ပင်​ပြီး​မှ၊-


ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟူ၍ အ​ယူ​ရှိ​သော ဇ​ဒ္ဒု​ကဲ​တို့​သည် ထို​နေ့၌ အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊-


ဇ​ဒ္ဒု​ကဲ​တို့၏ စ​ကား​ကို ချေ​တော်​မူ​ကြောင်း​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင် စု​ဝေး​ကြ၍၊-


မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် အ​ပြစ်​င​ရဲ​မှ အ​ဘယ်​သို့ လွတ်​နိုင်​ကြ​မည်​နည်း။


ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ ကြီး​သော​သူ ဖြစ်​လိမ့်​မည်။ သင်​တို့​ကျင့်​သော​အ​ကျင့်​သည် ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့ ကျင့်​သော​အ​ကျင့်​ထက် မ​လွန်​မ​သာ​လျှင်၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ကြ​ဟု ငါ​အ​မှန်​ဆို၏။-


တစ်​ဖန် စ​ကား​တော်​ကို ချောင်း​မြောင်း၍ အ​ပြစ်​ပြု​ခွင့်​ကို​ရ​ခြင်း​ငှာ ဖာ​ရိ​ရှဲ​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​အ​ချို့​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။-


ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟူ၍ အ​ယူ​ရှိ​သော ဇ​ဒ္ဒု​ကဲ​တို့​သည်​လည်း အ​ထံ​တော်​သို့ ချည်း​ကပ်၍၊-


ကိုယ်​တော်​က​လည်း၊ ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို​လည်း​ကောင်း၊ ဟေ​ရုဒ်၏ တ​ဆေး​ကို​လည်း​ကောင်း၊ သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု ပ​ညတ်​တော်​မူ၏။-


ငွေ​ကို တပ်​မက်​သော ဖာ​ရိ​ရှဲ​တို့​သည် ထို​စ​ကား​များ​ကို ကြား​လျှင်၊ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-


ဖာ​ရိ​ရှဲ​သည် တစ်​ယောက်​တည်း​ရပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ သူ​တစ်​ပါး​တို့​သည် အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း အ​ပြစ်​ရှိ​သ​ကဲ့​သို့ အ​ကျွန်ုပ်၌​မ​ရှိ​သည်​သာ​မ​က၊ ဤ​အ​ခွန်​ခံ​ကဲ့​သို့​ပင် မ​ဟုတ်​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပေ၏။-


ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​မူ​ကား၊ သူ​တို့​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ပယ်၍ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို မ​ခံ​ဘဲ​နေ​ကြ၏။


အ​စေ​ခံ​သော​သူ​တို့​ကား၊ ဖာ​ရိ​ရှဲ​ဖြစ်​ကြ​သ​တည်း။-


သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။-


အ​ထံ​တော်၌​ရှိ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​တို့​သည် မျက်​စိ​ကန်း​သ​လော​ဟု မေး​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