ဒါဝိဒ်ကလည်း “ထာဝရဘုရား ဘိသိက်ပေးထားသောသူအား သင် ကိုယ်ထိလက်ရောက်သတ်ပစ်သည်ကို သင်မကြောက်သလော”ဟု သူ့အား ဆိုပြီး
၁ ရာ 10:1 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။ Common Language Bible ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။- Garrad Bible ရှ မွေ လ သည် ဆီ ဘူး ကို ယူ၍ ဦး ခေါင်း ပေါ်၌ သွန်း လောင်း လျက် နမ်း ရှုပ် ပြီး မှ ပိုင် တော် မူ ရာ လူ မျိုး အ ပေါ် တွင် မင်း အ ဖြစ် ထာ ဝ ရ ဘု ရား ဘိ သိက် ပေး တော် မူ သည် မ ဟုတ် တုံ လော။ Judson Bible ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာလောင်းလေ၏။ တစ်ဖန်သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကိုပေးတော်မူ၏။ |
ဒါဝိဒ်ကလည်း “ထာဝရဘုရား ဘိသိက်ပေးထားသောသူအား သင် ကိုယ်ထိလက်ရောက်သတ်ပစ်သည်ကို သင်မကြောက်သလော”ဟု သူ့အား ဆိုပြီး
ထို့နောက် လူအားလုံး ဂျော်ဒန်မြစ်ကို ဖြတ်ကူးကြ၏။ ရှင်ဘုရင်သည် ဗာဇိလဲကို နမ်း၍ကောင်းချီးပေးပြီးမှ ကူးသွား၏။ ဗာဇိလဲသည်လည်း မိမိနေရပ်သို့ ပြန်သွားလေ၏။
အကျွန်ုပ်သည် ငြိမ်းချမ်းစွာနေလိုသော၊ သစ္စာရှိသောအစ္စရေးလူမျိုးတစ်ဦး ဖြစ်ပါ၏။ အရှင်သည် အစ္စရေးလူမျိုးတို့၏မိခင်မြို့ကို အဘယ်ကြောင့်ဖျက်ဆီးရန်ကြိုးစားနေသနည်း။ အဘယ်ကြောင့် ထာဝရဘုရား၏အမွေတော်ကို ဝါးမျိုလိုသနည်း”ဟု ဆို၏။
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
ထိုမြို့တွင် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် သူ့ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးရမည်။ ပြီးမှ တံပိုးမှုတ်လျက် ‘ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြရမည်။
အစ္စရေးလူမျိုးတွင် ဗာလရှေ့၌ ဒူးမထောက်သောသူ၊ နှုတ်ဖြင့်မနမ်းသောသူ လူပေါင်းခုနစ်ထောင်ကို ငါကျန်ရစ်စေပြီ”ဟု မိန့်တော်မူ၏။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
ထိုအခါ ပရောဖက်ဧလိရှဲသည် ပရောဖက်အဖွဲ့သားထဲမှ တစ်ပါးကို ခေါ်၍ “သင်၏ခါးကိုစည်းလော့။ ဆီဘူးကိုယူပြီးလျှင် ရာမုတ်ဂိလဒ်မြို့သို့ သွားလော့။
သူတို့ကလည်း “မလိမ်ညာပါနှင့်။ ငါတို့ကို ပြောပြပါ”ဟုဆိုသဖြင့် ယေဟုက “ထိုသူသည် အကျွန်ုပ်အား ထာဝရဘုရားက ‘ငါသည် သင့်ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် ဘိသိက်ပေးပြီ’ဟု မိန့်တော်မူကြောင်း ဤသို့ဤပုံပြောဆိုပါသည်”ဟု ပြန်ပြော၏။
အကယ်စင်စစ် ထာဝရဘုရားသည် ယာကုပ်ကို မိမိအတွက်လည်းကောင်း၊ အစ္စရေးကို မိမိ၏ဘဏ္ဍာအဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။
