Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 5:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ယခင် အကျွန်ုပ်​တို့​ကို ရှောလု​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ကပင် အရှင်​သည် အစ္စရေး​လူမျိုး​ကို ဦးဆောင်ဦးရွက်​ပြု​ပေး​ခဲ့​သူ ဖြစ်​ပါ​၏​။ ထာဝရဘုရား​က​လည်း အရှင့်​အား ‘​သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို ကြည့်ရှု​စောင်မ​ရ​မည်​၊ အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​ရ​မည်​’​ဟူ၍ မိန့်ဆို​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 အ​တိတ်​ကာ​လ​၌​ရှော​လု​ဘု​ရင်​ဖြစ်​စဉ်​အ​ခါ က​အ​ရှင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​၍​စစ်​ပွဲ​ဝင်​ခဲ့ ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း`သင်​သည်​ငါ ၏​လူ​မျိုး​တော်​ကို​ခေါင်း​ဆောင်​ရ​မည်။ သူ​တို့​၏ ဘု​ရင်​ဖြစ်​ရ​မည်' ဟု​အ​ရှင့်​အား​မိန့်​တော်​မူ ခဲ့​ပါ​၏'' ဟု​လျှောက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ယ မန် ကျွန် တော် တို့ အ ပေါ် တွင် အုပ် စိုး သော ရှော လု မင်း လက် ထက်၊ ဣ သ ရေ လ လူ မျိုး တို့ စစ် ဝင် စစ် ထွက် မှု ကို စီ မံ သူ ကား၊ အ ရှင် ပေ တည်း။ ထာ ဝ ရ ဘု ရား က လည်း၊ သင် သည် ဣ သ ရေ လ လူ မျိုး တော် ကို ထိန်း ကျောင်း ရ လျက်၊ ထို လူ မျိုး အ ပေါ် တွင် မင်း ပြု ရ မည် ဟူ၍ မိန့် တော် မူ ခဲ့ ကြောင်း တင် လျှောက် ကြ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ထက်​က ရှော​လု​သည် ကျွန်​တော်​တို့၌ ရှင်​ဘု​ရင်​ဖြစ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဆောင်​သွား​လျက်၊ သွင်း​ပြန်​လျက် နေ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည်​ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို လုပ်​ကျွေး​အုပ်​စိုး​ရ​မည်​ဟု ကိုယ်​တော်​အား မိန့်​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 5:2
27 ပူးပေါင်းရင်းမြစ်များ  

သို့သော် ယာကုပ်​၏​တန်ခိုးကြီး​သော​အရှင်​၏​လက်​တော်​အားဖြင့်​၊ အစ္စရေး​၏​ကျောက်​တည်းဟူသော​သိုးထိန်း​အားဖြင့် သူ​၏​လေး​သည် တည်ငြိမ်​၍ သူ​၏​လက်မောင်း​တို့​သည် သန်မာ​လျက်​ရှိ​၏​။


ဒါဝိဒ်​မင်းကြီး​က​လည်း မိခါလ​အား “​ထာဝရဘုရား​ရှေ့​တော်​တွင် ငါ ကခုန်​ခြင်း​ဖြစ်​၏​။ ထာဝရဘုရား​၏​လူမျိုး​တော်​အစ္စရေး​တို့​အား အုပ်စိုး​မည့်​သူ​ကို သင့်​ဖခင်​နှင့် သင့်​ဖခင်​၏​အိမ်သူအိမ်သား​အပေါင်း​တို့​ထဲမှ​မ​ရွေးကောက်​ဘဲ ငါ့​ကို ရွေးကောက်​ခန့်ထား​တော်မူ​သော ထာဝရဘုရား​ရှေ့​တော်​တွင် ငါ​ပျော်မြူး​မည်​။


အစ္စရေး​အမျိုးသား​အပေါင်း​တို့​နှင့် လှည့်လည်​သွားလာ​လေရာရာ​၌ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို​အုပ်ထိန်း​ရန် ငါ​ခန့်အပ်​ထား​သော​အစ္စရေး​အမျိုးအနွယ်​တစ်ဦးဦး​အား အဘယ်ကြောင့် ငါ့​အဖို့ သစ်ကတိုးသား​အိမ် မ​ဆောက်ပေး​သနည်း​’​ဟု ငါ​တစ်ခွန်း​မျှ​မိန့်ဆို​ဖူး​သလော​။


ယခု ငါ့​အစေအပါး​ဒါဝိဒ်​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ငါ​သည် သင့်​ကို သိုးထိန်းကျောင်း​ရာ​စားကျက်မြေ​မှ ခေါ်ယူ​ပြီး ငါ့​လူမျိုး​တော်​အစ္စရေး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​ပြီ​။


