တမန်တော်ဝတ္ထု 24:5 - မြန်မာ့စံမီသမ္မာကျမ်း5 ပြဿနာကိုသာဖန်တီးလေ့ရှိသောဤသူသည် ကမ္ဘာအရပ်ရပ်ရှိ ဂျူးလူမျိုးအပေါင်းတို့၌ ဆူပူအုံကြွမှုများဖြစ်ပေါ်အောင် လှုံ့ဆော်နေသူဖြစ်ပြီး နာဇရက်ဂိုဏ်းကွဲ၏ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ အခန်းကိုကြည့်ပါ။Common Language Bible5 ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ဤ သူ သည် ဆိုး သွမ်း သူ၊ မြေ တစ် ပြင် လုံး ရှိ ယု ဒ လူ မျိုး တို့ ဘောင် တွင် သောင်း ကျန်း ထ ကြွ စေ သူ၊ နာ ဇ ရက် ဂိုဏ်း သား တို့ ဦး ဆောင် သူ ဖြစ် သည် ကို ကျွန် တော် တို့ တွေ့ မြင် ပါ သည်။ အခန်းကိုကြည့်ပါ။Judson Bible5 နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှာ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ဤလူသည် ပြဿနာကိုဖန်းတီးသောသူ၊ ဆူပူအုံကြွမူဖြစ်ရန် ကမ္ဘာအရပ်ရပ်ရှိဂျူးတို့ကို လှုံ့ဆော်နေသူဖြစ်သည့်အပြင် နာဇရက်ဂိုဏ်း၏ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်ကို တွေ့ရှိရပါ၏။ အခန်းကိုကြည့်ပါ။ |
“အစ္စရေးအမျိုးသားတို့၊ ကူညီကြပါ။ ဤသူသည် လူမျိုးတော်ကိုလည်းကောင်း၊ ပညတ်တရားကိုလည်းကောင်း၊ ဤနေရာကိုလည်းကောင်း ဆန့်ကျင်လျက် အရပ်ရပ်တို့၌ လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါပြီ”ဟု အော်ဟစ်ကြ၏။
ထို့နောက် ဟာမန်က အာရွှေရုမင်းကြီးအား “အရှင်မင်းကြီးပိုင်နိုင်ငံတော်တစ်ဝန်းလုံးရှိ နယ်မြေဒေသအသီးသီးမှပြည်သူပြည်သားများကြားတွင် ကွဲလွင့်ပျံ့နှံ့နေသောလူမျိုးတစ်မျိုးရှိပါ၏။ သူတို့၏စည်းမျဉ်းဥပဒေများသည် အခြားလူမျိုးအပေါင်းတို့နှင့်မတူ။ သူတို့သည် အရှင်မင်းကြီး၏စည်းမျဉ်းဥပဒေများကို မလိုက်နာသောကြောင့် သူတို့ကို ဤအတိုင်းလွှတ်ထားလျှင် အရှင်မင်းကြီးအတွက် အကျိုးမရှိနိုင်ပါ။