ဟေဗြဲ 2:10 - မြန်မာ့စံမီသမ္မာကျမ်း10 အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်တော်မူသောဘုရား သခင်သည် မိမိ၏သားအမြောက်အမြား တို့အားဘုန်းအသရေတော်ဝင်စားခွင့်ပေး တော်မူနိုင်ရန် ဆင်းရဲဒုက္ခကိုခံစေခြင်းအား ဖြင့် သခင်ယေရှုအားပြည့်ဝစုံလင်စေတော် မူ၏။ ဤသို့ဘုရားသခင်ပြုတော်မူသည်မှာ လျော်ကန်သင့်မြတ်လှပေသည်။ အဘယ် ကြောင့်ဆိုသော်ကယ်တင်ခြင်းရရှိကြစေ ရန် ထိုသူတို့အားပို့ဆောင်သူမှာသခင် ယေရှုပင်ဖြစ်သောကြောင့်တည်း။ အခန်းကိုကြည့်ပါ။Garrad Bible10 အ ရာ ခပ် သိမ်း၏ အ ကြောင်း ရင်း နှင့် ပန်း တုံး တိုင် ဖြစ် သော ဘု ရား သ ခင် သည် အ များ သော သား တို့ ကို ဘုန်း ဝင် စား စေ တော် မူ သည် တွင် သူ တို့ ကယ် တင် ပိုင် ရှင် ကို ဒု က္ခ များ ဖြင့် စုံ လင် စေ တော် မူ သည် မှာ သင့် လျော် ပေ၏။ အခန်းကိုကြည့်ပါ။Judson Bible10 အကြောင်းမူကား၊ များစွာသော သားတို့ကိုကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သောအရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားသမီးများစွာကို ဘုန်းစည်းစိမ်ခံစားရာသို့ ခေါ်ဆောင်လိုသောကြောင့် ထိုသူတို့ကို ကယ်တင်ရန် ယေရှုအား ဆင်းရဲဒုက္ခခံစားစေခြင်းအားဖြင့် ပြီးပြည့်စုံသောကယ်တင်ရှင်ဖြစ်စေသည်မှာ သင့်လျော်ပေ၏။ အခန်းကိုကြည့်ပါ။ |
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
ထိုအခါ သူတို့ပြုစုသောအရာတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အားဖွင့်ပြတော်မူ၏။ ယခု ထိုအရာတို့သည် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သောသတင်းကိုဟောပြောသောသူများမှတစ်ဆင့် သင်တို့ထံ ဖော်ပြခြင်းခံရပြီ။ ကောင်းကင်တမန်တို့ပင်လျှင် ထိုအရာတို့ကိုကြည့်ရှုရန် အလွန်အလိုရှိကြ၏။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။