အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၄ ရာ 4:38 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဧလိရှဲ​သည် ဂိလဂါလ​မြို့​သို့​ပြန်လာ​ရာ ထို​တိုင်းပြည်​တွင်​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဆိုက်ရောက်​နေ​၏​။ ပရောဖက်​အဖွဲ့သား​တို့​သည် သူ့​ရှေ့​၌ လာထိုင်​နေ​သဖြင့် ဧလိရှဲ​က မိမိ​ငယ်သား​အား “​အိုး​ကြီး​တစ်​လုံး​တည်​၍ ပရောဖက်​အဖွဲ့သား​တို့​အား ဟင်းချက်ကျွေး​ပါ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​ခါ​တစ်​ပါး​၌​နိုင်​ငံ​တစ်​ဝှမ်း​လုံး​တွင် အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​နေ​ချိန် ၌ ဧ​လိ​ရှဲ​သည်​ဂိ​လ​ဂါ​လ​မြို့​သို့​ပြန်​လေ​သည်။ သူ​သည်​ပ​ရော​ဖက်​တစ်​စု​ကို​သွန်​သင်​လျက်​နေ စဉ် ထို​သူ​တို့​အ​တွက်​အိုး​ကြီး​တစ်​လုံး​ဖြင့် ဟင်း​ချက်​ရန် မိ​မိ​၏​အ​စေ​ခံ​အား​ပြော ကြား​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပြည် တော် တွင် အ စာ ခေါင်း ပါး ခြင်း ကပ် သင့် သည့် ကာ လ၊ ဧ လိ ရှဲ သည် ဂိ လ ဂါ လ မြို့ သို့ ပြန် ရောက် ပြီး နောက် သူ့ ရှေ့ တွင် ပ ရော ဖက် ဂိုဏ်း သား တို့ ထိုင် နေ ကြ သည် နှင့် ထို ဂိုဏ်း သား တို့ အ ဖို့ ဖျဉ်း အိုး ကြီး ကို တည်၍ ချက် ပြုတ် လော့ ဟု တ ပည့် အား ဆို သော အ ခါ ဂိုဏ်း သား တစ် ယောက် သည်

အခန်းကိုကြည့်ပါ။

Judson Bible

တစ်​ဖန် ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​ပြည်၌​အ​စာ​ခေါင်း​ပါး၏။ ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ ပ​ရော​ဖက်​အ​မျိုး​သား​တို့​အ​ဖို့ ကြီး​သော​အိုး​ကင်း​ကို​ပြင်၍ ဟင်း​ချက်​လော့​ဟု မိ​မိ​ကျွန်​အား​ဆို၏။

အခန်းကိုကြည့်ပါ။



၄ ရာ 4:38
34 ပူးပေါင်းရင်းမြစ်များ  

တစ်နေ့တွင် ယာကုပ်​သည် ဟင်း​ချက်ပြုတ်​နေစဉ် ဧသော​သည် တော​မှ မောပန်း​လျက်​ပြန်လာ​၏​။


ဒါဝိဒ်​မင်းကြီး​လက်ထက်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး သုံး​နှစ်​ဆက်တိုက်​ဖြစ်​၏​။ ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​က ထာဝရဘုရား​ထံ​မေးလျှောက်​လျှင် ထာဝရဘုရား​က “​ရှောလု​သည် ဂိဗောင်​မြို့သား​တို့​ကို သတ်​၍ အမျိုးအနွယ်​ထဲတွင် သွေးစွန်း​စေ​သော​အပြစ်​ကြောင့် ဤသို့​ဖြစ်​ရ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ဂိလဒ်​ပြည်​ရှိ တိရှဘိ​မြို့သား​ဧလိယ​က အာဟပ်​မင်းကြီး​အား “​ငါ​ကိုးကွယ်​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​နှစ်​များ​အတွင်း ငါ​အမိန့်​မ​ပေး​ဘဲ မိုး​မ​ရွာ​၊ နှင်း​မ​ကျ​စေ​ရ​”​ဟု ဆို​၏​။


ထာဝရဘုရား​က ဧလိယ​အား လေပွေ​ဖြင့် ကောင်းကင်​သို့ ချီဆောင်​သွား​ချိန်​ရောက်လာ​လျှင် ဧလိယ​သည် ဧလိရှဲ​နှင့်အတူ ဂိလဂါလ​မြို့​မှ ထွက်လာ​ကြ​၏​။


ဗေသလ​မြို့​ရှိ ပရောဖက်​အဖွဲ့သား​တို့​က ဧလိရှဲ​ထံသို့​လာ​ပြီး “​ထာဝရဘုရား​က သင့်​အရှင်​ကို​သင့်​ထံမှ ယနေ့​ဆောင်ယူ​သွား​မည်​ကို သင်​သိ​ပါ​သလော​”​ဟု​မေး​လျှင် ဧလိရှဲ​က “​ငါ​သိ​ပါ​၏​။ တိတ်တိတ်နေ​ကြ​ပါ​”​ဟု ပြန်ပြော​၏​။


