၁ ကော 2:12 - Common Language Bible12 ငါတို့သည်ဤလောကနှင့်သက်ဆိုင်သည့် ဝိညာဉ်ကိုခံယူကြရသည်မဟုတ်။ ဘုရား သခင်ပေးသနားတော်မူသမျှကိုသိခြင်း ငှာ ကိုယ်တော်စေလွှတ်တော်မူသည့်ဝိညာဉ် တော်ကိုခံယူကြရပြီ။ အခန်းကိုကြည့်ပါ။Garrad Bible12 ငါ တို့ မှာ မူ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် များ ကို သိ မှတ် ခွင့် ရှိ စေ ရန် ဤ လော က ဆိုင် ရာ ဝိ ညာဉ် ကို မ ဟုတ်။ ဘု ရား သ ခင့် အ ထံ တော် မှ သက် ရောက် သော ဝိ ညာဥ် တော် ကို ခံ ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible12 ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှာ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ငါတို့သည် လောကီဝိညာဉ်ကို ခံယူရရှိကြသည်မဟုတ်ဘဲ ငါတို့အား ဘုရားသခင်ပေးသနားတော်မူသောအရာတို့ကို သိရှိနိုင်ရန် ဘုရားသခင်ထံမှလာသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ကျွန်ုပ်တို့သည် ဤလောက၏ဝိညာဉ်ကို ရရှိကြသည်မဟုတ်။ ဘုရားသခင်ရက်ရောစွာပေးတော်မူသောအရာကို သိမြင်နိုင်ရန်အတွက် ဘုရားသခင်ထံမှလာသော ဝိညာဉ်တော်ကို ရရှိကြ၏။ အခန်းကိုကြည့်ပါ။ |
ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
သင်တို့မူကားခရစ်တော်သည်မိမိ၏ဝိညာဉ် တော်ကိုသင်တို့အပေါ်သို့သွန်းလောင်းတော်မူ ပြီ။ ဝိညာဉ်တော်သည်သင်တို့စိတ်နှလုံးတွင် ကိန်းအောင်းလျက်နေတော်မူသမျှကာလ ပတ်လုံးသင်တို့အားအခြားအဘယ်အရာမျှ သွန်သင်ပေးစရာမလို။ အဘယ်ကြောင့်ဆို သော်ကိုယ်တော်၏ဝိညာဉ်တော်သည်သင်တို့အား ခပ်သိမ်းသောအမှုအရာတို့ကိုသွန်သင်ပေး တော်မူသောကြောင့်ဖြစ်၏။ ဝိညာဉ်တော်သွန်သင် တော်မူသောအရာတို့သည်မှန်ကန်၍အမှား မရှိ။ ထို့ကြောင့်သင်တို့သည်ဝိညာဉ်တော်သွန် သင်သည့်အတိုင်းလိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်ကြ လော့။
ထိုနောက်ကောင်းကင်တမန်ကငါ့အား``ဤစကား သည်သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက်တို့အားဝိညာဉ်တော်နှင့်ပြည့်ဝစေ တော်မူသောထာဝရအရှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အမှုအရာများကို မိမိ၏အစေခံတို့အားဖော်ပြရန်ကောင်းကင် တမန်ကိုစေလွှတ်တော်မူပြီ'' ဟုပြော၏။