ငါဆိုသည်ကားဝိညာဉ်တော်ညွှန်ကြားသည့် အတိုင်းကျင့်ကြလော့။ လူ့ဇာတိအလိုသို့ မလိုက်ကြနှင့်။-
သို့ဖြစ်၍ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သူတို့သည် ဘုရားသခင်၏အပြစ် ဒဏ်စီရင်ခြင်းနှင့်ယခုကင်းလွတ်ကြ၏။- သို့သော်သင်တို့တွင်ခရစ်တော်ကျိန်းဝပ်တော် မူလျှင်အပြစ်တရားကြောင့် သင်တို့၏ကိုယ်ခန္ဓာ သေရမည်ဖြစ်သော်လည်းသင်တို့၏ဝိညာဉ်မူ ကားရှင်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိပြီးသောကြောင့်တည်း။- သခင်ယေရှုကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော် သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောအရှင်သည်သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သောသင်တို့၏ကိုယ်ခန္ဓာကိုလည်း ရှင်စေတော်မူလိမ့်မည်။ ထို့ကြောင့်ညီအစ်ကိုတို့၊ ငါတို့၌တာဝန်ရှိ သော်လည်း ယင်းတာဝန်မှာလူ့ဇာတိအလို သို့လိုက်၍ပြုမူကျင့်ကြံရန်မဟုတ်။- အဘယ်ကြောင့်ဆိုသော်သင်တို့သည် မိမိတို့ ၏လူ့ဇာတိအလိုသို့လိုက်၍ပြုမူကျင့်ကြံ ပါကသေရကြမည်။ သို့သော်မိမိတို့၏ အကျင့်ဆိုးများကိုဝိညာဉ်တော်အားဖြင့် အဆက်ဖြတ်ကြမည်ဆိုလျှင်မူကား အသက်ရှင်ကြလိမ့်မည်။- ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြ မှုကိုခံယူသောသူတို့သည် ဘုရားသခင်၏ သားများဖြစ်ကြ၏။- ဘုရားသခင်ထံတော်မှသင်တို့ခံယူရရှိ သည့်ဝိညာဉ်တော်သည် သင်တို့အားကျွန်ဖြစ် စေသည်မဟုတ်။ ကြောက်စိတ်ကိုလည်းရှိစေ သည်မဟုတ်။ ဝိညာဉ်တော်သည်ငါတို့အား ဘုရားသခင်၏သားသမီးများဖြစ်စေ တော်မူသဖြင့် ငါတို့သည်ဝိညာဉ်တော်၏ တန်ခိုးဖြင့်ဘုရားသခင်အား``အဗ္ဗ၊ အဖ'' ဟု ခေါ်ကြ၏။- ငါတို့သည်ဘုရားသခင်၏သားများဖြစ် ကြကြောင်းကိုဝိညာဉ်တော်ကိုယ်တိုင်ပင်လျှင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော် မူ၏။- ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်သဖြင့်ကိုယ်တော်၏လူစုတော်အတွက် ကိုယ်တော်လျာထားတော်မူသောကောင်းချီး မင်္ဂလာများကိုခံစားရကြမည်။ ခရစ်တော် အတွက်ဘုရားသခင်လျာထားတော်မူ သည့်ဂုဏ်အသရေကိုလည်းခံစားရကြ မည်။ အဘယ်ကြောင့်ဆိုသော်ငါတို့သည် ခရစ်တော်နှင့်အတူဝေဒနာခံစားကြ လျှင် ကိုယ်တော်နှင့်အတူဘုန်းအသရေ တော်ခံစားရကြမည်ဖြစ်သောကြောင့် တည်း။ ယခုမျက်မှောက်ကာလ၌ငါတို့ခံရကြသည့် ဒုက္ခဆင်းရဲကိုနောင်အခါ၌ ငါတို့အားပေါ် လွင်ထင်ရှားမည့်ဘုန်းအသရေတော်နှင့်နှိုင်း ယှဉ်၍မရဟုငါယုံကြည်၏။- ဘုရားသခင်သည်မိမိ၏သားများကိုပေါ် လွင်ထင်ရှားစေမည့်အခြင်းအရာကို အဖန် ဆင်းခံကမ္ဘာလောကတစ်ခုလုံးကအလွန် တောင့်တစောင့်မျှော်လျက်ရှိ၏။- အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
ဝိညာဉ်တော်ကဖြစ်ပေါ်စေသည့်အသီးအပွင့် မူကားချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊- နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း တို့ပေတည်း။ ဤအရာများနှင့်ပတ်သက်၍ပြဋ္ဌာန်း ထားသည့်တရားဥပဒေဟူ၍မရှိ။-
လူ့ဇာတိသဘော၏စေခိုင်းမှုအရအသက် ရှင်သူတို့သည် လူ့ဇာတိသဘောနှင့်ဆိုင်သော အရာများကိုသာစိတ်စွဲလမ်းကြ၏။ သို့ရာ တွင်ဝိညာဉ်တော်၏ညွှန်ကြားချက်အရ အသက်ရှင်သူတို့မူကား ဝိညာဉ်တော်အလို ရှိသောအရာများကိုစိတ်စွဲလမ်းကြ၏။- ဇာတိသဘောနှင့်ဆိုင်သောအရာများကိုစိတ် စွဲလမ်းသူသည်အသက်သေလိမ့်မည်။ ဝိညာဉ် တော်နှင့်ဆိုင်သောအရာများကိုစိတ်စွဲလမ်း သူကား အသက်ရှင်သန်၍ငြိမ်သက်ခြင်းကို ရရှိလိမ့်မည်။-
ငါတို့သည်ဤလောကနှင့်သက်ဆိုင်သည့် ဝိညာဉ်ကိုခံယူကြရသည်မဟုတ်။ ဘုရား သခင်ပေးသနားတော်မူသမျှကိုသိခြင်း ငှာ ကိုယ်တော်စေလွှတ်တော်မူသည့်ဝိညာဉ် တော်ကိုခံယူကြရပြီ။
အသွေးအသားအားဖြင့်မွေးဖွားသူသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည်ဝိညာဉ်ဖြစ်၏။-
သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။-
ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြ မှုကိုခံယူသောသူတို့သည် ဘုရားသခင်၏ သားများဖြစ်ကြ၏။-
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် မနာစေနှင့်၊ အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော် သည် သင်တို့အားဘုရားသခင်ပိုင်တော်မူကြောင်း သက်သေခံတံဆိပ်အမှတ်အသားဖြစ်၍ နောက်ဆုံး သောနေ့ရက်၌သင်တို့သည်ကိုယ်တော်၏ကယ်တင် ခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်းအာမခံချက် ဖြစ်သောကြောင့်တည်း။-
သို့ရာတွင်သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သောအခါ၌ သင်တို့ သည်တန်ခိုးကိုခံယူရရှိကြလိမ့်မည်။ ထို အခါသင်တို့သည်ယေရုရှလင်မြို့၊ ယုဒ ပြည်တစ်ပြည်လုံးနှင့်ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီးအစွန်အဖျားတိုင်အောင် ငါ ၏အကြောင်းကိုသက်သေခံသူများဖြစ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ဝိညာဉ်တော်သည်ငါတို့အားအသက်ရှင်စေပြီ။ ဝိညာဉ်တော်ဦးဆောင်လမ်းပြတော်မူသည် အတိုင်းကျင့်ရကြမည်။-
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။-
သင်တို့သည်ဘုရားသခင်၏ဗိမာန်တော်ဖြစ် သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ် တော်သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူ သည်ကိုလည်းကောင်းသိကြသည်မဟုတ်ပါ လော။-
ငါသည်ခမည်းတော်အားတောင်းလျှောက် သဖြင့်သင်တို့နှင့်အတူအစဉ်အမြဲရှိ၍ သင်တို့အားမစတော်မူသောအခြား အရှင်တစ်ပါးကိုပေးတော်မူလိမ့်မည်။- ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။
သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-