ပရောဖက်​အဖွဲ့သား​များ​၏​ဇနီး​သည်​များ​ထဲမှ အမျိုးသမီး​တစ်​ယောက်​က ဧလိရှဲ​အား “​အရှင့်​အစေအပါး အကျွန်ုပ်​၏​ခင်ပွန်း သေဆုံး​သွား​ပါ​ပြီ​။ အရှင့်​အစေအပါး​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​ကြောင်း​ကို အရှင်​သိ​ပါ​၏​။ ယခု​မှာ ကြွေးရှင်​က အကျွန်ုပ်​၏​သား​နှစ်​ဦး​ကို ကျွန်​အဖြစ် သိမ်းယူ​ဖို့ လာ​ပါ​ပြီ​”​ဟု အော်ဟစ်​အကူအညီ​တောင်း​လေ​၏​။


ပရောဖက်​တစ်​ပါး​က ဟင်းသီးဟင်းရွက်​ခူး​ရန် လယ်တော​သို့​သွား​သောအခါ ဘူးရိုင်းပင်​ကို​တွေ့​သဖြင့် ဘူးအရိုင်းသီး​များ​ကို​ခူး​၍ မိမိ​အဝတ်​နှင့်​အပြည့်​ထုပ်​ပြီး ပြန်လာ​ခဲ့​၏​။ ထို့နောက် ထို​အသီး​ကို လှီး​ပြီး အိုး​ထဲ​ထည့်ချက်​သော်လည်း မည်သည့်​အသီး​ဖြစ်​သည်​ကို သူ​တို့ မ​သိ​ကြ​။


ထို့နောက် ဧလိရှဲ​က သူ​အသက်ပြန်ရှင်​စေ​ခဲ့​သော​သူငယ်​၏​မိခင်​အား “​သင်​နှင့်​သင့်​အိမ်သူအိမ်သား​တို့ ထ​၍​ထွက်သွား​ကြ​ပါ​။ သင်​တည်းခိုနေထိုင်​နိုင်​မည့်​နေရာ​တွင် တည်းခိုနေထိုင်​ပါ​။ ထာဝရဘုရား​သည် ဤ​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဖြစ်​စေ​မည်​။ တစ်ပြည်လုံး ခုနစ်​နှစ်​အစာခေါင်းပါး​မည်​”​ဟု ပြော​၏​။


သူ​တို့​သည် ငန်ကျိ​နေ​သော​ချုံပင်ရွက်​များ​ကို ခူးစား​ခဲ့​ရ​၍ ရှားမြစ်​သည်​လည်း သူ​တို့​၏​အစာ​ဖြစ်​၏​။


ငါ့​စကား​ကို​နားထောင်​၍ ငါ့​တံခါး​တို့​အနား​တွင် နေ့စဉ်နေ့တိုင်း​စောင့်ကြည့်​လျက် ငါ့​တံခါး​တိုင်​တို့​အနား​တွင် စောင့်မျှော်​လျက်​နေ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။


သူ​တို့​က ‘​အိမ်​ဆောက်​ရ​မည့် အချိန်​မ​ရောက်​သေး​ပါ​။ ဤ​မြို့​ကား ဟင်းအိုး​၊ ငါ​တို့​ကား အသား​ဖြစ်​၏​’​ဟု ပြော​တတ်​ကြ​၏​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​ပြော​သည့်​အတိုင်း မြို့​ထဲ​၌ သင်​တို့​ကြောင့်​ပုံ​နေ​သော​အသေကောင်​တို့​သည် အသား​ဖြစ်​ပြီး မြို့​သည် အိုး​ဖြစ်​မည်​။ သင်​တို့​မူကား မြို့​မှ နှင်ထုတ်​ခံရ​မည်​။


“​အချင်း​လူသား​၊ ပြည်​တစ်​ပြည်​ရှိ​ပြည်သား​တို့​သည် ဖောက်ပြန်မှားယွင်း​၍ ငါ့​ကို​ပြစ်မှား​ကြ​လျှင် ငါ​သည် လက်​ကို​ဆန့်​ပြီး ထို​ပြည်​၏​စားနပ်ရိက္ခာ​ကို ဖြတ်တောက်​ပစ်​မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို ကျရောက်​စေ​ပြီး ထို​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​။


ပုန်ကန်​တတ်​သော​အမျိုး​အား ဤ​ပုံဥပမာ​ဖြင့် ခိုင်းနှိုင်းပြ​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘အိုး​ထဲသို့ ရေ​လောင်း​ထည့်​၍ မီးဖို​ပေါ်​တင်​လော့​။