“​ငါ့​လူမျိုး​တော်​ကို အုပ်ချုပ်​သော​ဟေဇကိ​မင်းကြီး​ထံသို့ ပြန်သွား​ပြီးလျှင် သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင့်​ဆုတောင်းသံ​ကို ငါ​ကြား​ပြီ​။ သင့်​မျက်ရည်​ကို ငါ​မြင်​ပြီ​။ သင့်​ကို ငါ​ပြန်လည်​ကျန်းမာ​လာ​စေ​မည်​။ သုံး​ရက်​မြောက်​လျှင် သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ တက်သွား​နိုင်​လိမ့်မည်​။


ယခင် ရှောလု​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ကပင် အရှင်​သည် အစ္စရေး​လူမျိုး​ကို ဦးဆောင်ဦးရွက်​ပြု​ပေး​ခဲ့​သူ ဖြစ်​ပါ​၏​။ ထာဝရဘုရား​က​လည်း အရှင့်​အား ‘​သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို ကြည့်ရှု​စောင်မ​ရ​မည်​၊ အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​ရ​မည်’​ဟူ၍ မိန့်ဆို​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။


ဤ​များပြား​လှ​သော​ကိုယ်တော်​၏​လူမျိုး​တော်​ကို မည်သူ​အုပ်ချုပ်​နိုင်​ပါ​မည်နည်း​။ ထို့ကြောင့် ဤ​လူမျိုး​တို့​ကို ဦးဆောင်​သွားလာ​လေရာရာ​တွင် လိုအပ်​သော​ဉာဏ်ပညာ​၊ အသိတရား​များ​ကို အကျွန်ုပ်​အား ပေး​တော်မူ​ပါ​”​ဟု တောင်းလျှောက်​၏​။


ကိုယ်တော်​သည် သိုးထိန်း​ကဲ့သို့ သိုးစု​ကို ထိန်းကျောင်း​တော်မူ​မည်​။ သိုးသငယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​စုစည်း​၍ ရင်ခွင်​၌​ပွေ့ပိုက်​တော်မူ​မည်​။ သားငယ်​ရှိ​သော​သိုးမ​တို့​ကို​လည်း ညင်ညင်သာသာ​ပို့ဆောင်​တော်မူ​မည်​။


ငါ​သည် သူ့​ကို​လူမျိုးတကာ​တို့​အတွက်​သက်သေ​၊ လူမျိုးတကာ​တို့​အတွက် အုပ်ချုပ်သူမင်း​၊ တရားမင်း​ဖြစ်​စေ​မည်​။


သူ​တို့​ကို​ထိန်းကျောင်း​ရန် သိုးထိန်း​တစ်​ဦး​အဖြစ် ငါ့​အစေအပါး​ဒါဝိဒ်​ကို ငါ​ခန့်ထား​မည်​။ သူ​သည် သိုးထိန်း​တစ်​ဦး​အဖြစ် သိုး​တို့​ကို ထိန်းကျောင်း​ပေး​လိမ့်မည်​။


သူ​သည် ထာဝရဘုရား​၏​အစွမ်း​၊ သူ​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တန်ခိုး​၌ ရပ်တည်​၍ မိမိ​သိုး​တို့​ကို​ထိန်းကျောင်း​လိမ့်မည်​။ သူ​သည် ယခု​မှစ၍ မြေကြီး​ဆုံး​တိုင်အောင်​ကြီးမြတ်​မည်​ဖြစ်၍ သိုး​တို့​သည်​လည်း လုံခြုံ​စွာ​နေ​ရ​ကြ​လိမ့်မည်​။


ထာဝရဘုရား​၏​လူထု​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​မ​ဖြစ်​မည့်​အကြောင်း ထို​သူ​သည် လူထု​ရှေ့​၌ ထွက်​ဝင်​နိုင်​သော​သူ​၊ ထို​သူ​တို့​ကို လမ်းပြ​ပို့ဆောင်​ပေး​နိုင်​သော​သူ ဖြစ်​ပါစေသော​”​ဟု တောင်းလျှောက်​လေ​၏​။


‘အို ယုဒ​ပြည်၊ ဗက်လင်​မြို့၊ သင်​သည် ယုဒ​ပြည်​ကို​အုပ်ချုပ်​သော​မြို့​တို့​တွင် အသေးသိမ်ဆုံး​မ​ဟုတ်။ အကြောင်းမူကား ငါ​၏​လူမျိုး​တော်​အစ္စရေး​ကို အုပ်ထိန်း​မည့်​ခေါင်းဆောင်​တစ်ဦး​သည် သင့်​အထဲမှ​ပေါ်ထွန်း​လိမ့်မည်’​ဟူ၍ ပရောဖက်​က ရေး​ထား​သောကြောင့်​ဖြစ်​သည်”​ဟု လျှောက်​ထား​ကြ​၏။


ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ကောင်းမြတ်​သော​သိုးထိန်း​သည် သိုး​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တတ်​၏။


အကြောင်းမူကား ခပ်သိမ်း​သော​အရာ​တို့​၏​အကြောင်းခံ​နှင့် ခပ်သိမ်း​သော​အရာ​တို့​၏​အရင်း​အမြစ်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် များစွာ​သော​သား​တို့​ကို ဘုန်း​အသရေ​တော်​ထဲသို့​ခေါ်ဆောင်​လာ​ရာ​၌ သူ​တို့​၏​ကယ်တင်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​သော​အရှင်​အား ဒုက္ခ​ဝေဒနာ​အားဖြင့် စုံလင်​စေ​တော်မူ​သည်​မှာ သင့်လျော်​ပေ​၏။


ယခုမှာ သင့်​အား ထာဝရဘုရား မိန့်မှာ​ထား​သည့်​အတိုင်း သင်​မ​စောင့်ထိန်း​သောကြောင့် သင်​၏​နိုင်ငံ တည်မြဲ​မည်​မ​ဟုတ်​။ ထာဝရဘုရား​သည် မိမိ​စိတ်​နှင့်​တွေ့​သော​သူ​ကို ရှာ​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ထို​သူ​အား မိမိ​လူမျိုး​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။


တစ်ဖန် ထာဝရဘုရား​က ရှမွေလ​အား “​ရှောလု​အဖို့ မည်သည့်​အချိန်​ထိ သင် ငိုကြွေးမြည်တမ်း​နေ​မည်နည်း​။ သူ့​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ်​မှ ငါ ပယ်​လိုက်​ပြီ​။ သင့်​ဦးချို​ဆီဘူး​ကို ဆီ​ဖြည့်​၍​သွား​လော့​။ ဗက်လင်​မြို့သား ယေရှဲ​ထံသို့ သင့်​ကို ငါ​စေလွှတ်​မည်​။ ငါ့​အဖို့ ရှင်ဘုရင်​တစ်ပါး​ကို သူ​၏​သား​များ​ထဲမှာ ငါ​တွေ့​ထား​ပြီ”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို လူ​တစ်ထောင်အုပ်​အဖြစ်​ခန့်အပ်​ပြီး အထံ​တော်​မှ​ရွှေ့ပြောင်း​ပစ်​၏​။ ဒါဝိဒ်​သည်​လည်း စစ်သည်​တို့​ကို ဦးဆောင်​ရ​၏​။


သို့သော် အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​သည် စစ်ချီ​ရာ​တွင် သူ​တို့​ကို ဦးဆောင်​ပေး​သော​ဒါဝိဒ်​ကို ချစ်​ကြ​၏​။


ဒါဝိဒ်​သည် ရှောလု​မင်းကြီး​စေခိုင်း​သမျှ​တို့​၌ အောင်မြင်​စွာ​လုပ်ဆောင်​နိုင်​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​အား စစ်သူရဲအုပ်​အရာ​၌​ခန့်ထား​ရာ စစ်သည်​အပေါင်း​တို့​သာမက ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​လည်း သူ့​ကို နှစ်သက်​သဘောကျ​ကြ​၏​။


သခင့်​ကျွန်မ​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။ သခင်​သည် ထာဝရဘုရား​အဖို့ စစ်တိုက်​သော​သူ​ဖြစ်​ပါ​၏​။ သခင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သခင်​၌ မည်သည့်​မကောင်းမှု​ကို​မျှ မ​တွေ့​ရ​ပါ​။ သို့ဖြစ်၍​ထာဝရဘုရား​သည် အကျွန်ုပ်​သခင်​၏​အမျိုးအနွယ်​ကို တည်မြဲ​စေ​တော်မူ​ပါစေသော​။


ထာဝရဘုရား​သည် အကျွန်ုပ်​သခင့်​အဖို့ မိန့်​တော်မူ​ခဲ့​သော​ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​သည် အမှန်​ဖြစ်လာ​ပါစေသော​။ သခင့်​အား အစ္စရေး​လူမျိုး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​ပါစေသော​။


“​မနက်ဖြန် ယခုလို​အချိန်​တွင် ဗင်္ယာမိန်​ပြည်သား​တစ်​ယောက်​ကို သင့်​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​၏​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်သူမင်း​အဖြစ် သူ့​ကို သင်​ဘိသိက်ပေး​ရ​မည်​။ သူ​သည် ငါ့​လူမျိုး​တော်​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်တင်​လိမ့်မည်​။ သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်လာ​သည်​ဖြစ်၍ ငါ​၏​လူမျိုး​တော်​တို့​ကို ငါ​ကြည့်ရှု​ပြီ​”​ဟု ကြားသိ​စေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