သို့ရာတွင်ဘုရားသခင်အကြောင်းနှင့်စပ် လျဉ်း၍ သမ္မာတရားကိုဖွင့်ပြသည့်ဝိညာဉ် တော်ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအကြောင်းအလုံးစုံကိုဖွင့်ပြ တော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည်ကိုယ့် အလိုအလျောက်မိန့်ကြားတော်မူမည်မဟုတ်။ မိမိကြားသိရသည့်အကြောင်းအရာများ ကိုသာသင်တို့အားမိန့်ကြားတော်မူလိမ့်မည်။ နောက်ဖြစ်လတ္တံ့သောအမှုအရာများ အကြောင်းကိုလည်းဖွင့်ပြတော်မူလိမ့်မည်။-
သခင်ဘုရားဟုဆိုရာ၌ဝိညာဉ်တော်ကိုဆိုလို သည်။ သခင်ဘုရား၏ဝိညာဉ်တော်ရှိရာအရပ်၌ လွတ်လပ်မှုရှိ၏။-
ကိုယ်တော်သည်ငါတို့အားဝိညာဉ်တော်ကို ပေးတော်မူသောကြောင့် ငါတို့သည်ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းရှိ၍ကိုယ်တော်သည်လည်း ငါတို့နှင့်တစ်လုံးတစ်ဝတည်းရှိတော်မူ ကြောင်းငါတို့သေချာစွာသိကြ၏။-
ဤမျှော်လင့်ခြင်းသည်ငါတို့အားစိတ်ပျက် စေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်ငါတို့အားပေးသနား တော်မူသောသန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် ငါတို့၏စိတ်နှလုံးထဲသို့မေတ္တာတော်ကို သွန်းလောင်းတော်မူသောကြောင့်တည်း။
သင်တို့ကိုယ်ခန္ဓာသည်ဘုရားသခင်သင်တို့ အတွင်း၌ကိန်းအောင်းတော်မူသော၊ ဘုရား သခင်ပေးသနားတော်မူ၍ ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုသင်တို့မသိကြ သလော။ သင်တို့ကိုယ်ကိုသင်တို့မပိုင်။ ဘုရား သခင်သာလျှင်ပိုင်တော်မူ၏။- ဘုရားသခင်၏လူစုတော်သည်ကမ္ဘာလောက ကိုတရားစီရင်ရမည်ဖြစ်ကြောင်း သင်တို့ မသိကြပါသလော။ ကမ္ဘာလောကကိုတရား စီရင်ရမည့်သင်တို့သည် အမှုကိစ္စအသေး အဖွဲကလေးများကိုမစီရင်မဆုံးဖြတ် နိုင်ပါသလော။- ကိုယ်တော်သည်သင်တို့အားအဖိုးအခပေး ၍ဝယ်ယူထားတော်မူသဖြင့် သင်တို့၏ကိုယ် ခန္ဓာကိုဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်အတွက်အသုံးပြုကြ လော့။
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း သူသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်၍ ဘုရားသခင်သည်လည်းထိုသူနှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။ ယင်းသို့ဖြစ်တော်မူ ကြောင်းကို ကိုယ်တော်ပေးသနားတော်မူသော ဝိညာဉ်တော်အားဖြင့်ငါတို့သိရကြ၏။
သို့ရာတွင်ချစ်ဆွေတို့၊ သင်တို့သည်မိမိတို့ ၏အလွန်သန့်ရှင်းမြင့်မြတ်သည့်ယုံကြည်ခြင်း အပေါ်အခြေပြု၍ မိမိတို့ကိုယ်ကိုကြီးပွား စေကြလော့၊ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ကိုအမှီပြု၍ဆုတောင်းပတ္ထနာ ပြုကြလော့။- ဘုရားသခင်၏မေတ္တာတော်တွင်ခိုလှုံကြ လော့။ အရှင်သခင်ယေရှုခရစ်သည်မိမိ၏ ကရုဏာတော်ကိုထောက်၍ သင်တို့အား ထာဝရအသက်ကိုပေးတော်မူမည့်နေ့ရက် ကိုစောင့်မျှော်၍နေကြလော့။
လူ့ဇာတိမြေ၌မျိုးကြဲသောသူသည်သေခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်မြေ၌မျိုးကြဲသူ သည်ဝိညာဉ်တော်မှ ထာဝရအသက်ကိုရိတ်သိမ်း ရလိမ့်မည်။-
ကိုယ်တော်သည်ဘုန်းအသရေတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား စိတ်ဋ္ဌာတ်ကြံ့ခိုင်လာစေစိမ့်သောငှာဝိညာဉ် တော်အားဖြင့်တန်ခိုးစွမ်းရည်ကိုပေးသနား တော်မူရန်ငါသည်ဆုတောင်းပတ္ထနာပြု၏။- သင်တို့ယုံကြည်ခြင်းအားဖြင့်ခရစ်တော်သည် သင်တို့စိတ်နှလုံးတွင်ကျိန်းဝပ်တော်မူရန်ငါ ဆုတောင်း၏။ သင်တို့သည်ခရစ်တော်၏မေတ္တာ တော်အလျား၊ အနံ၊ အမြင့်၊ အနက်တို့ကို ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ နှင့်အတူသိရှိနားလည်နိုင်ကြမည့်အကြောင်း မေတ္တာတော်တွင်အခြေခံအမြစ်စွဲလျက်ရှိ ကြစေရန်ကိုလည်းငါသည်ဆုတောင်းပတ္ထ နာပြု၏။-
ရှေ့တော်မှောက်မှကျွန်တော်မျိုးအား နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကိုကျွန်တော် မျိုးထံမှ ရုပ်သိမ်းတော်မမူပါနှင့်။
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။
ကျမ်းစာလာသည်အတိုင်း `ငါ့ကိုယုံကြည်သူ ၏စိတ်နှလုံးအထဲမှအသက်ရေသည်စမ်း ချောင်းသဖွယ်စီးထွက်နေလိမ့်မည်' '' ဟု ကြွေးကြော်တော်မူ၏။- သခင်ယေရှုသည်ဘုန်းအသရေပွင့်တော်မမူ သေးသဖြင့် ဝိညာဉ်တော်ကိုလည်းကိုယ်တော် ကိုသက်ဝင်ယုံကြည်သူတို့အားမပေးမအပ် ရသေးပေ။ သို့ဖြစ်၍ထိုသူတို့ခံယူကြရ မည့်ဝိညာဉ်တော်ကိုရည်မှတ်၍ ဤသို့ကြွေး ကြော်တော်မူခြင်းဖြစ်၏။
ထိုသို့ဆုတောင်းကြပြီးသောအခါ၌ သူတို့ စုဝေးရာအရပ်သည်တုန်လှုပ်လေ၏။ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝ လျက် ဘုရားသခင်၏တရားတော်ကိုရဲရင့် စွာဟောပြောကြ၏။
သူသည်မိမိပြည်သူတို့အားအုပ်စိုးရန် ဉာဏ်ပညာ၊ အသိပညာနှင့်၊ စွမ်းရည်ကို ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုး အားဖြင့်ရလိမ့်မည်။ သူသည်ထာဝရဘုရား၏အလိုတော်ကိုသိ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေလိမ့်မည်။
ဘုရားသခင်၏ဝိညာဉ်တော်သည်ငါတို့အား ကြောက်စိတ်ကိုပေးတော်မမူဘဲတန်ခိုးကို လည်းကောင်း၊ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ကိုယ်ကိုချုပ်တည်းနိုင်မှုကိုလည်းကောင်းပေး တော်မူ၏။
အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
သင်တို့သည်ကိုယ်တော်၏သားများဖြစ်ကြောင်း သက်သေပြရန်``အဗ္ဗ၊ အဘ'' ဟုကြွေးကြော်သော သားတော်၏ဝိညာဉ်တော်ကိုငါတို့စိတ်နှလုံး ထဲသို့ဘုရားသခင်စေလွှတ်တော်မူ၏။-
ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-
သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် သင်တို့၏မျှော်လင့်ခြင်းပါရမီကြွယ်ဝစေ ခြင်းငှာ မျှော်လင့်ခြင်း၏အရှင်ဘုရားသခင် သည် သင်တို့၏ယုံကြည်မှုကြောင့်သင်တို့အား ဝမ်းမြောက်ခြင်းအမျိုးမျိုးနှင့်ငြိမ်သက်ခြင်း ကိုပေးသနားတော်မူပါစေသော။
