Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 2:34 - မြန်မာ

34 ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 ရှု​မောင်​သည်​သူ​တို့​ကို​ကောင်း​ချီး​ပေး​၍ ``ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် ပျက်​စီး​ဆုံး​ရှုံး​ရ​သူ​များ​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ပေါ်​ပေါက်​လာ​စေ​ရန် ဤ​သူ​ငယ်​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​တော် မူ​ပြီ။ သူ​သည်​ဘု​ရား​သ​ခင်​၏​နိ​မိတ်​လက္ခ​ဏာ ဖြစ်​၍​သူ့​အား​လူ​အ​များ​ပင်​ဆန့်​ကျင်​ပြော​ဆို ကြ​ခြင်း​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 သူ တို့ ကို ကောင်း ကြီး ပေး ပြီး လျှင် မယ် တော် မာ ရိ အား ရှု မောင် က၊ နား ထောင် လော့။ ဤ သူ ငယ် တော် သည် ဣ သ ရေ လ လူ မျိုး တွင် အ များ တို့ လဲ ကျ စေ ရာ၊ အ များ တို့ ထ မြောက် စေ ရာ အ ဖြစ် ငြင်း ပယ် ကြ မည့် နိ မိတ် လ က္ခ ဏာ အ ဖြစ် ထား သူ နေ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 ထို့နောက် ရှိမောင်​သည် သူတို့​ကို ကောင်းချီးပေး​၍ မိခင်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေးလူမျိုး​ထဲမှ လူ​များစွာ​ကို လဲ​စေရန်​သော်လည်းကောင်း၊ များစွာ​ကို ထ​စေရန်​သော်လည်းကောင်း ခန့်အပ်ခြင်း​ခံရသော​သူ​ဖြစ်၏။ ဆန့်ကျင်ခြင်း​ခံရမည့် နိမိတ်​လက္ခဏာ​အဖြစ် စေလွှတ်ခံရသော​သူလည်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 2:34
38 ပူးပေါင်းရင်းမြစ်များ  

လူ​သား​သည် စား​သောက်​လျက်​လာ​သည်​ရှိ​သော်၊ ဤ​သူ​သည် စား​ကြူး​သော​သူ၊ စ​ပျစ်​ရည်​သောက် ကြူး​သော​သူ​ပါ​တ​ကား။ အ​ခွန်​ခံ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​ကို မိတ်​ဆွေ​ဖွဲ့​သော​သူ ပါ​တ​ကား​ဟု ဆို​ပြန်​ကြ၏။ သို့​သော်​လည်း ပ​ညာ​တ​ရား​သည် မိ​မိ​သား​တို့​တွင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် လွတ်​သည် ဟု မိန့်​တော်​မူ၏။


ထို​သို့ ပ​ရိ​သတ်​တို့​အား ဟော​တော်​မူ​စဉ်​တွင်၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ၏။-


အ​ကြင်​သူ​သည် ထို​ကျောက်​အ​ပေါ်​သို့ ကျ၏။ ထို​သူ​သည် ကျိုး​လ​တ္တံ့၊ အ​ကြင်​သူ၏​အ​ပေါ်​သို့ ထို​ကျောက်​သည် ကျ၏၊ ထို​သူ​သည် ညက်​ညက်​ကြေ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။


ထို​လှည့်​ဖြား​သော​သူ​က၊ ငါ​သည် သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​မည်​ဟု မ​သေ​မီ​ပြော​သည်​ကို အ​ကျွန်ုပ်​တို့ မှတ်​မိ​ပါ​ပြီ။-


ထို​မှ​တစ်​ပါး သန်​လျက်​သည် သင်၏​စိတ်​နှ​လုံး​ကို ခွင်း​လိမ့်​မည်​ဟု မြွက်​ဆို၏။-


ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​အ​ပေါင်း​တို့​သည် အ​လင်း​ကို​မြင်​ပြင်း၍ မိ​မိ​တို့​အ​ကျင့်၌ အ​ပြစ်​ပါ​သည်​ကို​မ​ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့ မ​ချဉ်း​ကပ်​ကြ။-


သို့​ဖြစ်၍ ဥ​ပုသ်​နေ့​ကို ဖျက်​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​ကို မိ​မိ​အ​ဘ​ဟု​ခေါ်၍ မိ​မိ​ကို​ဘု​ရား​သ​ခင်​နှင့် ပြိုင်​နှိုင်း​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​ခြင်း​ငှာ သာ၍​ရှာ​ကြံ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