သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
လုကာ 2:34 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။ Common Language Bible ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊- Garrad Bible သူ တို့ ကို ကောင်း ကြီး ပေး ပြီး လျှင် မယ် တော် မာ ရိ အား ရှု မောင် က၊ နား ထောင် လော့။ ဤ သူ ငယ် တော် သည် ဣ သ ရေ လ လူ မျိုး တွင် အ များ တို့ လဲ ကျ စေ ရာ၊ အ များ တို့ ထ မြောက် စေ ရာ အ ဖြစ် ငြင်း ပယ် ကြ မည့် နိ မိတ် လ က္ခ ဏာ အ ဖြစ် ထား သူ နေ သည့် အ လျောက်၊ Judson Bible ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူအများ လဲမည်အကြောင်း၊ အများ ထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှာ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ရှိမောင်သည် သူတို့ကို ကောင်းချီးပေး၍ မိခင်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာကို လဲစေရန်သော်လည်းကောင်း၊ များစွာကို ထစေရန်သော်လည်းကောင်း ခန့်အပ်ခြင်းခံရသောသူဖြစ်၏။ ဆန့်ကျင်ခြင်းခံရမည့် နိမိတ်လက္ခဏာအဖြစ် စေလွှတ်ခံရသောသူလည်းဖြစ်၏။ မြန်မာ ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူအများ လဲမည်အကြောင်း၊ အများ ထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှာ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။- |
သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
ထို့နောက် ယောသပ်သည် မိမိဖခင်ယာကုပ်ကိုခေါ်ဆောင်လာ၍ ဖာရောမင်းကြီး၏ရှေ့၌ရပ်စေ၏။ ယာကုပ်သည်လည်း ဖာရောမင်းကြီးကိုကောင်းချီးပေးလေ၏။
မောရှေသည် အစ္စရေးအမျိုးသားတို့ လုပ်ဆောင်သောအလုပ်အားလုံးကို စစ်ဆေးကြည့်သောအခါ သူတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လုပ်ဆောင်ကြသည်ကို မြင်လေ၏။ ထို့ကြောင့် မောရှေသည် သူတို့ကိုကောင်းချီးပေးလေ၏။
ဇိအုန်တောင်၌ကိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ပေးတော်မူသော အမှတ်လက္ခဏာ၊ အံ့ဩဖွယ်အမှုတို့မှာ ငါနှင့် ထာဝရဘုရားငါ့အားပေးတော်မူသော သားသမီးတို့ပင်ဖြစ်၏။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ သူသည် အစားကြူးသောသူ၊ သေသောက်ကြူးသောသူဖြစ်ပြီး အခွန်ကောက်ခံသူများနှင့် အပြစ်သားများ၏အပေါင်းအသင်းဖြစ်ပါသည်တကား’ဟု ဆိုကြပြန်၏။ သို့သော် ဉာဏ်ပညာတော်သည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ဆောင်မှုများက ဖော်ပြ၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူစဉ် ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်၌ ရပ်နေကြ၏။
[ထိုကျောက်ပေါ်သို့ကျသောသူသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင် ထိုသူသည် ညက်ညက်ကြေလိမ့်မည်]”ဟု မိန့်တော်မူ၏။
“အရှင်၊ ထိုလှည့်ဖြားသောသူအသက်ရှင်စဉ်က ‘ငါသည် သုံးရက်ကြာလျှင် ထမြောက်မည်’ဟု ပြောဆိုခဲ့သည်ကို အကျွန်ုပ်တို့ မှတ်မိပါသည်။