ထိုနည်းအတိုင်းပင်ဝိညာဉ်တော်သည်လည်း အားနည်းသော ငါတို့အားကူမရန်ကြွလာ တော်မူ၏။ ငါတို့သည်အဘယ်သို့ဆုတောင်း ရမည်ကိုမသိကြ။ နှုတ်ဖြင့်မြွက်ဆိုဖော်ပြ ရန်မဖြစ်နိုင်သောညည်းတွားသံဖြင့် ဝိညာဉ် တော်ကိုယ်တိုင်ပင်လျှင်ငါတို့အတွက် ဘုရားသခင်ထံအသနားခံတော်မူ၏။- လူတို့စိတ်နှလုံးကိုသိမြင်တော်မူသော ဘုရားသခင်သည်ဝိညာဉ်တော်၏စိတ် သဘောကိုလည်းသိတော်မူ၏။ အဘယ် ကြောင့်ဆိုသော်ဝိညာဉ်တော်သည်ဘုရား သခင်၏အလိုတော်နှင့်အညီ ကိုယ်တော် ၏လူစုတော်အတွက်အသနားခံတော် မူသောကြောင့်ဖြစ်၏။
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။-
သို့ရာတွင်ခမည်းတော်သည်ငါ့နာမကြောင့် စေလွှတ်တော်မူမည့်မစတော်မူသောအရှင် တည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကိုသွန်သင် ပေးတော်မူ၍ ငါပြောခဲ့သမျှသောအရာတို့ ကိုသင်တို့အားပြန်လည်သတိရစေတော် မူလိမ့်မည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အလိုတော်အတိုင်းဆောင်ရွက်ရန် ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ကျွန်တော်မျိုးအားကျေးဇူးပြုတော်မူ၍ ဘေးမဲ့လုံခြုံရာလမ်းကိုညွှန်ပြတော်မူပါ။
ငါတို့သည်ဘုရားသခင်၏သားများဖြစ် ကြကြောင်းကိုဝိညာဉ်တော်ကိုယ်တိုင်ပင်လျှင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော် မူ၏။-
ဝိညာဉ်တော်သည်သင်တို့အားဦးဆောင်လမ်းပြ တော်မူလျှင် သင်တို့သည်ပညတ်တရား၏လက် အောက်ခံမဟုတ်တော့ပေ။
သို့ဖြစ်ခြင်းကြောင့်သင်တို့၏သတင်းကိုကြား ရသည့်နေ့မှစ၍ ငါတို့သည်သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေ၏။ သင်တို့သည်ဝိညာဉ်တော်ချပေးတော်မူသော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့် ဘုရားသခင် ၏အလိုတော်ကိုကောင်းစွာသိရှိကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းကြ ပါ၏။-
မိမိ၏လူစုတော်အဖြစ်ဖြင့်တံဆိပ်ခတ်နှိပ် တော်မူ၏။ အနာဂတ်ကာလ၌ငါတို့အဖို့ လျာထားသည်များအတွက်အာမခံချက် အဖြစ် ကိုယ်တော်သည်ငါတို့စိတ်နှလုံးထဲ သို့သန့်ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်း တော်မူ၏။
ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။-
ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
အဘယ်ကြောင့်ဆိုသော်ငါတို့သည်သတင်း ကောင်းကို စကားသက်သက်ဖြင့်သာမဟုတ် ဘဲတန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ထိုသတင်း ကောင်းမှန်ကန်ကြောင်းကိုလုံးဝစိတ်ချ ယုံကြည်သောစိတ်နှင့်လည်းကောင်း သင်တို့ အားဟောပြောသောကြောင့်ဖြစ်၏။ ငါတို့ သည်သင်တို့နှင့်အတူရှိစဉ်အခါက သင်တို့၏အကျိုးငှာ ငါတို့အဘယ်သို့ပြု မူနေထိုင်ခဲ့ကြသည်ကိုသင်တို့အသိ ပင်ဖြစ်၏။-
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
သင်တို့အားစည်းလုံးစေသောငြိမ်သက်ခြင်း အားဖြင့် ဝိညာဉ်တော်ကပေးသောစည်လုံးညီ ညွတ်မှုကိုအစွမ်းကုန်ထိန်းသိမ်းကြလော့။- ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် မနာစေနှင့်၊ အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော် သည် သင်တို့အားဘုရားသခင်ပိုင်တော်မူကြောင်း သက်သေခံတံဆိပ်အမှတ်အသားဖြစ်၍ နောက်ဆုံး သောနေ့ရက်၌သင်တို့သည်ကိုယ်တော်၏ကယ်တင် ခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်းအာမခံချက် ဖြစ်သောကြောင့်တည်း။- ထို့ကြောင့်နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက် ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ သူတစ်ပါး အသရေဖျက်ခြင်း၊ ခပ်သိမ်းသောမုန်းတီးခြင်း တို့ကိုပယ်ရှားကြလော့။- သင်တို့သည်တစ်ဦးကိုတစ်ဦးသနားချစ်ခင်ကြ လော့။ ဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ အားအပြစ်လွှတ်တော်မူသည့်နည်းတူ သင်တို့သည် လည်းတစ်ဦးနှင့်တစ်ဦးအပြစ်လွှတ်ကြလော့။ သင်တို့အားဘုရားသခင်ရွေးချယ်ခေါ်ယူ တော်မူခြင်းကြောင့်မျှော်လင့်ခြင်းတစ်ပါး တည်းရှိသကဲ့သို့ကိုယ်ခန္ဓာတော်တစ်ပါး တည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိတော်မူ၏။-
သို့ရာတွင်ဘုရားသခင်သည်ငါတို့အား မိမိ ၏လျှို့ဝှက်ချက်ကိုဝိညာဉ်တော်အားဖြင့်ဖော်ပြ တော်မူ၏။ ဝိညာဉ်တော်သည်အရာခပ်သိမ်းကို သာမက ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အကြံအစည်တော်တို့ကိုပင်စူးစမ်းရှာဖွေ တော်မူပေသည်။- လူတစ်စုံတစ်ယောက်၏အကြောင်းအလုံးစုံ ကို ထိုလူအတွင်း၌ရှိသောစိတ်ဝိညာဉ်ကသာ သိ၏။ ထိုနည်းတူဘုရားသခင်၏အကြောင်း တော်အလုံးစုံကို ကိုယ်တော်၏ဝိညာဉ်တော် ကသာသိတော်မူ၏။-
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။
သင်တို့သည်ဆိုးသောသူများဖြစ်လျက်ပင် သားသမီးများအားအကောင်းကိုပေးတတ် လျှင်ကောင်းကင်ဘုံရှင်သင်တို့အဖသည် တောင်းလျှောက်သောသူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ပေးတော်မူမည်မဟုတ် လော'' ဟုမိန့်တော်မူ၏။
ဤအမှုအရာများနှင့်ပတ်သက်၍ ငါတို့ သည်အသိသက်သေဖြစ်ကြ၏။ ဘုရားသခင် ၏အမိန့်ကိုနာခံသူတို့အားချပေးတော်မူ သည့်ဆုကျေးဇူးတည်းဟူသော ဝိညာဉ်တော် သည်လည်းအသိသက်သေဖြစ်တော်မူ၏'' ဟု ပြန်၍ပြောကြားကြ၏။
ကျမ်းစာတော်မှန်သမျှကိုဘုရားသခင်၏ လမ်းညွှန်မှုဖြင့်ရေးသားပြုစုထားသဖြင့် ထို ကျမ်းစာတော်သည်သမ္မာတရားတော်ကိုသွန် သင်ခြင်း၊ ဆုံးမသြဝါဒပေးခြင်း၊ အမှား များကိုပြုပြင်ခြင်း၊ လျောက်ပတ်စွာသက်ရှင် နေထိုင်တတ်ရန်လမ်းညွှန်ခြင်းတို့ကိုပြု သောအားဖြင့်၊- ဘုရားသခင်၏အမှုတော်ဆောင်သည်ကောင်း မြတ်သည့်အမှုအမျိုးမျိုးတို့ကိုဆောင်ရွက် ရန်လိုအပ်သည့်ပြင်ဆင်မှုရှိပြီးလျှင် အရည် အချင်းများနှင့်ပြည့်ဝစုံလင်၍လာပေအံ့။
``ခမည်းတော်ထံမှကြွလာ၍ဘုရားသခင် အကြောင်းဆိုင်ရာသမ္မာတရားကို ဖော်ပြသည့် မစတော်မူသောအရှင်တည်းဟူသောဝိညာဉ် တော်သည်ရောက်လာတော်မူသောအခါ ငါ၏ အကြောင်းကိုပြောကြားတော်မူလိမ့်မည်။ ထို အရှင်ကိုခမည်းတော်ထံမှသင်တို့ထံသို့ ငါစေလွှတ်မည်။-
