ဟေရှာယ 11:3 - Common Language Bible3 ကိုယ်တော်အားကြောက်ရွံ့ရိုသေမှု၌လည်း မွေ့လျော်ပျော်ပိုက်လိမ့်မည်။ သူသည်မျက်စိနှင့်မြင်ယုံသို့မဟုတ် တစ်ဆင့်စကားနှင့်ကြားယုံဖြင့်အဆုံး အဖြတ် ပေးလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Garrad Bible3 ထာ ဝ ရ ဘု ရား အား ခန့် ညား ခြင်း ကို အ မွှေး အ ကြိုင် သ ဖွယ် မှတ် ယူ သည် နှင့် မျက် စိ မြင်၍ စီ ရင် ခြင်း၊ နား ကြား၍ ဆုံး ဖြတ် ခြင်း ကို ပြု တော် မူ မည် မ ဟုတ် ဘဲ၊ အခန်းကိုကြည့်ပါ။Judson Bible3 ထိုသူသည် ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သူသည် ထာဝရဘုရားအား ကြောက်ရွံ့ခြင်း၌ မွေ့လျော်၍ မိမိမျက်စိမြင်သည့်အတိုင်းမစီရင်၊ နားကြားသည့်အတိုင်း မဆုံးဖြတ်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ကိုယ်တော်ရှင်၏လူမျိုးတော်အား တရားမျှတစွာအုပ်စိုးနိုင်စေရန် အကျွန်ုပ် အားဉာဏ်ပညာကိုပေးတော်မူပါ။ ယင်းသို့ ပေးတော်မမူပါလျှင်အကျွန်ုပ်သည် ဤမျှ များပြားသောကိုယ်တော်ရှင့်လူမျိုးတော်ကို အဘယ်သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း''ဟု တောင်းလျှောက်လေ၏။
အရှင်မင်းကြီးသည်ဘုရားသခင်၏ကောင်း ကင်တမန်ကဲ့သို့ ကောင်းမကောင်းကိုပိုင်းခြား သိမြင်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မ သည်အရှင်၏ကတိတော်အတိုင်း အသက် ချမ်းသာရာရလိမ့်မည်ဟုတစ်ကိုယ်တည်း ပြောဆိုနေမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည်အရှင်နှင့်အတူရှိ တော်မူပါစေသော'' ဟုလျှောက်၏။
ဣသရေလအမျိုးသားတို့အားကြံ့ခိုင် တည်ငြိမ်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော် သည်မိမိ၏လူမျိုးတော်အားအစဉ်အမြဲ ကွယ်ကာစောင့်ရှောက်တော်မူ၍၊ ဉာဏ်ပညာ နှင့်အသိပညာကိုပေးတော်မူပါ၏။ သူ တို့၏အဖိုးအထိုက်ဆုံးဘဏ္ဍာကားထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေခြင်းပင်ဖြစ် သတည်း။
ရပ်ဝေးရပ်နီးမှအင်အားကြီးသောနိုင်ငံ များ၏ အငြင်းပွားမှုများကိုအဆုံးအဖြတ်ပေး တော်မူမည်။ သူတို့သည်မိမိတို့၏ဋ္ဌားသွားများကိုထွန်သွား အဖြစ်သို့လည်းကောင်း၊ လှံများကိုတံစဉ်များအဖြစ်သို့ထုလုပ် ကြလိမ့်မည်။ နိုင်ငံအချင်းချင်းနောက်တစ်ဖန်စစ်တိုက် ကြတော့မည်မဟုတ်။ စစ်တိုက်ရန်ပြင်ဆင်မှုကိုလည်းနောက်တစ်ဖန် ပြုလုပ်ကြတော့မည်မဟုတ်။