သားတော်ကိုနမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်သဖြင့် သင်တို့သည် လမ်း၌ပျက်စီးကြရလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်၏အမျက်တော်မီးသည် တစ်ခဏချင်းတွင်တောက်လောင်လိမ့်မည်။ ကိုယ်တော်ကိုခိုလှုံသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
သားငယ်ရှိသောသိုးမများကိုထိန်းကျောင်းရာမှ မိမိ၏လူမျိုးတော်ဖြစ်သောယာကုပ်၊ မိမိ၏အမွေတော်ဖြစ်သောအစ္စရေးကို ထိန်းကျောင်းစေရန် သူ့ကိုခေါ်ဆောင်လာတော်မူ၏။
“သင်သည် အကောင်းစားအမွှေးနံ့သာများကို သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ မုရန်အရည် ငါးရာရှယ်ကယ်၊ မွှေးကြိုင်သောသစ်ကြံပိုး နှစ်ရာ့ငါးဆယ်ရှယ်ကယ်၊ မွှေးကြိုင်သောခါနဲ နှစ်ရာ့ငါးဆယ်ရှယ်ကယ်၊
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ အစ္စရေးလူမျိုးသည် ကိုယ်တော်၏အမွေတော်အမျိုးအနွယ်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
ဤသို့ဖြင့် သင်သည် ရွှေငွေကို ဆင်ယင်ရ၏။ ပိတ်ချောထည်၊ ပိုးထည်၊ ဇာပန်းထိုးထည်တို့ကို ဝတ်ဆင်ရ၏။ အကောင်းဆုံးဂျုံမှုန့်၊ ပျားရည်၊ သံလွင်ဆီတို့ကိုစားသုံးရ၏။ သင်သည် လှသွေးကြွယ်ပြီး ဘုရင်မတစ်ဆူသဖွယ် ဖြစ်လာ၏။
သူတို့သည် အပြစ်ကို အထပ်ထပ်ကျူးလွန်ကြ၏။ သူတို့ကိုယ်ပိုင်ဉာဏ်ဖြင့် သူတို့အဖို့ ငွေရုပ်တုကို လုပ်ကြ၏။ ထိုရုပ်တုအားလုံးသည် လက်မှုပညာသည်တို့၏လက်ရာသက်သက်သာ ဖြစ်၏။ ထိုသူတို့က “ယဇ်ပူဇော်သောလူတို့သည် နွားသငယ်ရုပ်တုကိုနမ်းကြစေ”ဟု ဆိုကြ၏။
ထိုမှတစ်ဖန် သူတို့သည် ဘုရင်ကိုတောင်းကြသဖြင့် ဘုရားသခင်သည် ဗင်္ယာမိန်အနွယ်မှ ကိရှ၏သားရှောလုကို အနှစ်လေးဆယ်တိုင်တိုင် သူတို့အား ပေးတော်မူ၏။
ထာဝရဘုရား၏ဝေစုကား မိမိလူမျိုးတော်ဖြစ်၏။ ကိုယ်တော်၏အမွေဝေစုကား ယာကုပ်ဖြစ်၏။
အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။
ထိုသို့ စာလိပ်ကိုယူလိုက်သောအခါ သတ္တဝါလေးပါးတို့နှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် စောင်းများကိုလည်းကောင်း၊ သန့်ရှင်းသူတို့၏ဆုတောင်းချက်များဖြစ်ကြသော နံ့သာပေါင်းနှင့်ပြည့်နေသည့် ရွှေဖလားများကိုလည်းကောင်း အသီးသီးကိုင်ဆောင်လျက် သိုးသငယ်တော်ရှေ့၌ ပျပ်ဝပ်ကြ၏။
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။
ယခုမှာ သင့်အား ထာဝရဘုရား မိန့်မှာထားသည့်အတိုင်း သင်မစောင့်ထိန်းသောကြောင့် သင်၏နိုင်ငံ တည်မြဲမည်မဟုတ်။ ထာဝရဘုရားသည် မိမိစိတ်နှင့်တွေ့သောသူကို ရှာတော်မူပြီ။ ထာဝရဘုရားသည် ထိုသူအား မိမိလူမျိုးတော်ကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူလိမ့်မည်”ဟု ဆို၏။