ထို့ကြောင့်သင်တို့သည်မေတ္တာတရားကိုကျင့်သုံး ရန် ကြိုးပမ်းအားထုတ်ကြလော့။ ဝိညာဉ်ဆုကျေးဇူး များကိုတောင့်တလိုချင်ကြလော့။ အထူးသဖြင့် နှုတ်ကပတ်တရားတော်ဟောပြောနိုင်သောဆု ကျေးဇူးကိုလိုလားကြလော့။-
သင်တို့လည်းကယ်တင်ခြင်းဆိုင်ရာသတင်း ကောင်းတည်းဟူသောသမ္မာတရားကိုကြား ရသောအခါ ဘုရားသခင်၏လူစုတော်ဝင် များဖြစ်လာကြ၏။ သင်တို့သည်ခရစ်တော် ကိုယုံကြည်၍ဘုရားသခင်သည် မိမိ ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ် တော်ကိုချပေးခြင်းအားဖြင့် သင်တို့အား မိမိပိုင်တော်မူကြောင်းတံဆိပ်ခတ်နှိပ်တော် မူ၏။- ဝိညာဉ်တော်သည်ဘုရားသခင်၏လူစုတော် အားကတိထားတော်မူသည့်အတိုင်း ငါတို့ ခံစားရမည်ဖြစ်ကြောင်းအာမခံချက်ဖြစ် တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်မိမိ ပိုင်တော်မူသောသူတို့အား လုံးဝလွတ်မြောက် စေတော်မူမည်ဖြစ်ကြောင်းငါတို့ယုံကြည် စိတ်ချနိုင်ပေသည်။ ငါတို့သည်ကိုယ်တော် ၏ဘုန်းအသရေတော်ကိုချီးကူး ထောမနာပြုကြကုန်စို့။
သို့ရာတွင်ခရစ်တော်သည်သင်တို့အပေါ်သန့် ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ သည်ဖြစ်၍ သင်တို့အပေါင်းသည်သမ္မာတရား ကိုသိကြပေသည်။-
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
သင်တို့သည်စိတ်သစ်သဘောသစ်ကိုခံယူကြ ရမည်။- ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်း ခြင်းကိုခံရ၍ သမ္မာတရားဆိုင်ရာဖြောင့်မတ် သန့်ရှင်းသူလူသစ်ဖြစ်ကြရမည်။
ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။
သခင်ယေရှု၏ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်၏မိတ် သဟာယတော်သည်သင်တို့အပေါင်းနှင့်အတူ ရှိပါစေသော။ ကောရိန္သုသြဝါဒစာဒုတိယစောင်ပြီး၏။
သင်တို့သည်သမ္မာတရားတော်ကိုလိုက်လျှောက် ကျင့်သုံးကြခြင်းအားဖြင့် မိမိတို့စိတ်နှလုံး ကိုသန့်စင်စေကြပြီးလျှင် အချင်းချင်းတစ် ယောက်ကိုတစ်ယောက်အကယ်ပင်ချစ်ကြလေ ပြီ။ သို့ဖြစ်၍သင်တို့အချင်းချင်းအား အစွမ်းရှိသမျှနှင့်ချစ်ကြလော့။-
ညီအစ်ကိုတို့၊ ငါတို့အရှင်ယေရှုခရစ်နှင့် ဝိညာဉ်တော်ကငါတို့အားပေးသနားတော်မူ သောမေတ္တာကိုအကြောင်းပြု၍ ငါ့အတွက်ငါ နှင့်အတူဘုရားသခင်ထံတော်သို့စိတ်အား ထက်သန်စွာဆုတောင်းပတ္ထနာပြုရန်သင်တို့ အားငါတိုက်တွန်းနှိုးဆော်ပါ၏။-
သင်တို့သည်ဘုရားသခင်ကိုသိကျွမ်းခြင်း အလို့ငှာသင်တို့အားဉာဏ်ပညာကိုပေး၍ ဘုရားသခင်ကိုပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ကိုသင်တို့ရရှိကြစေရန် ငါ တို့သခင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးသောအဖခမည်းတော်ထံငါ လျှောက်ထား၏။- ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊-
သင်တို့အဘယ်သို့ပြောဆိုရမည်ကိုသန့်ရှင်း သောဝိညာဉ်တော်သည် ထိုအချိန်၌သွန်သင်ပေး တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-
သို့ဖြစ်၍ဤသွန်သင်ချက်ကိုမလိုက်လျှောက်သူ မည်သည်ကားလူကိုပစ်ပယ်သူမဟုတ်။ မိမိ၏ သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အားပေး တော်မူသောဘုရားသခင်ကိုပစ်ပယ်သူဖြစ် သတည်း။
သို့သော်သင်တို့တွင်ခရစ်တော်ကျိန်းဝပ်တော် မူလျှင်အပြစ်တရားကြောင့် သင်တို့၏ကိုယ်ခန္ဓာ သေရမည်ဖြစ်သော်လည်းသင်တို့၏ဝိညာဉ်မူ ကားရှင်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိပြီးသောကြောင့်တည်း။- သခင်ယေရှုကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော် သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောအရှင်သည်သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သောသင်တို့၏ကိုယ်ခန္ဓာကိုလည်း ရှင်စေတော်မူလိမ့်မည်။
ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။-
ခရစ်တော်သည်ငါတို့အား ကျွန်ဘဝမှလွတ် မြောက်စေတော်မူပြီဖြစ်၍ ငါတို့သည်ကျွန် မဟုတ်ကြ။ သို့ဖြစ်၍လွတ်လပ်သူများအဖြစ် နှင့်ရပ်တည်ကြလော့။ နောက်တစ်ဖန်ကျွန်မဖြစ် ကြနှင့်။
သားသမီးတို့၊ သင်တို့သည်ဘုရားသခင် ၏ဘက်တော်သားများဖြစ်၍မိစ္ဆာပရောဖက် များကိုအနိုင်ရခဲ့ကြ၏။ အဘယ်ကြောင့် ဆိုသော်သင်တို့တွင်ကျိန်းဝပ်တော်မူသော ဝိညာဉ်တော်သည်လောကသားတို့တွင်ကိန်း ဝပ်သောဝိညာဉ်ထက်ကြီးမြတ်တော်မူသော ကြောင့်တည်း။-
သို့ရာတွင်ကိုယ်တော်ရှင်သည်သူတို့အထဲသို့ ထွက်သက်ဝင်သက်ကိုသွင်းတော်မူသောအခါ သူတို့သည်ဖန်ဆင်းခြင်းခံရကြပါ၏။ ကိုယ်တော်သည်ကမ္ဘာလောကကြီးကို အသစ်တစ်ဖန်ရှင်သန်စေပါ၏။
သင်တို့သည်ဝိညာဉ်တော်ဆုကျေးဇူးများကို လိုလားတောင့်တကြသည့်အလျောက်အသင်း တော်ကြီးပွားတိုးတက်မှုကို အထောက်အကူ ပြုမည့်ဆုကျေးဇူးများကိုပို၍အသုံးပြု ရန်ကြိုးစားကြလော့။-
သင်တို့သည်ခရစ်တော်၌အသက်ရှင်ခြင်း အားဖြင့်ခွန်အားရရှိကြ၏။ ကိုယ်တော်၏ မေတ္တာတော်သည်သင်တို့အားနှစ်သိမ့်ခြင်းကို ပေး၏။ သင်တို့သည်ဝိညာဉ်တော်နှင့်မိတ်သဟာယ ဖွဲ့ခွင့်ကိုရရှိကြ၏။ သင်တို့တွင်အချင်းချင်း သနားကြင်နာစိတ်ရှိကြ၏။-
အဘယ်ကြောင့်ဆိုသော်သင်တို့သည် မိမိတို့ ၏လူ့ဇာတိအလိုသို့လိုက်၍ပြုမူကျင့်ကြံ ပါကသေရကြမည်။ သို့သော်မိမိတို့၏ အကျင့်ဆိုးများကိုဝိညာဉ်တော်အားဖြင့် အဆက်ဖြတ်ကြမည်ဆိုလျှင်မူကား အသက်ရှင်ကြလိမ့်မည်။-
ငါတို့စိတ်နှလုံးကိုပြုပြင်တော်မူသော တန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက် ကြံစည်သမျှသောအရာတို့ထက်သာလွန် ပိုမို၍ချပေးတော်မူနိုင်သောဘုရားသခင် သည် အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ထာဝစဉ်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။-
ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
ယောဟန်သည်ရေဖြင့်ဗတ္တိဇံကိုပေး၏။ သို့ရာ တွင်သင်တို့မူကားရက်အနည်းငယ်အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဗတ္တိဇံကိုခံယူကြ ရလတ္တံ့'' ဟုမိန့်တော်မူ၏။
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
ပရောဖက်များမိန့်ကြား၍သင်းအုပ်များက သင့်အားသိက္ခာတင်မင်္ဂလာပေးချိန်တွင် သင်ခံ ယူရရှိသည့်ဝိညာဉ်ဆုကျေးဇူးကိုလျစ်လူ မရှုနှင့်။-
ငါတို့ကိုဘုရားသခင်အုပ်စိုးတော်မူခြင်း ဆိုသည်မှာအစားအသောက်နှင့်မစပ်ဆိုင်။ သန့်ရှင်းသောဝိညာဉ်တော်မှရရှိသောငြိမ် သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့်သာစပ် ဆိုင်၏။-
ဘုရားသခင်၏သားသမီးဖြစ်လာသူသည် အပြစ်မကူးတတ်။ အဘယ်ကြောင့်ဆိုသော်ထို သူ၌ဘုရားသခင်၏ဇာတိသဘောပါရှိ သောကြောင့်ဖြစ်၏။ သူသည်ဘုရားသခင်၏ သားသမီးဖြစ်သဖြင့်အပြစ်ဒုစရိုက် မပြုနိုင်။-
ဟောပြောသွန်သင်ရာ၌လူတို့၏ဉာဏ်ပညာ နှင့်ယှဉ်သောစကားများကိုအသုံးမပြုဘဲ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးပါရှိ သည့်စကားများကိုသာအသုံးပြု၏။-
အဘယ်ကြောင့်ဆိုသော်မည်သည့်ပရောဖက် ဟောပြောချက်မျှ မိမိ၏အလိုဆန္ဒအရပေါ် ပေါက်လာခြင်းမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်ခြင်းကိုခံရသောသူတို့သည် ဘုရား သခင်၏ထံတော်မှလာသောဗျာဒိတ်တော်ကို ဟောပြောခြင်းဖြစ်သည်။
သင်တို့ပြောဆိုရမည့်စကားများကိုထိုအချိန်၌ ပင်သင်တို့ရရှိကြလိမ့်မည်။ ယင်းစကားများသည် သင်တို့၏စကားများမဟုတ်။ သင်တို့အဖဘုရား ၏ဝိညာဉ်တော်ကသင်တို့အားဖြင့်မိန့်တော်မူသော စကားများဖြစ်လိမ့်မည်။
လူမျိုးခြားများနှင့်ယုဒအမျိုးသားများ ဖြစ်သည့်ငါတို့သည် ခရစ်တော်အားဖြင့်တစ် ပါးတည်းသောဝိညာဉ်တော်ကိုအမှီပြုလျက် ခမည်းတော်၏ရှေ့တော်သို့ဝင်ရောက်ခွင့်ရရှိ ကြပေသည်။
ဝိညာဉ်တော်သည်ဖိလိပ္ပုအား``ထိုရထား အနီးသို့သွားလော့'' ဟုအမိန့်တော်ရှိ၏။-
ဘုရားသခင်ထံတော်မှသင်တို့ခံယူရရှိ သည့်ဝိညာဉ်တော်သည် သင်တို့အားကျွန်ဖြစ် စေသည်မဟုတ်။ ကြောက်စိတ်ကိုလည်းရှိစေ သည်မဟုတ်။ ဝိညာဉ်တော်သည်ငါတို့အား ဘုရားသခင်၏သားသမီးများဖြစ်စေ တော်မူသဖြင့် ငါတို့သည်ဝိညာဉ်တော်၏ တန်ခိုးဖြင့်ဘုရားသခင်အား``အဗ္ဗ၊ အဖ'' ဟု ခေါ်ကြ၏။-
စိတ်နှလုံးသန့်ရှင်းစင်ကြယ်ခြင်း၊ ပညာသတိ ရှိခြင်း၊ သည်းခံခြင်း၊ ကြင်နာသနားခြင်းတို့ ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်လည်းကောင်း၊ စစ်မှန်သောမေတ္တာအား ဖြင့်လည်းကောင်း၊-
ထာဝရဘုရားက ``ဤသူသည်ခွန်အားနှင့်ငါပြည့်ဝစေသောသူ၊ ငါ၏အစေခံ၊ငါနှစ်သက်မြတ်နိုး၍ ရွေးချယ်ထားသူဖြစ်၏။ ငါသည်မိမိ၏တန်ခိုးတော်ကိုသူ့အား အပ်နှင်းတော်မူပြီ။ သူသည်လည်းလူမျိုးတကာတို့ကို တရားမျှတစွာစီရင်အုပ်ချုပ်လိမ့်မည်။
သင်တို့သည်လည်းခရစ်တော်နှင့်တစ်လုံးတစ် ဝတည်းဖြစ်လျက် အခြားသူအပေါင်းတို့နှင့် အတူတည်ဆောက်ခြင်းကိုခံသဖြင့်ဝိညာဉ် တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော် မူရာဌာနတော်ဖြစ်လာကြပေသည်။
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အားအကုန်အစင်သန့်ရှင်းဖြူစင်စေ တော်မူပါစေသော။ ငါတို့အရှင်သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၌ သင်တို့ သည်အပြစ်ဆိုဖွယ်မရှိကြစေရန်ဘုရား သခင်သည် သင်တို့၏ကိုယ်စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေသော။-
သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်အသွင် ဖြင့် ကိုယ်ခန္ဓာပုံသဏ္ဌာန်ထင်ရှားစွာဖြင့်ကိုယ်တော် ၏အပေါ်သို့ဆင်းသက်တော်မူ၏။ မိုးကောင်းကင် မှ ``သင်ကားငါနှစ်သက်မြတ်နိုးရာငါ၏ချစ် သားပေတည်း'' ဟုအသံတော်ထွက်ပေါ်လာ၏။
ဗာနဗသည်သူတော်ကောင်းဖြစ်၍သန့်ရှင်း သောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည် ခြင်းနှင့်လည်းကောင်းပြည့်ဝသဖြင့်များစွာ သောသူတို့အားသခင်ဘုရားကိုယုံကြည် စေ၏။
ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို လည်းကောင်း၊ ဝိညာဉ်တော်ကပေးသောဘုရား သခင်၏နှုတ်ကပတ်တော်တည်းဟူသော ဋ္ဌားကိုလည်းကောင်းယူဆောင်ကြလော့။-
သင်တို့မူကားခရစ်တော်သည်မိမိ၏ဝိညာဉ် တော်ကိုသင်တို့အပေါ်သို့သွန်းလောင်းတော်မူ ပြီ။ ဝိညာဉ်တော်သည်သင်တို့စိတ်နှလုံးတွင် ကိန်းအောင်းလျက်နေတော်မူသမျှကာလ ပတ်လုံးသင်တို့အားအခြားအဘယ်အရာမျှ သွန်သင်ပေးစရာမလို။ အဘယ်ကြောင့်ဆို သော်ကိုယ်တော်၏ဝိညာဉ်တော်သည်သင်တို့အား ခပ်သိမ်းသောအမှုအရာတို့ကိုသွန်သင်ပေး တော်မူသောကြောင့်ဖြစ်၏။ ဝိညာဉ်တော်သွန်သင် တော်မူသောအရာတို့သည်မှန်ကန်၍အမှား မရှိ။ ထို့ကြောင့်သင်တို့သည်ဝိညာဉ်တော်သွန် သင်သည့်အတိုင်းလိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်ကြ လော့။
ဤသို့ပြုတော်မူခြင်းမှာလူမျိုးခြားတို့ သည်ခရစ်တော်ယေရှုကိုအမှီပြု၍ အာဗြဟံ ခံစားရသည့်ကောင်းချီးမင်္ဂလာကိုခံစား ရစေရန်လည်းကောင်း၊ ငါတို့သည်ဘုရား သခင်ကတိထားတော်မူသောဝိညာဉ်တော် ကိုယုံကြည်ခြင်းအားဖြင့်ခံယူနိုင်ကြစေ ရန်လည်းကောင်းဖြစ်၏။
အန္တိအုတ်မြို့ရှိတပည့်တော်တို့သည်ရွှန်လန်း ဝမ်းမြောက်၍ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက်ရှိကြ၏။
သင်တို့နှင့်ငါတို့အားခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းအသက်ရှင်စေတော်မူသောအရှင် မှာ ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပေသည်။ ဘုရားသခင်ကိုယ်တော်တိုင်ငါတို့အားသီး သန့်ရွေးချယ်တော်မူ၍၊- မိမိ၏လူစုတော်အဖြစ်ဖြင့်တံဆိပ်ခတ်နှိပ် တော်မူ၏။ အနာဂတ်ကာလ၌ငါတို့အဖို့ လျာထားသည်များအတွက်အာမခံချက် အဖြစ် ကိုယ်တော်သည်ငါတို့စိတ်နှလုံးထဲ သို့သန့်ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်း တော်မူ၏။
