ဧဖက် 3:20 - Common Language Bible20-21 ငါတို့စိတ်နှလုံးကိုပြုပြင်တော်မူသော တန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက် ကြံစည်သမျှသောအရာတို့ထက်သာလွန် ပိုမို၍ချပေးတော်မူနိုင်သောဘုရားသခင် သည် အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ထာဝစဉ်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။ အခန်းကိုကြည့်ပါ။Garrad Bible20 ငါ တို့၌ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ၊ ငါ တို့ ထင် မြင် တောင်း လျှောက် သ မျှ ထက် ကြွယ် ဝ စွာ သ နား တော် မူ နိုင် သော အ ရှင် သည် အ သင်း တော်၌ လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု၌ လည်း ကောင်း၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။ အခန်းကိုကြည့်ပါ။Judson Bible20 ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ငါတို့ထဲ၌ သက်ဝင်လှုပ်ရှားနေသောတန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက်သောအရာ၊ သို့မဟုတ် ဆင်ခြင်သောအရာအားလုံးတို့ထက် သာလွန်ထူးခြားစွာပြုနိုင်သောအရှင်၌ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ကျွန်ုပ်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော တန်ခိုးတော်ကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်သမျှသောအရာ၊ ကြံစည်သမျှသောအရာတို့ထက် အဆပေါင်းများစွာ ပေးနိုင်သော ဘုရားသခင်သည် အခန်းကိုကြည့်ပါ။ |
အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။-
ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
ဘုရားသခင်တစ်ပါးတည်းသာလျှင်ပညတ် တရားတော်ကိုပေး၍စစ်ကြောစီရင်ပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင်ကယ်တင်ရန်သော်လည်းကောင်း၊ ဖျက် ဆီးရန်သော်လည်းကောင်းတတ်နိုင်တော်မူ၏။ သင်သည်အဘယ်သူဖြစ်၍မိမိ၏အိမ်နီး ချင်းကိုစစ်ကြောစီရင်ရသနည်း။