ထို့နောက်မှ ရှမွေလက ရှောလုမင်းကြီးအား “ထာဝရဘုရားသည် မိမိလူမျိုးတော်အစ္စရေးတို့၏ဘုရင်အဖြစ် သင့်ကို ဘိသိက်ပေးရန် ငါ့အား စေလွှတ်တော်မူခဲ့၏။ ယခု ထာဝရဘုရား၏အမိန့်စကားကို နားထောင်လော့။
ရှမွေလက “သင်သည် သင့်ကိုယ်သင် သေးသိမ်သောသူဟု ထင်မှတ်သော်လည်း အစ္စရေးအမျိုးအနွယ်တို့၏အကြီးအမှူး ဖြစ်လာသည်မဟုတ်လော။ ထာဝရဘုရားသည် သင့်ကို အစ္စရေးလူမျိုး၏ရှင်ဘုရင်အဖြစ် ဘိသိက်ပေးတော်မူ၏။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။
ထာဝရဘုရားကို ဆန့်ကျင်ဖက်ပြိုင်သောသူတို့သည် ကျိုးပဲ့ကြေမွရလိမ့်မည်။ ကိုယ်တော်သည် သူတို့အပေါ် ကောင်းကင်မှမိုးကြိုး ကျစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် စစ်ကြောစီရင်တော်မူမည်။ မိမိရှင်ဘုရင်အား အစွမ်းသတ္တိကိုပေးတော်မူမည်။ မိမိဘိသိက်ပေးထားသောသူ၏ဦးချိုကို ချီးမြှောက်တော်မူလိမ့်မည်”ဟု ချီးမွမ်းဆုတောင်းလေ၏။
ထို့ကြောင့် သူ့နောက်လိုက်တို့အား “ထာဝရဘုရား ဘိသိက်ပေးတော်မူသော ငါ့သခင်ကို ကိုယ်ထိလက်ရောက်ပြုခြင်းမှ ထာဝရဘုရားသည် ငါ့ကို ဆီးတားတော်မူပါစေသော။ အကြောင်းမူကား ထိုသခင်သည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏”ဟု ဆို၏။
ထာဝရဘုရား ဘိသိက်ပေးထားသောသူကို ကိုယ်ထိလက်ရောက်ပြုမိသည့်အပြစ်မှ ထာဝရဘုရားသည် ငါနှင့်ဝေးစေပါစေသော။ ယခု သူ့ခေါင်းရင်းရှိ လှံနှင့် သူ့ရေဘူးကို ယူပြီး ငါတို့ သွားကြစို့”ဟု ဆို၏။
သို့သော် ဒါဝိဒ်က အဘိရှဲအား “သူ့ကို မသတ်နှင့်။ ထာဝရဘုရား ဘိသိက်ပေးထားသောသူကို ကိုယ်ထိလက်ရောက်ပြုသောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော”ဟု ဆို၏။
သို့သော် သူတို့သည် ရှမွေလစကားကို နားမထောင်ဘဲ “ထိုသို့မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ အကျွန်ုပ်တို့ကိုအုပ်စိုးသောရှင်ဘုရင် ရှိရမည်။
ယခု သူတို့စကားကို နားထောင်လော့။ သို့သော် သူတို့ကို အုပ်စိုးမည့်ရှင်ဘုရင်သည် သူတို့အပေါ် မည်သို့စီရင်အုပ်ချုပ်မည်ကို သူတို့အား ကြပ်ကြပ်သတိပေးပြောပြလော့”ဟု မိန့်တော်မူ၏။
“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။
သူတို့သည် မြို့စွန်သို့ဆင်းသွားစဉ် ရှမွေလက ရှောလုအား “သင့်ငယ်သားကို ရှေ့မှသွားနှင့်စေပါ”ဟု ဆိုသဖြင့် ငယ်သားလည်း သွားနှင့်လေ၏။ ထိုအခါ ရှမွေလက “သင်မူကား ဤနေရာ၌ ခဏရပ်နေလော့။ ဘုရားသခင်၏စကားတော်ကို သင့်အား ငါပြောပြမည်”ဟု ဆို၏။