ဘုရားသခင်သည်နာမ်ဝိညာဉ်ဖြစ်တော်မူ သဖြင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူတို့ သည်လည်းကိုယ်တော်အမှန်စင်စစ်ဖြစ်တော်မူ သည့်အတိုင်း ကိုယ်တော်၏ဝိညာဉ်တော်တန်ခိုး အားဖြင့်မှန်ကန်စွာဝတ်ပြုကိုးကွယ်နိုင်ကြ မည်'' ဟုမိန့်တော်မူ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသန့်ရှင်း ဖြူစင်အောင် ပြုပြင်တော်မူပါ။ ကြံ့ခိုင်တည်ကြည်သောစိတ်သဘောသစ်ကို ပေးတော်မူပါ။ ရှေ့တော်မှောက်မှကျွန်တော်မျိုးအား နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကိုကျွန်တော် မျိုးထံမှ ရုပ်သိမ်းတော်မမူပါနှင့်။
သို့ရာတွင်ဘုရားသခင်သည်မိမိ၏ဝိညာဉ် တော်ကို ငါတို့ထံသို့တစ်ဖန်ပြန်၍စေလွှတ် တော်မူလိမ့်မည်။ ထိုအခါမြေလွတ်မြေရိုင်း များသည်မြေကောင်းမြေသန့်များဖြစ်လာ ကြလျက် လယ်ယာများကောက်ပဲသီးနှံ အမြောက်အမြားထွက်လိမ့်မည်။-
ပညတ်တရားသည်အခါတစ်ပါးကငါတို့ အားချုပ်နှောင်ခဲ့၏။ ယင်းသို့ချုပ်နှောင်ခြင်းခံရ သောဘဝကိုစွန့်လွှတ်ခဲ့ပြီဖြစ်၍ ယခုအခါ မှာမူငါတို့သည်ပညတ်တရား၏လက်အောက် မှလွတ်မြောက်ကြပြီ။ ယခုအခါ၌ငါတို့ သည်အက္ခရာတင်ထားသည့်တရားဥပဒေ လမ်းစဉ်ဟောင်းအရမဟုတ်တော့ဘဲ ဝိညာဉ် တော်၏လမ်းစဉ်သစ်အရအမှုဆောင်ရွက် ကြပေသည်။
အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် စည်းမဲ့ကမ်းမဲ့ပြုမူခြင်းကိုလိုလားတော် မမူ။ ငြိမ်ဝပ်ပိပြားမှုကိုလိုလားတော်မူ သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏အသင်းတော်အပေါင်းတို့တွင် ကျင့်သုံးသည့်မူအတိုင်း၊-
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
ဇာတိသဘောနှင့်ဆိုင်သောအရာများကိုစိတ် စွဲလမ်းသူသည်အသက်သေလိမ့်မည်။ ဝိညာဉ် တော်နှင့်ဆိုင်သောအရာများကိုစိတ်စွဲလမ်း သူကား အသက်ရှင်သန်၍ငြိမ်သက်ခြင်းကို ရရှိလိမ့်မည်။-
ထူးဆန်းသောဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသူသည် မိမိအကျိုးကိုပြုစု၏။ နှုတ် ကပတ်တရားတော်ကိုဟောပြောသောသူမူ ကား အသင်းတော်တစ်ခုလုံး၏အကျိုးကို ပြုစု၏။
ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။
သို့ဖြစ်၍သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောကြောင့် အကျဉ်းခံရသူငါ သည်သင်တို့အားနှိုးဆော်ပါ၏။ သင်တို့ သည်ဘုရားသခင်ရွေးချယ်ခေါ်ယူတော် မူခြင်းကိုခံရသည်နှင့်အညီကျင့်ကြံ ပြုမူကြလော့။- သို့ဖြစ်၍ဆင်းသက်တော်မူသောအရှင်ကား စကြဝဠာတစ်ခုလုံးတွင်ရှိတော်မူရန် မိုး ကောင်းကင်ဘဝဂ်သို့တက်ကြွတော်မူသော အရှင်ပေတည်း။- လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။- ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။- ထို့ကြောင့်ငါတို့၏ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိ ကျွမ်းခြင်းအားဖြင့်လည်းကောင်း ငါတို့ရရှိ သမျှသည်တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် ခရစ်တော်၏ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သည့်သူများအဖြစ်သို့ရောက်ကြ ပေအံ့။- ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။- ငါတို့သည်မေတ္တာနှင့်သမ္မာတရားကိုဟောပြော သောအားဖြင့် အသင်းတော်၏ဦးခေါင်းဖြစ်တော် မူသောခရစ်တော်၌အစစအရာရာတွင်ကြီး ပွားတိုးတက်မှုရှိရကြပေမည်။- ကိုယ်တော်၏စီမံအုပ်ချုပ်မှုအောက်တွင်ကိုယ်အင်္ဂါ ရှိသမျှတို့သည်တစ်ခုနှင့်တစ်ခုအဆစ်အပိုင်း များဖြင့်ဆက်စပ်လျက်နေကြ၏။ သို့ဖြစ်၍ကိုယ် အင်္ဂါအသီးသီးတို့သည် မိမိတို့သက်ဆိုင်ရာ အလုပ်တာဝန်ကိုဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးကိုမေတ္တာတရားအား ဖြင့်တည်ဆောက်၍ကြီးပွားစေလေသည်။ သို့ဖြစ်၍သင်တို့သည်ဘုရားမဲ့သူများနည်း တူဆက်လက်မကျင့်ကြံကြရန် သခင်ဘုရား ၏နာမတော်ကိုအမှီပြု၍ငါသတိပေး လို၏။ သူတို့၏အကြံအစည်များကား အချည်းနှီးသာဖြစ်သည်။- သူတို့သည်ဉာဏ်အလင်းကွယ်၍အသိတရား လုံးဝကင်းမဲ့လျက်ခေါင်းမာကြသဖြင့် ဘုရား သခင်ချမှတ်ပေးတော်မူသောအသက်နှင့် ကင်းကွာလျက်ရှိကြ၏။- ရှက်ကြောက်စိတ်လုံးဝမရှိတော့သဖြင့်သူတို့ သည်ကာမဂုဏ်လိုက်စားကာ ညစ်ညမ်းသောအကျင့် အမျိုးမျိုးတို့ကိုအချုပ်အချယ်မရှိပြုကျင့် ကြပေသည်။ အစဉ်စိတ်နှလုံးနှိမ့်ချကြလော့။ သိမ်မွေ့ နူးညံ့ကြလော့။ စိတ်ရှည်ကြလော့။ တစ်ဦး ကိုတစ်ဦးသည်းခံခြင်းအားဖြင့်မေတ္တာပြ ကြလော့။-
အဖန်ဆင်းခံလောကသာမကဘုရား သခင်၏အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကိုခံယူရရှိသူငါတို့သည်လည်း ဘုရားသခင်၏သားများဖြစ်ခွင့်ကိုလည်းကောင်း၊ ငါတို့ကိုယ်ခန္ဓာတစ်ခုလုံးကယ်တင်ခြင်းခံရ ခွင့်ကိုလည်းကောင်း စောင့်မျှော်ကာညည်းတွား လျက်ရှိကြပေသည်။-
သို့သော်သင်တို့အားငါအမှန်အကန်ပြော သည်ကား ငါသွားရခြင်းသည်သင်တို့အဖို့ ပို၍ကောင်း၏။ ငါမသွားလျှင်မစတော်မူ သောအရှင်သည်ကြွလာတော်မူမည်မဟုတ်။ ငါသွားလျှင်မူကားထိုအရှင်ကိုသင်တို့ ထံသို့ငါစေလွှတ်မည်။- ထိုအရှင်ကြွလာတော်မူသောအခါလောက သားတို့အားအပြစ်အကြောင်းကိုလည်းကောင်း၊ အမှန်တရားအကြောင်းကိုလည်းကောင်း၊ တရား စီရင်တော်မူခြင်းအကြောင်းကိုလည်းကောင်း ရှင်းလင်းစွာဖော်ပြတော်မူပေအံ့။-
သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။ သင်တို့သည်ကိုယ်တော်၏သားများဖြစ်ကြောင်း သက်သေပြရန်``အဗ္ဗ၊ အဘ'' ဟုကြွေးကြော်သော သားတော်၏ဝိညာဉ်တော်ကိုငါတို့စိတ်နှလုံး ထဲသို့ဘုရားသခင်စေလွှတ်တော်မူ၏။-
ကျမ်းစာတော်တွင်၊ ``အဘယ်သူသည်ထာဝရဘုရားရှင်၏ စိတ်သဘောတော်ကိုသိပါသနည်း။ အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်ပါသနည်း'' ဟူ၍ပါရှိသည်အတိုင်းပင်ဖြစ်၏။ ငါတို့မူကား ခရစ်တော်၏စိတ်သဘောတော်ကိုရရှိကြ၏။
