၁ ကော 2:13 - Common Language Bible13 သို့ဖြစ်၍ဝိညာဉ်တော်ကိုခံယူရရှိသူတို့ အား ဝိညာဉ်ရေးဆိုင်ရာသစ္စာတရားများ၏ အနက်အဋ္ဌိပ္ပါယ်ကိုရှင်းလင်းဖော်ပြရာ၌ ငါတို့သည်လူ့အသိဉာဏ်နှင့်ယှဉ်သည့် စကားများကိုအသုံးမပြု။ ဝိညာဉ်တော် သွန်သင်ပေးသည့်စကားများကိုသာ အသုံးပြုကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ထို ဆု တော် များ အ ကြောင်း ငါ တို့ ပြော ဆို ရာ လူ့ ပ ညာ သွန် သင် သည့် အ လျောက် မ ဟုတ်။ ဝိ ညာဉ် တော် သွန် သင် သည့် အ လျောက် ကြား ပြော လျက် ဝိ ညာဉ် ဆိုင် ရာ များ ကို ဝိ ညာဉ် သက် ဝင် သူ တို့ နှင့် စေ့ ဆော် တတ် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါတို့သည် လူပညာကိုအမှီပြု၍ နားလည်သောစကားနှင့် မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သောအရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသောစကားနှင့် ငါတို့သည် ဟောကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဘုရားသခင်ပေးသနားတော်မူသောအရာတို့ကို ငါတို့ဟောပြောသောအခါ လူ့ဉာဏ်ပညာက သင်ကြားပေးသောစကားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်က သင်ကြားပေးသောစကားအားဖြင့် ဟောပြော၍ ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတို့ကို ဝိညာဉ်သဘောအားဖြင့် နှိုင်းယှဉ်သုံးသပ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 သို့ဖြစ်၍ ဤအရာများကို ပြောဆိုရာတွင် ကျွန်ုပ်တို့သည် လူ့ဉာဏ်ပညာက သင်ကြားပေးသောစကားများဖြင့် မပြောဆို။ ဝိညာဉ်တော်က သင်ကြားပေးသော စကားများဖြင့်သာ ပြောဆိုကြ၍ ဝိညာဉ်ရေးရာအမှန်တရားများကို ဝိညာဉ်ရေးရာစကားလုံးများဖြင့် ရှင်းလင်းဖော်ပြကြ၏။ အခန်းကိုကြည့်ပါ။ |
ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။
ငါတို့အရှင်သခင်ယေရှုခရစ်တန်ခိုးတော် နှင့်ကြွလာတော်မူခြင်းအကြောင်းကိုသင်တို့ အားဖော်ပြရာ၌ ငါတို့သည်ပရိယာယ်နှင့် တီထွင်သောဒဏ္ဍာရီပုံပြင်များကိုပြောကြား နေခြင်းမဟုတ်။ ငါတို့ကားမိမိတို့ကိုယ်တိုင် ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကိုဖူးမြင် ရကြသူများဖြစ်ပေသည်။-