ဧဖက် 2:22 - Common Language Bible22 သင်တို့သည်လည်းခရစ်တော်နှင့်တစ်လုံးတစ် ဝတည်းဖြစ်လျက် အခြားသူအပေါင်းတို့နှင့် အတူတည်ဆောက်ခြင်းကိုခံသဖြင့်ဝိညာဉ် တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော် မူရာဌာနတော်ဖြစ်လာကြပေသည်။ အခန်းကိုကြည့်ပါ။Garrad Bible22 ထို အ ရှင်၌ ငါ တို့ နှင့် အ တူ သင် တို့ လည်း ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် စံ ရာ တော် ဖြစ် သည့် တိုင် အောင် တည် ဆောက် ခြင်း ခံ ရ ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible22 ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှာ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သင်တို့သည်လည်း ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူရာအဖြစ်သို့ ထိုသခင်၌ အတူတကွတည်ဆောက်ခြင်းခံရကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း22 သင်တို့သည်လည်း ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာနေရာအဖြစ် အခြားသူတို့နှင့်အတူ တည်ဆောက်ခံရလျက် ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ယုံကြည်ခြင်းအားဖြင့်ခရစ်တော်သည် သင်တို့စိတ်နှလုံးတွင်ကျိန်းဝပ်တော်မူရန်ငါ ဆုတောင်း၏။ သင်တို့သည်ခရစ်တော်၏မေတ္တာ တော်အလျား၊ အနံ၊ အမြင့်၊ အနက်တို့ကို ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ နှင့်အတူသိရှိနားလည်နိုင်ကြမည့်အကြောင်း မေတ္တာတော်တွင်အခြေခံအမြစ်စွဲလျက်ရှိ ကြစေရန်ကိုလည်းငါသည်ဆုတောင်းပတ္ထ နာပြု၏။-
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''