ငါတို့အားမနာခံမှုအားဖြင့်ဝိညာဉ်ရေး အရသေလျက်ရှိနေရာမှ ခရစ်တော်နှင့်အတူ ရှင်ပြန်စေတော်မူ၏။ သင်တို့သည်ဘုရားသခင် ၏ကျေးဇူးတော်ကြောင့်သာလျှင် ကယ်တင်ခြင်း ကိုခံရကြပေသည်။-
ကိုယ်တော်သည်ငါ့ကိုအားသစ်လောင်းတော်မူ၏။ ကတိတော်ရှိတော်မူသည့်အတိုင်းလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။
လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။- သို့ဖြစ်၍ကိုယ်တော်သည်မိမိသီးသန့်ထားသူ တို့ကိုခေါ်ယူတော်မူ၏။ ယင်းသို့ခေါ်ယူတော် မူသောသူတို့အား မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူပြီးလျှင်မိမိ၏ဘုန်းအသရေ တော်ကိုခံစားခွင့်ပေးတော်မူ၏။ အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။- မိမိ၏သားတော်ရင်းကိုပင်မနှမြောဘဲငါ တို့ရှိသမျှအတွက် ယဇ်အဖြစ်ပူဇော်တော် မူသောဘုရားသခင်သည်ဆန့်ကျင်မည်မဟုတ်။ ငါတို့အတွက်သားတော်ကိုပူဇော်သောအရှင် သည်အရာခပ်သိမ်းကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။- ဘုရားသခင်ရွေးချယ်ထားတော်မူသောလူ တို့အား အဘယ်သူသည်ပြစ်တင်စွပ်စွဲမည်နည်း။ သူတို့၌အပြစ်မရှိကြောင်းဘုရားသခင် ကိုယ်တော်တိုင်ထုတ်ဖော်ကြေညာတော်မူပြီ။- သို့ဖြစ်၍သူတို့အားအဘယ်သူပြစ်ဒဏ် စီရင်မည်နည်း။ ခရစ်တော်စီရင်မည်မဟုတ်။ အသေခံတော်မူသည်သာမက သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော် ယေရှုသည် ဘုရားသခင်၏လက်ယာတော် ဘက်တွင်ထိုင်တော်မူကာ ငါတို့အတွက် ဘုရားသခင်အားအသနားခံလျက်နေ တော်မူ၏။- သို့ဖြစ်၍အဘယ်သူသည်ငါတို့အားခရစ် တော်၏မေတ္တာတော်နှင့်ကွဲကွာစေနိုင်မည်နည်း။ ဒုက္ခရောက်ခြင်း၊ ကျဉ်းကျပ်ခြင်း၊ အညှဉ်းပန်း ခံရခြင်း၊ ငတ်မွတ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဘေးအန္တရာယ်နှင့်တွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း တို့သည်ကိုယ်တော်၏မေတ္တာတော်နှင့်ငါတို့ကို ကွဲကွာစေနိုင်မည်လော။ ``ကိုယ်တော်၏အတွက်အကျွန်ုပ်တို့သည် တစ်နေ့လုံးပင်သေဘေးနှင့်ရင်ဆိုင်လျက် နေကြပါ၏။ သတ်ရန်လျာထားသောသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုသူတစ်ပါးမှတ်တတ်ကြပါ၏'' ဟူသောကျမ်းစကားအတိုင်းဖြစ်ပေသည်။- မကွဲမကွာစေသည်သာမကငါတို့သည်ထို အတွေ့အကြုံခပ်သိမ်းတို့နှင့်ဆိုင်ရာတွင် ငါ တို့ကိုချစ်တော်မူသောအရှင်အားဖြင့်အထူး အောင်မြင်လျက်ရှိကြ၏။- အဘယ်ကြောင့်ဆိုသော်မည်သည့်အရာမျှငါ တို့အားကိုယ်တော်၏မေတ္တာတော်နှင့်မကွဲမကွာ စေနိုင်။ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်များဖြစ်စေ၊ ကောင်းကင်အာဏာ ပိုင်ဖြစ်စေ၊ ပစ္စုပ္ပန်အရာဖြစ်စေ၊ အနာဂတ် အရာဖြစ်စေ၊- ကောင်းကင်အထက်အရာဖြစ်စေ၊ မြေအောက် အရာဖြစ်စေ၊ ဖန်ဆင်းထားသောမည်သည့်အရာ ပင်ဖြစ်စေ၊ ငါတို့အရှင်ခရစ်တော်ယေရှုအား ဖြင့်ဘုရားသခင်ဖော်ပြတော်မူသောမေတ္တာတော် နှင့် ငါတို့အားမကွဲမကွာစေနိုင်ဟုငါဧကန် အမှန်သိသောကြောင့်တည်း။ ဤသို့ဘုရားသခင်အရေးယူဆောင်ရွက်တော် မူရခြင်းမှာ ငါတို့သည်လူ့ဇာတိသဘောနှင့် အညီမဟုတ်ဘဲ၊ ဝိညာဉ်တော်၏အလိုတော် နှင့်အညီအသက်ရှင်ကြသောငါတို့သည် ပညတ်တရားပြဋ္ဌာန်းသည့်အကျင့်များ ကိုလိုက်နာကျင့်သုံးကြစေရန်ဖြစ်သည်။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-
ဤသို့ပြောင်းလဲစေရန်ငါတို့ကိုပြင်ဆင် ပေးသောအရှင်ကားဘုရားသခင်ပေတည်း။ ငါတို့ခံစားစေရန်ကိုယ်တော်၏ဆုကျေးဇူး အပေါင်းအတွက် အာမခံချက်အဖြစ်ဖြင့် ဝိညာဉ်တော်ကိုငါတို့အားပေးတော်မူပြီ။
သင်တို့သည်ဘုရားသခင်၏ချစ်သားများဖြစ် သဖြင့် ကိုယ်တော်နှင့်တူအောင်ကြိုးစားကြရမည်။- သခင်ဘုရားနှစ်သက်တော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုကြိုးစား ၍သင်ယူကြလော့။- မှောင်မိုက်တွင်ကျင်လည်သူတို့ပြုသည့်အကျိုး မဲ့သောအမှုများကိုမပြုဘဲ ယင်းအမှုတို့ ကိုအလင်းသို့ဖော်ထုတ်ကြလော့။- (ဤသူတို့ဆိတ်ကွယ်ရာတွင်ပြုကျင့်သည့် အမှုများကိုဖော်ပြရန်ပင်အလွန်ရှက်စရာ ကောင်း၏။-) အလင်းသို့ဖော်ထုတ်ခြင်းခံရသည့်အရာဟူ သမျှသည် မိမိတို့၏ပင်ကိုသဘောပေါ်၍ လာလေသည်။- အဘယ်ကြောင့်ဆိုသော်အလင်းသည်ခပ်သိမ်း သောအရာတို့ကိုပေါ်လွင်ထင်ရှားစေသော ကြောင့်ဖြစ်၏။ ဤအကြောင်းကြောင့်ကျမ်းစာ တော်တွင်၊ ``အိပ်ပျော်သူ၊ ထလော့။ သေခြင်းမှထြေမာက်လော့။ ခရစ်တော်သည်သင့်အပေါ်သို့ ထွန်းလင်းတော်မူလိမ့်မည်'' ဟုပါရှိသတည်း။ သို့ဖြစ်၍သင်တို့ပြုကျင့်ပုံကိုသတိပြုကြ လော့။ ပညာမဲ့သူများကဲ့သို့မဟုတ်ဘဲပညာ ရှိသူများကဲ့သို့ပြုကျင့်ကြလော့။- ဤနေ့ရက်ကာလသည်ဆိုးယုတ်သောကာလဖြစ် သောကြောင့် သင်တို့ရရှိသည့်အခွင့်အရေးရှိ သမျှကိုအကျိုးရှိအောင်အသုံးပြုကြလော့။- ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။ သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။- တစ်ဦးနှင့်တစ်ဦးစကားပြောကြသောအခါ ဆာလံသီချင်း၊ ဋ္ဌမ္မသီချင်းနှင့်ဘာသာရေးသီ ချင်းများမှစကားများဖြင့်ပြောဆိုကြလော့။ စိတ်နှလုံးအတွင်း၌သခင်ဘုရားအားထော မနာပြုလျက် ဋ္ဌမ္မသီချင်းများနှင့်ဆာလံ သီချင်းများကိုသီဆိုကူးအေးကြလော့။- ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
ထိုနောက်ယောဟန်က ``ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်အသွင်ဖြင့်ဆင်းသက်၍ ကိုယ်တော်၏အပေါ်မှာနားသည်ကိုငါမြင် ရ၏။- ကိုယ်တော်သည်မည်သူဖြစ်သည်ကို ယခင်က ငါမသိ။ သို့သော်ရေဖြင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်တော်မူသောဘုရားသခင် က `ဝိညာဉ်တော်သည်ဆင်းသက်၍တစ်စုံ တစ်ယောက်သောသူ၏အပေါ်မှာနားတော်မူ သည်ကိုသင်မြင်ရလိမ့်မည်' ဟုငါ့အား မိန့်တော်မူခဲ့၏။-
