ရောမ 15:14 - Common Language Bible14 ညီအစ်ကိုတို့၊ သင်တို့သည်ကောင်းမြတ်ခြင်း ပါရမီနှင့်လည်းကောင်း၊ အသိပညာအမျိုး မျိုးနှင့်လည်းကောင်းပြည့်စုံလျက်အချင်းချင်း သွန်သင်နိုင်ကြကြောင်းကိုငါစိတ်ချယုံ ကြည်၏။- အခန်းကိုကြည့်ပါ။Garrad Bible14 ညီ အစ် ကို တို့၊ သင် တို့ သည် ပါ ရ မီ နှင့် လည်း ကောင်း၊ အ သိ ပ ညာ နှင့် လည်း ကောင်း စုံ လင် ပြည့် လျှံ သည် ဖြစ်၍ အ ချင်း ချင်း ပဲ့ ပြင် နိုင် ကြောင်း ငါ စိတ် ချ လျက် ရှိ သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible14 ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောပကတိသဘောနှင့် ပြည့်စုံ၍ အရာရာတို့ကို သိနားလည်သဖြင့်၊ အချင်းချင်းဆုံးမခြင်းငှာ တတ်နိုင်သည်ကို ငါသဘောကျလျက်ရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ငါ့ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင် ကောင်းမြတ်ခြင်းနှင့်ပြည့်ဝလျက် အသိပညာအမျိုးမျိုးနှင့်ပြည့်စုံကာ အချင်းချင်းကိုသတိပေးဆုံးမနိုင်ကြသည်ဟု သင်တို့နှင့်ပတ်သက်၍ ငါယုံကြည်စိတ်ချ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ကောင်းခြင်းနှင့် ပြည့်စုံ၍ အသိပညာကြွယ်သဖြင့် အချင်းချင်း ပဲ့ပြင်သွန်သင်နိုင်စွမ်းရှိသည်ကို ကျွန်ုပ် အပြည့်အဝယုံကြည်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ရေးသားမေးမြန်းသည့်ရုပ်တုများ ကိုပူဇော်ရာအစားအစာကိစ္စနှင့်ပတ်သက် ၍ ငါဖြေပေးပါမည်။ ငါတို့အားလုံးပင် အသိပညာရှိသူများဖြစ်သည်ဟုဆို သည့်စကားမှာမှန်ပေ၏။ သို့ရာတွင်အသိ ပညာသည်လူတို့ကိုမာန်မာနထောင် လွှားစေတတ်၏။ မေတ္တာမူကားဆောက်တည် မှုကိုပြုတတ်၏။-
သို့ရာတွင်လူတိုင်းဤသစ္စာတရားကိုသိရှိ ကြသည်မဟုတ်။ အချို့သောသူတို့သည် ရုပ်တုကိုကိုးကွယ်ခဲ့သည့်အတွက် ယခု တိုင်အောင်ပင်ရုပ်တုအားပူဇော်ပြီးသော အစားအစာကိုစားသောအခါ ရုပ်တု၏ အစားအစာဟုမှတ်ယူလျက်စားနေကြ ၏။ ထို့ကြောင့်သူတို့သည်စိတ်မသိုးမသန့် ဖြစ်ကာ ထိုအစားအစာကမိမိတို့အား ညစ်ညမ်းစေသည်ဟုထင်မှတ်ကြ၏။-
သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
ဤအကြောင်းကြောင့်ငါတို့သည်သင်တို့ အတွက်အစဉ်အမြဲဆုတောင်းပတ္ထနာ ပြုကြ၏။ သင်တို့သည်ရွေးကောက်တော်မူ ခြင်းကျေးဇူးတော်နှင့်အညီပြုမူကျင့် ကြံနိုင်ကြစေရန် ငါတို့၏ဘုရားသခင် အားငါတို့တောင်းလျှောက်ကြ၏။ ကိုယ်တော် သည်တန်ခိုးတော်အားဖြင့်သင်တို့၏ကောင်း မြတ်သည့်လိုအင်ဆန္ဒရှိသမျှကိုပြည့်ဝ စေတော်မူ၍ သင်တို့၏ယုံကြည်ခြင်းအရ ပြုသမျှသောအမှုတို့ကိုပြီးမြောက် ခွင့်ပေးတော်မူပါစေသော။-
သင်တို့သည်ယခုအချိန်အခါလောက်ဆိုလျှင် ဋ္ဌမ္မပညာပို့ချသူများဖြစ်သင့်ကြလေပြီ။ သို့ ရာတွင်သင်တို့အားဘုရားသခင်၏တရား တော်အခြေခံကို တစ်စုံတစ်ယောက်ကသင်ကြား ပေးရန်လိုနေသေးပါသည်တကား။ သင်တို့သည် မာသောအစားအစာကိုစားမည့်အစားနို့ ကိုသာလျှင်သောက်နေကြသေး၏။-