ဤသည်ကား များစွာသောသူတို့၏စိတ်နှလုံးတွေးတောကြံစည်မှုများသည် ထင်ရှားလာမည့်အကြောင်းတည်း။ သင်၏နှလုံးကိုလည်း သန်လျက်သည်ထိုးဖောက်လိမ့်မည်”ဟု ဆိုလေ၏။
ဆိုးညစ်သောအမှုများကို ပြုကျင့်သောသူတိုင်း အလင်းကိုမုန်းလျက် မိမိပြုသောအမှုများ ဖော်ပြခြင်းခံရမည်ကိုစိုးရိမ်သဖြင့် အလင်းထံသို့မချဉ်းကပ်ကြ။
ထိုအတွက်ကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ပို၍ကြိုးစားရှာကြံကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်နေ့ကိုဖောက်ဖျက်သည်သာမက ဘုရားသခင်ကိုမိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့်တန်းတူထားသောကြောင့်ဖြစ်၏။
သို့သော် ဂျူးလူမျိုးတို့သည် ထိုလူအစုအဝေးကိုမြင်လျှင် မနာလိုစိတ်နှင့်ပြည့်၍ ပေါလုဟောပြောသောအကြောင်းအရာများကို ဆန့်ကျင်လျက် စော်ကားပြောဆိုကြ၏။
သို့သော် သူတို့ကိုမတွေ့ကြသဖြင့် ယာသုန်နှင့် ညီအစ်ကိုအချို့တို့ကို အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကာ “ကမ္ဘာလောကကိုမွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် ဤအရပ်သို့လည်း ရောက်လာကြ၍
ပြဿနာကိုသာဖန်တီးလေ့ရှိသောဤသူသည် ကမ္ဘာအရပ်ရပ်ရှိ ဂျူးလူမျိုးအပေါင်းတို့၌ ဆူပူအုံကြွမှုများဖြစ်ပေါ်အောင် လှုံ့ဆော်နေသူဖြစ်ပြီး နာဇရက်ဂိုဏ်းကွဲ၏ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
သို့သော် ဤဂိုဏ်းနှင့်ပတ်သက်၍ အရပ်ရပ်တို့၌ ဆန့်ကျင်ပြောဆိုနေကြောင်း ငါတို့သိထားသည်ဖြစ်၍ သင်မည်သို့စိတ်သဘောရှိသည်ကို သင့်ထံမှ ငါတို့ကြားလိုသည်”ဟု ဆိုကြ၏။
ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်၏ခရစ်တော်ကို ဆန့်ကျင်ကြ၏’ဟု မိန့်တော်မူခဲ့၏။
ဤသို့ဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားသည်ပျံ့နှံ့သွား၍ ဂျေရုဆလင်မြို့၌ တပည့်တော်တို့၏အရေအတွက်သည် အလွန်တိုးပွားလာ၏။ ယဇ်ပုရောဟိတ်အစုအဝေးကြီးသည်လည်း ယုံကြည်ခြင်းတရားကိုနာခံလာကြ၏။
အဘယ်ကြောင့် မပေါက်ရောက်သနည်း။ ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ အကျင့်အားဖြင့်ရရှိနိုင်သကဲ့သို့ ကြိုးစားသောကြောင့်ဖြစ်၏။ သူတို့သည် ခလုတ်တံသင်းဖြစ်သောကျောက်ကို တိုက်မိကြပြီ။
ငါတို့မူကား လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် မှားယွင်းစရာအကြောင်းဖြစ်ပြီး လူမျိုးခြားတို့အတွက် မိုက်မဲသောအရာဖြစ်၏။
ဤမေလခိဇေဒက်ကား ဆလင်ဘုရင်ဖြစ်ပြီး အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။ သူသည် ဘုရင်များကိုချေမှုန်းရာမှပြန်လာသော အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။
သင်တို့သည် ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုန်းအသရေနှင့်ပြည့်စုံသောဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အပေါ်၌ ကိန်းဝပ်တော်မူ၏။
ဧလိကလည်း ဧလကာနနှင့်သူ့မယားအား “ထာဝရဘုရားထံ အပ်နှံထားသောဤသားအစား ထာဝရဘုရားသည် သင့်အား ဤမိန်းမအားဖြင့် သားသမီးများ ထပ်၍ပေးသနားတော်မူပါစေသော”ဟု ကောင်းချီးပေးပြီးမှ သူတို့သည်လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။