ကောလောသဲ 1:9 - Common Language Bible
9 သို့ဖြစ်ခြင်းကြောင့်သင်တို့၏သတင်းကိုကြား ရသည့်နေ့မှစ၍ ငါတို့သည်သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေ၏။ သင်တို့သည်ဝိညာဉ်တော်ချပေးတော်မူသော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့် ဘုရားသခင် ၏အလိုတော်ကိုကောင်းစွာသိရှိကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းကြ ပါ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
9 ထို အ ကြောင်း ကြောင့် ငါ တို့ သည် ကြား ရ သည့် နေ့ က စ၍ သင် တို့ အ တွက် မ ပြတ် ပ ဌ နာ ပြု သည် မှာ ဝိ ညာဉ် တော် ဆိုင် ရာ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် အ မျိုး မျိုး ဖြင့် အ လို တော် ကို သိ ကျွမ်း ခြင်း နှင့် ပြည့် စုံ၍၊
အခန်းကိုကြည့်ပါ။ ကော်ပီ
9-11 ထိုကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဖို့ အလိုငှာ အစဉ်မပြတ် ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။ ဆုတောင်းသောအချက် ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဉာဏ်တိုးပွားခြင်းရှိသဖြင့်လည်းကောင်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှာ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့်လည်းကောင်း၊ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှာ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
9 ထို့ကြောင့် ငါတို့သည်လည်း ကြားရသည့်နေ့မှစ၍ သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းလျက် သင်တို့သည် ဝိညာဉ်ရေးဆိုင်ရာဉာဏ်ပညာနှင့် တတ်သိနားလည်မှုအလုံးစုံတို့ဖြင့် ဘုရားသခင်၏အလိုတော်ကိုသိသောဉာဏ်နှင့်ပြည့်ဝ၍
အခန်းကိုကြည့်ပါ။ ကော်ပီ
9 ထို့ကြောင့် သင်တို့အကြောင်းကို ကြားသည့်နေ့မှစ၍ ကျွန်ုပ်တို့သည် သင်တို့အတွက် အစဉ်မပြတ် ဆုတောင်းပေးနေ၏။ သင်တို့သည် ဝိညာဉ်ရေးရာအသိပညာနှင့် နားလည်နိုင်စွမ်းအပေါင်းတို့ဖြင့် ဘုရားသခင်၏ အလိုတော်ကို အပြည့်အဝသိနိုင်ရန် ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