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
ညီအစ်ကိုတို့၊ လွတ်လပ်မှုရစေရန်ဘုရားသခင် သည်သင်တို့ကိုရွေးကောက်တော်မူပေသည်။ သို့ ရာတွင်လွတ်လပ်မှုကိုအကြောင်းပြ၍ လူ့ဇာတိ အလိုသို့မလိုက်ကြဘဲမေတ္တာဖြင့်အချင်း ချင်းကျေးဇူးပြုကြလော့။-
ညီအစ်ကိုတို့၊ သင်တို့အထဲမှသင်တို့နှစ်သက် သူ လူခုနစ်ယောက်ကိုရွေးချယ်ကြလော့။ ဤ တာဝန်ကိုထမ်းဆောင်စေရန်ထိုသူတို့အား ငါတို့ခန့်ထားမည်။ သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့် လည်းကောင်းပြည့်ဝလျက်အသရေရှိသူ များဖြစ်ရမည်။-
သူတို့သည်ပုန်ကန်ကာကိုယ်တော်အားဝမ်း နည်းစေကြ၏။ သို့ဖြစ်၍ထာဝရဘုရား သည်သူတို့ကိုရန်ဘက်ပြုကာတိုက်ခိုက် တော်မူသတည်း။ ထိုအခါသူတို့သည်အတိတ်ကာလ၊ ထာဝရ ဘုရား၏အစေခံမောရှေ၏ခေတ်ကိုအောက်မေ့ သတိရကြလျက်``မိမိလူမျိုးတော်၏ခေါင်း ဆောင်များကိုပင်လယ်မှကယ်တော်မူသော ထာဝရဘုရားသည်အဘယ်မှာနည်း။ မောရှေ အားထူးကဲသည့်တန်ခိုးကို ပေးတော်မူသော ထာဝရဘုရားကားအဘယ်မှာနည်း။-
ငါတို့သခင်ယေရှု၏ခမည်းတော်ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြကုန် စို့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းကင်လောကဆိုင်ရာဝိညာဉ်ကောင်း ချီးမင်္ဂလာအပေါင်းကို ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သူငါတို့အား ပေးသနားတော်မူသောကြောင့်တည်း။-
ထူးဆန်းသောဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသောသူသည်လူနှင့်ပြောဆိုသည် မဟုတ်။ ဘုရားနှင့်သာပြောဆိုခြင်းဖြစ်၏။ သူ၏စကားကိုအဘယ်သူမျှနားမလည်။ သူသည်ဝိညာဉ်တော်တန်ခိုးဖြင့်လျှို့ဝှက် နက်နဲသည့်အကြောင်းအရာများကိုပြော ဆို၏။-
ငါသည်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏စိတ် နှလုံးသည်ဆုတောင်းပတ္ထနာပြုလျက်နေသော် လည်းငါ၏အသိဉာဏ်မူကားပါဝင်မှုမရှိ။- သို့ဖြစ်၍အဘယ်သို့ငါပြုရမည်နည်း။ ငါသည် စိတ်နှလုံးအားဖြင့်သာမကအသိဉာဏ်အား ဖြင့်လည်းဆုတောင်းပတ္ထနာပြုမည်။ စိတ်နှလုံး အားဖြင့်သီချင်းဆိုသည်သာမကအသိ ဉာဏ်အားဖြင့်လည်းသီဆိုမည်။-
ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးကြောင့် ခံစားရရှိသည့်ဝမ်းမြောက်ခြင်းကို ကျွန်တော်မျိုးအားပေးသနားတော်မူပါ။ ကိုယ်တော်ရှင်၏အမိန့်တော်ကိုနာခံတတ်စေ တော်မူပါ။
ဤသို့မိန့်တော်မူပြီးလျှင်ကိုယ်တော်သည် တပည့်တော်တို့အပေါ်သို့မှုတ်တော်မူလျက် ``သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူကြ လော့။-
ငါတို့သည်ဘုရားသခင်၏ထံတော်၌အလုပ် လုပ်သောလုပ်ဖော်ကိုင်ဘက်ဖြစ်ကြ၏။ သင်တို့ သည်ကားဘုရားသခင်၏ဥယျာဉ်တော်ဖြစ်၏။ သင်တို့သည်ဘုရားသခင်၏ကျောင်းတော်တိုက် လည်းဖြစ်၏။-
သင့်အားပေးအပ်ထားသောကောင်းမြတ်သည့် အရာများကိုငါတို့တွင်ကိန်းအောင်းတော်မူ သောသန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုး တော်အားဖြင့်ထိန်းသိမ်းစောင့်ရှောက်လော့။
သန့်ရှင်းသောဝိညာဉ်တော်ကလည်း၊ ``နောင်အခါသူတို့နှင့်ငါပြုမည့်ပဋိညာဉ် များမူကား၊ ငါသည်သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်ကိုထည့်သွားမည်။ သူတို့၏နှလုံးသားပေါ်တွင်ရေးထားမည်'' ဟုဦးစွာပထမသက်သေခံတော်မူ၏။-
ကိုယ်တော်အားကြောက်ရွံ့ရိုသေမှု၌လည်း မွေ့လျော်ပျော်ပိုက်လိမ့်မည်။ သူသည်မျက်စိနှင့်မြင်ယုံသို့မဟုတ် တစ်ဆင့်စကားနှင့်ကြားယုံဖြင့်အဆုံး အဖြတ် ပေးလိမ့်မည်မဟုတ်။
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်သဖြင့်ကိုယ်တော်၏လူစုတော်အတွက် ကိုယ်တော်လျာထားတော်မူသောကောင်းချီး မင်္ဂလာများကိုခံစားရကြမည်။ ခရစ်တော် အတွက်ဘုရားသခင်လျာထားတော်မူ သည့်ဂုဏ်အသရေကိုလည်းခံစားရကြ မည်။ အဘယ်ကြောင့်ဆိုသော်ငါတို့သည် ခရစ်တော်နှင့်အတူဝေဒနာခံစားကြ လျှင် ကိုယ်တော်နှင့်အတူဘုန်းအသရေ တော်ခံစားရကြမည်ဖြစ်သောကြောင့် တည်း။
သို့ဖြစ်၍ဘုရားသခင်သည်အချိန်တန်သော အခါသင်တို့အားချီးမြှင့်တော်မူနိုင်ရန် သင်တို့သည်ကိုယ်တော်၏တန်ခိုးကြီးသော လက်တော်အောက်၌မိမိတို့ကိုယ်ကိုနှိမ့်ချ ကြလော့။- ကိုယ်တော်သည်သင်တို့ကိုအလေးဂရုပြု တော်မူသောကြောင့် သင်တို့၏ပူပင်သောက ရှိသမျှတို့ကိုကိုယ်တော်အားပုံ၍အပ်နှံ ကြလော့။
ငါတို့သည်မေတ္တာနှင့်သမ္မာတရားကိုဟောပြော သောအားဖြင့် အသင်းတော်၏ဦးခေါင်းဖြစ်တော် မူသောခရစ်တော်၌အစစအရာရာတွင်ကြီး ပွားတိုးတက်မှုရှိရကြပေမည်။-
ဘုရားသခင်သည်မိမိစေလွှတ်တော်မူသောသူ အားဝိညာဉ်တော်ကိုအပြည့်အဝချပေးတော် မူသည်ဖြစ်၍ ထိုသူသည်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဖော်ပြတတ်၏။-
ထိုသူတို့သည်သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်ကသူတို့အား ``ရှောလု နှင့်ဗာနဗတို့ကို ငါ၏အမှုတော်ဆောင်ရန် အတွက်သီးသန့်ရွေးချယ်ကြလော့'' ဟုမိန့် တော်မူ၏။
သင်တို့သည်ယုံကြည်ခြင်း၌တည်ကြည်သူများ ဟုတ်မဟုတ် မိမိတို့ကိုယ်ကိုဆန်းစစ်ကြလော့။ ဤ သို့အစစ်အဆေးခံရာတွင်အောင်မြင်ပါမူ သင် တို့သည်မိမိတို့စိတ်နှလုံးအတွင်း၌ ခရစ်တော် ကိန်းအောင်းတော်မူကြောင်းအသေအချာသိရှိ ကြမည်။-
အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-
ထိုအခါပေတရုသည် သန့်ရှင်းသောဝိညာဉ် တော်ဖြင့်ပြည့်ဝလျက်``လူတို့၏ခေါင်းဆောင် တို့နှင့်အကြီးအကဲတို့၊-
ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။- ထို့ကြောင့်ငါတို့၏ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိ ကျွမ်းခြင်းအားဖြင့်လည်းကောင်း ငါတို့ရရှိ သမျှသည်တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် ခရစ်တော်၏ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သည့်သူများအဖြစ်သို့ရောက်ကြ ပေအံ့။-