ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးနှစ်တွင် ဗာရှာသည် နာဒပ်မင်းကြီးကိုသတ်ပြီး သူ့အရိုက်အရာကို ဆက်ခံလေ၏။
၄ ရာ 8:15 - မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့တွင် ဟာဇေလသည် အဝတ်ကိုယူ၍ ရေ၌နှစ်ပြီး ဘုရင့်မျက်နှာတော်ကို ဖိအုပ်သဖြင့် ရှင်ဘုရင်အနိစ္စရောက်လေ၏။ ထိုအခါ ဟာဇေလသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။ Common Language Bible သို့ရာတွင်နောက်တစ်နေ့၌ဟာဇေလသည် စောင်တစ်ထည်ကိုရေဆွတ်ပြီးလျှင်မင်းကြီး ၏မျက်နှာကိုဖုံးအုပ်၍သတ်လေ၏။ ထိုနောက်ဟာဇေလသည်ဗင်္ဟာဒဒ်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေ၏။ Garrad Bible နောက် နေ့၌ အ ထည် ကို ရေ ဆွတ်၍ မျက် နှာ တော် ပေါ် တွင် ဖုံး အုပ် သည့် အ တွက် ဘု ရင် မင်း ကွယ် လွန် ရာ အ ရိုက် အ ရာ၌ ဟာ ဇေ လ နန်း စံ လေ ၏။ Judson Bible နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွေးအဝတ်ကို ရေ၌နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။ |
ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးနှစ်တွင် ဗာရှာသည် နာဒပ်မင်းကြီးကိုသတ်ပြီး သူ့အရိုက်အရာကို ဆက်ခံလေ၏။
ဇိမရိဝင်လာ၍ ဧလာမင်းကြီးကို တိုက်ခိုက်သတ်ဖြတ်လိုက်၏။ ထို့ကြောင့် ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ဇိမရိသည် ဧလာမင်းကြီး၏အရိုက်အရာကို ဆက်ခံလေ၏။
တိရဇာမြို့အသိမ်းခံလိုက်ရကြောင်း ဇိမရိမင်းကြီးသိမြင်လျှင် ဘုရင့်နန်းတော်ခံတပ်ထဲသို့ဝင်၍ မိမိပတ်ပတ်လည် ဘုရင့်နန်းတော်ကို မီးရှို့လိုက်သဖြင့် မီးထဲတွင်ပင် သေလေ၏။
ထာဝရဘုရားကလည်း သူ့အား “သင်လာသည့်လမ်းအတိုင်း ဒမတ်စကပ်တောကန္တာရသို့ ပြန်သွားလော့။ ရောက်လျှင် ဟာဇေလကို ဆီးရီးယားဘုရင်အဖြစ်၊
ရေမလိ၏သား တပ်မှူးပေကာသည် အာဂေါဘ၊ အရေဟနှင့် ဂိလဒ်ပြည်သားအယောက်ငါးဆယ်တို့နှင့်အတူ လျှို့ဝှက်ကြံစည်ပြီး ရှမာရိမြို့ရှိ ဘုရင့်နန်းတော်ခံတပ်တွင် ပေကဟိမင်းကြီးကို လုပ်ကြံသတ်ဖြတ်လိုက်၏။ ထို့နောက် ပေကာသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။
ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။
ဧလိရှဲကလည်း သူ့အား “ ‘ဤဝေဒနာမှ အမှန်ပင်ပြန်ကောင်းလာလိမ့်မည်’ဟု ရှင်ဘုရင်ကို ပြန်လျှောက်လော့။ သို့သော် သူမုချသေရမည်ကို ငါ့အား ထာဝရဘုရားဖော်ပြတော်မူပြီ”ဟု ဆိုလျှင်
ဟာဇေလကလည်း ဧလိရှဲအား “ခွေးမျှသာအဆင့်ရှိသော အရှင့်အစေအပါးအကျွန်ုပ်က ဤအမှုကြီးကို အဘယ်သို့ပြုနိုင်ပါမည်နည်း”ဟု ပြန်လျှောက်လျှင် ဧလိရှဲက သူ့အား “သင်သည် ဆီးရီးယားဘုရင် ဖြစ်လာမည်ကို ငါ့အား ထာဝရဘုရားဖော်ပြတော်မူပြီ”ဟု ဆို၏။
သူသည် အာဟပ်မင်းကြီး၏သားတော် ယောရံမင်းကြီးနှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီ၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးကို တိုက်ခိုက်ရာ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့် ယောရံမင်းကြီး ဒဏ်ရာရသွား၏။
ထိုအခါ ယေဟုက လေးကိုအားကုန်တင်ပြီး ယဟောရံမင်းကြီး၏လက်ပြင်ကြားကို ပစ်လိုက်ရာ မြားသည် သူ၏နှလုံးကိုထုတ်ချင်းဖောက်သွားသဖြင့် သူသည် ရထားပေါ်၌ပင် လဲကျသွားလေ၏။
သူသည် မိမိအိပ်ရာပေါ်၌ပင် အပြစ်ဒုစရိုက်ကိုကြံစည်တတ်၏။ မကောင်းသောလမ်းသို့အမြဲလိုက်၍ မကောင်းမှုကို စွန့်ပယ်ခြင်းမရှိ။”
ကိုယ်တိုင်ဖျက်ဆီးခြင်းမခံရဘဲ သူတစ်ပါးကို ဖျက်ဆီးသောသူ၊ ကိုယ်တိုင် သစ္စာဖောက်မခံရဘဲ သူတစ်ပါးကို သစ္စာဖောက်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် သူတစ်ပါးကိုဖျက်ဆီးပြီးလျှင် ပြန်၍အဖျက်ဆီးခံရမည်။ သူတစ်ပါးကို သစ္စာဖောက်ပြီးလျှင် ပြန်၍သစ္စာအဖောက်ခံရမည်။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။
‘ဆိုးယုတ်သောသူထံမှ ဆိုးယုတ်သောအမှု ထွက်တတ်၏’ဟူသော ရှေးဆိုရိုးရှိပါ၏။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။