၄ ရာ 15:25 - မြန်မာ့စံမီသမ္မာကျမ်း25 ရေမလိ၏သား တပ်မှူးပေကာသည် အာဂေါဘ၊ အရေဟနှင့် ဂိလဒ်ပြည်သားအယောက်ငါးဆယ်တို့နှင့်အတူ လျှို့ဝှက်ကြံစည်ပြီး ရှမာရိမြို့ရှိ ဘုရင့်နန်းတော်ခံတပ်တွင် ပေကဟိမင်းကြီးကို လုပ်ကြံသတ်ဖြတ်လိုက်၏။ ထို့နောက် ပေကာသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible25 ပေကဟိ၏တပ်မတော်အရာရှိတစ်ဦးဖြစ် သူပေကာသည် ဂိလဒ်ပြည်သားလူငါးကျိပ် နှင့်အတူ လျှို့ဝှက်ကြံစည်ကာပေကဟိကို ရှမာရိနန်းတော်အတွင်း၌လုပ်ကြံပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible25 စစ် ကဲ ဖြစ် သူ၊ ရေ မ လိ သား ပေ ကာ သည် အာ ဂေါ ဘ၊ အ ရေ ဟ မှ စ၍ ဂိ လဒ် နယ် သား ငါး ကျိပ် ပါ အ တွင်း မီး ထ လျက်၊ ရှ မာ ရိ မြို့ ရှိ မြေ နန်း ဆောင် တွင် ထို မင်း ကို လုပ် ကြံ ကွပ် မျက် ပြီး လျှင် အ ရိုက် အ ရာ ဤ နန်း တက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible25 အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတစ်ဖက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌ နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏အရာ၌ နန်းထိုင်၏။ အခန်းကိုကြည့်ပါ။ |