Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 15:13 - Common Language Bible

13 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် သင်​တို့​၏​မျှော်​လင့်​ခြင်း​ပါ​ရ​မီ​ကြွယ်​ဝ​စေ ခြင်း​ငှာ မျှော်​လင့်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင် သည် သင်​တို့​၏​ယုံ​ကြည်​မှု​ကြောင့်​သင်​တို့​အား ဝမ်း​မြောက်​ခြင်း​အ​မျိုး​မျိုး​နှင့်​ငြိမ်​သက်​ခြင်း ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သင်​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တန်ခိုး​အားဖြင့် မျှော်လင့်​ခြင်း​နှင့်​ကြွယ်ဝ​မည့်​အကြောင်း မျှော်လင့်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် ယုံကြည်​ခြင်း​မှ​လာ​သော ဝမ်းမြောက်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​အလုံးစုံ​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ဘုရားသခင်​ကို သင်တို့​ယုံကြည်​သောကြောင့် မျှော်လင့်ခြင်း​၏ အရှင် ထို​ဘုရားသခင်​သည် သင်တို့​အား ဝမ်းမြောက်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့​အားဖြင့် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ကြောင့် မျှော်လင့်ခြင်း​အပြည့်အဝ ရှိ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 15:13
21 ပူးပေါင်းရင်းမြစ်များ  

``သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ဝမ်း​မြောက်​စွာ ထွက်​ခွာ​ရ​ကြ​လိမ့်​မည်။ မြို့​ထဲ​မှ​ငြိမ်း​ချမ်း​စွာ​ထုတ်​ဆောင်​ခေါ်​ယူ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး​တောင်​ငယ်​တို့​သည်​ဟစ်​အော်​၍ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သစ်​ပင်​များ​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။


ကိုယ်​တော်​ရှင်​သာ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏ မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​သော​အ​ခါ ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​ဧည့်​သည်​ကဲ့​သို့၊ တစ်​ညဥ့်​မျှ​သာ​တည်း​ခို​သည့်​ခ​ရီး​သည်​ကဲ့​သို့ ပြု​တော်​မူ​ပါ​သ​နည်း။


ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ ကြွေး​ကြော်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​မှ​ဟစ်​အော်​တော်​မူ​၏။ မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​သည်​လည်း​တုန်​လှုပ် ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကာ​ကွယ်​တော်​မူ​လိမ့်​မည်။


သ​ခင်​ယေ​ရှု​က ``သင်​တို့​စိတ်​မ​ပူ​ပန်​ကြ နှင့်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကြ​လော့။ ငါ့ ကို​လည်း​ယုံ​ကြည်​လော့။-


``ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ထား​ခဲ့​၏။ ငါ​၏​ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ပေး​၏။ လော​က​သား​တို့​ပေး​သ​ကဲ့​သို့​မ​ဟုတ်။ သင်​တို့ စိတ်​မ​ပူ​ပန်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။-


သင်​တို့​၌​မျှော်​လင့်​ချက်​ရှိ​သော​ကြောင့်​ဝမ်း မြောက်​ရွှင်​လန်း​ကြ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ သော​အ​ခါ​သည်း​ခံ​ကြ​လော့။ မ​ပြတ်​မ​လပ် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-


ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။-


သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စံ​န မူ​နာ​ကို​လိုက်​၍​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ စေ​ရန် သည်း​ခံ​မှု​နှင့်​နှစ်​သိမ့်​မှု​၏​အ​ရှင်​ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကူ​မ​တော်​မူ​ပါ​စေ သော။-


ဟော​ပြော​သွန်​သင်​ရာ​၌​လူ​တို့​၏​ဉာဏ်​ပညာ နှင့်​ယှဉ်​သော​စ​ကား​များ​ကို​အ​သုံး​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး​ပါ​ရှိ သည့်​စ​ကား​များ​ကို​သာ​အ​သုံး​ပြု​၏။-


သင်​တို့​သည်​လို​သ​မျှ​သော​အ​ရာ​များ​ကို အ​စဉ်​ပင်​ရ​ရှိ​ပြီး​လျှင်​ကောင်း​မှု​အ​မျိုး​မျိုး တို့​တွင်​ကူ​ညီ​မ​စ​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​သင်​တို့​အား​လို​သ​မျှ​သော အ​ရာ​တို့​ထက်​ပို​၍​ပေး​ရန်​တတ်​နိုင်​တော် မူ​၏။-


ဝိ​ညာဉ်​တော်​က​ဖြစ်​ပေါ်​စေ​သည့်​အ​သီး​အ​ပွင့် မူ​ကား​ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ ကောင်း မြတ်​ခြင်း၊ သစ္စာ​စောင့်​ခြင်း၊-


ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို သင်​တို့​ခံ​စား​ရ​ပါ​စေ​သ​တည်း။


အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​သ​တင်း ကောင်း​ကို စ​ကား​သက်​သက်​ဖြင့်​သာ​မ​ဟုတ် ဘဲ​တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ထို​သ​တင်း ကောင်း​မှန်​ကန်​ကြောင်း​ကို​လုံး​ဝ​စိတ်​ချ ယုံ​ကြည်​သော​စိတ်​နှင့်​လည်း​ကောင်း သင်​တို့ အား​ဟော​ပြော​သော​ကြောင့်​ဖြစ်​၏။ ငါ​တို့ သည်​သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သင်​တို့​၏​အ​ကျိုး​ငှာ ငါ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​ကြ​သည်​ကို​သင်​တို့​အ​သိ ပင်​ဖြစ်​၏။-


ငါ​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​နှင့်​ငါ တို့​မျှော်​လင့်​ရာ​ဖြစ်​သော​ခ​ရစ်​တော်​ယေ​ရှု​၏ အ​မိန့်​တော်​အ​ရ ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန် တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ​သော​ငါ ပေါ​လု​ထံ​မှ၊


သင်​တို့​ရှိ​သ​မျှ​သည်​နောက်​ဆုံး​၌​မိ​မိ​တို့ ၏​မျှော်​လင့်​ချက်​ပြည့်​စုံ​လာ​သည့်​တိုင်​အောင် ယ​ခု​အ​တိုင်း​ဆက်​လက်​၍​နိုး​ကြား​တက် ကြွ​ကြ​စေ​ရန်​ငါ​တို့​အ​လို​ရှိ​ကြ​၏။-


သင်​တို့​သည်​ခ​ရစ်​တော်​ကို​မ​မြင်​ဘူး​သော် လည်း​ချစ်​ကြ​၏။ ယ​ခု​မ​တွေ့​မ​မြင်​ရ​သော် လည်း​သင်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​နှုတ်​ဖြင့်​မ​ဖော် ပြ​နိုင်​အောင်​လွန်​စွာ​ဘုန်း​ကြီး​သော​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​၏။-


ဟန္န​က​လည်း``ကျွန်​မ​သည်​အ​ရှင်​ပေး​သည့်​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။ ထို​နောက်​သူ​သည်​စိတ်​သက်​သာ​မှု​ရ​လျက်​ထွက် ခွာ​သွား​ပြီး​လျှင် အ​စား​အ​စာ​အ​နည်း​ငယ်​ကို စား​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