ဆာလံ 36:4 - မြန်မာ့စံမီသမ္မာကျမ်း4 သူသည် မိမိအိပ်ရာပေါ်၌ပင် အပြစ်ဒုစရိုက်ကိုကြံစည်တတ်၏။ မကောင်းသောလမ်းသို့အမြဲလိုက်၍ မကောင်းမှုကို စွန့်ပယ်ခြင်းမရှိ။” အခန်းကိုကြည့်ပါ။Common Language Bible4 သူသည်အိပ်ရာပေါ်တွင်လဲလျောင်းစဉ် မကောင်းမှုများကိုကြံစည်တတ်၏။ သူပြုကျင့်လေသမျှသည်မကောင်းမှု သာဖြစ်၏။ သူသည်ဆိုးညစ်မှုကိုအဘယ်အခါမျှမပစ် ပယ်။ အခန်းကိုကြည့်ပါ။Garrad Bible4 ဒု စ ရိုက် ကို အိပ် ရာ ပေါ် တွင် ကြံ စည် လျက်၊ အ ဆိုး ကို မ ရွံ ရှာ ဘဲ၊ မ ကောင်း သော လမ်း ကို အ မြဲ လိုက် တတ် ၏။ အခန်းကိုကြည့်ပါ။Judson Bible4 အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည်တတ်၏။ မကောင်းသောလမ်းသို့ အမြဲလိုက်၍၊ ဆိုးယုတ်သောအကျင့်ကို ရွံရှာခြင်းမရှိ။ အခန်းကိုကြည့်ပါ။ |
သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သည်းခံမှုတို့ကိုငါသိ၏။ သင်သည် ဆိုးယုတ်သောသူတို့ကို လက်မခံနိုင်ကြောင်းနှင့် မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုကြသော်လည်း တမန်တော်မဟုတ်သောသူတို့ကို စမ်းသပ်စစ်ဆေး၍ သူတို့သည် လိမ်လည်သောသူများဖြစ်ကြသည်ဟု သင်တွေ့ရှိကြောင်းကိုလည်း ငါသိ၏။
ငါသည် အာရုံစိုက်၍ နားထောင်၏။ မှန်မှန်ကန်ကန်မပြောကြ။ “ငါအဘယ်အမှု ပြုခဲ့မိပါသနည်း”ဟု ဆိုလျက် မိမိဆိုးညစ်မှုအတွက် နောင်တရသောသူတစ်ယောက်မျှမရှိ။ တိုက်ပွဲထဲသို့ ဒုန်းစိုင်းပြေးဝင်သောမြင်းကဲ့သို့ အသီးသီး မိမိတို့၏လမ်းသို့ပြေးလိုက်သွားကြ၏’ဟူ၍ မိန့်တော်မူသည်”ဟု ပြောကြားလော့။
ထိုအခါ သူ့ဇနီးဇေရက်နှင့် သူ့မိတ်ဆွေအပေါင်းတို့က “အတောင်ငါးဆယ်မြင့်သောသစ်တိုင်တစ်ခုကိုပြုလုပ်စေပြီး မော်ဒကဲကို ထိုသစ်တိုင်ပေါ်တွင်ဆွဲထားမည့်အကြောင်း မနက်ဖြန်မနက်တွင် ရှင်ဘုရင်ထံ အခွင့်တောင်းပါ။ ပြီးမှ ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲသို့ ဝမ်းမြောက်စွာသွားပါ”ဟု အကြံပေးကြ၏။ ဟာမန်သည်လည်း ထိုအကြံကိုနှစ်သက်သဖြင့် သစ်တိုင်ကိုပြုလုပ်စေ၏။