ဟေရှာယ 32:15 - Common Language Bible15 သို့ရာတွင်ဘုရားသခင်သည်မိမိ၏ဝိညာဉ် တော်ကို ငါတို့ထံသို့တစ်ဖန်ပြန်၍စေလွှတ် တော်မူလိမ့်မည်။ ထိုအခါမြေလွတ်မြေရိုင်း များသည်မြေကောင်းမြေသန့်များဖြစ်လာ ကြလျက် လယ်ယာများကောက်ပဲသီးနှံ အမြောက်အမြားထွက်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible15 ဝိ ညာဉ် တော် ကို ဘ ဝဂ် က ငါ တို့ အ ပေါ် သို့ သွန်း လောင်း တော် မူ သ ဖြင့်၊ သဲ တော သည် ခြံ ဖြစ် လျက်၊ ယ ခု ခြံ မြိုင် ဟု မှတ် ဖွယ် ရှိ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible15 ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ်သို့သွန်းလောင်း၍၊ တောသည် အသီးအနှံများသော လယ်ဖြစ်၍၊ အသီးအနှံများသောလယ်သည် တောအုပ်ကဲ့သို့ မှတ်ရသောကာလ မရောက်မီတိုင်အောင်၊ ထိုသို့ ဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ငါတို့အပေါ် ဝိညာဉ်တော်ကို အထက်အရပ်မှသွန်းလောင်း၍ တောကန္တာရသည် သီးနှံဖြစ်ထွန်းသောမြေဖြစ်ပြီး သီးနှံဖြစ်ထွန်းသောမြေကို တောအုပ်ဟုထင်မှတ်ရသည့်အချိန်အထိ ထိုသို့ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အရှေ့မျက်နှာမှသည်အနောက်မျက်နှာသို့ တိုင်အောင် လူအပေါင်းတို့သည်ကိုယ်တော်၏ နာမတော်နှင့်ဘုန်းတန်ခိုးတော်တို့ကိုကြောက် ရွံ့လေးစားကြလိမ့်မည်။ ကိုယ်တော်သည်အရှိန် ပြင်းသည့်ချောင်းရေကဲ့သို့လည်းကောင်း၊ အဟုန် ကြီးသည့်လေကဲ့သို့လည်းကောင်းကြွလာ တော်မူလိမ့်မည်။
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
ငါသည်ငါ၏ဝိညာဉ်တော်ကိုသူတို့အား ပေးသွင်း၍ သူတို့အားအသက်ပြန်၍ရှင် လာစေပြီးလျှင် မိမိတို့ကိုယ်ပိုင်ပြည်တွင် နေထိုင်စေမည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်။ ငါသည်ဤအမှုကိုပြု မည်ဟုကတိထားတော်မူပြီ။ ဤကား ငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။