အသက်​အတွက် အမှီသဟဲ​ဖြစ်​သော အစားအစာ​ကို သင်​တို့​ထံမှ ငါ​ဖြတ်တောက်​လိုက်​သောအခါ မိန်းမ​ဆယ်​ယောက်​တို့​သည် မီးဖို​တစ်ခုတည်း​၌ သင်​တို့​စား​ဖို့​မုန့်​ကို ဖုတ်​၍ ထို​မုန့်​ကို အချိန်အဆ​ဖြင့်​သာ သင်​တို့​ကို ပြန်ဝေ​ပေး​လိမ့်မည်​။ သင်​တို့​သည်​လည်း ဝလင်​စွာ စား​ရ​ကြ​လိမ့်မည်​မ​ဟုတ်​။


အာမုတ်​က​လည်း အာမဇိ​အား “​ငါ​သည် ပရောဖက်​မ​ဟုတ်​၊ ပရောဖက်​၏​သား​လည်း​မ​ဟုတ်​။ ငါ​သည် သိုး​များ​ကို ထိန်းကျောင်းသူ​၊ သင်္ဘောသဖန်းပင်​များ​ကို စိုက်ပျိုး​ပြုစု​သူ​ဖြစ်​၏​။


သို့သော် ကိုယ်တော်​က“သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဒေနာရိ​နှစ်ရာ​ဖြင့် မုန့်​များ​သွား​ဝယ်​၍ သူ​တို့​စား​ရန် ပေး​ရ​ပါမည်လော”​ဟု ပြန်လျှောက်​ကြ​၏။


ထို​အမျိုးသမီး​တွင် မာရိ​ဟု​ခေါ်​သော​ညီမ​တစ်​ယောက်​ရှိ​၏။ သူ​သည် သခင်​ဘုရား​၏​ခြေ​တော်​ရင်း​၌​ထိုင်​လျက် ကိုယ်တော်​၏​တရား​စကား​ကို နားထောင်​နေ​၏။


သုံး​ရက်​ကြာ​သောအခါ ယေရှု​သည် ဗိမာန်​တော်​၌ ဆရာ​များ​ကြား​တွင်​ထိုင်​၍ သူ​တို့​ကို​နားထောင်​လျက် မေးမြန်း​လျက်​နေ​သည်​ကို မိဘ​တို့​တွေ့​ကြ​၏။


ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ပရောဖက်​ဧလိယ​၏​လက်ထက်​၌ သုံး​နှစ်​နှင့်​ခြောက်​လ​ပတ်လုံး​မိုးခေါင်​၍ တစ်ပြည်လုံး​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​စဉ်​က အစ္စရေး​လူမျိုး​ထဲတွင် မုဆိုးမ​များစွာ​ရှိ​ခဲ့​ကြ​၏။


လူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​ကို​ကြည့်ရှု​ရန် ထွက်လာ​၍ ယေရှု​ထံသို့​ရောက်လာ​ကြ​သောအခါ နတ်ဆိုး​များ​ထွက်သွား​သော​သူ​သည် အဝတ်​ဝတ်​ထား​ကာ ယေရှု​၏​ခြေ​တော်​ရင်း​၌ ပကတိ​စိတ်​ရှိ​လျက် ထိုင်​နေ​သည်​ကို​တွေ့မြင်​လျှင် ကြောက်ရွံ့​ကြ​၏။


နတ်ဆိုး​များ​ထွက်သွား​သော​သူ​က ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ခွင့်​ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​လေ​၏။ သို့သော် ကိုယ်တော်​က


သို့သော် ကိုယ်တော်​က“သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​က​လည်း “ဤ​လူ​အားလုံး​အတွက် အစားအစာ​များ​ကို အကျွန်ုပ်​တို့​သွား​၍​မ​ဝယ်​လျှင် အကျွန်ုပ်​တို့​၌ မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။


ထိုအခါ ယေရှု​က“ချစ်​သား​တို့၊ သားငါး​တစ်စုံတစ်ရာ​ရှိ​သလော”​ဟု သူ​တို့​အား​မေး​တော်မူ​လျှင် သူ​တို့​က “မ​ရှိ​ပါ”​ဟု ပြန်​ပြော​ကြ​၏။


ဤသို့ဖြင့် သူ​တို့​သည် ကုန်း​ပေါ်သို့​ရောက်​ကြ​သောအခါ မီးခဲ​ပုံ​နှင့် ထို​မီးခဲ​ပုံ​ပေါ်​တင်​ထား​သော​ငါး​ကို​လည်းကောင်း၊ မုန့်​ကို​လည်းကောင်း တွေ့​ကြ​၏။


ဘုရားသခင်​သည် နာဇရက်​မြို့သား​ယေရှု​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​တန်ခိုး​တော်​တို့​ဖြင့် မည်ကဲ့သို့​ဘိသိက်​ပေး​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​၏။ ဘုရားသခင်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ကိုယ်တော်​သည် လှည့်လည်​၍ ကောင်း​သော​အမှု​ကို​ပြု​ကာ မာရ်နတ်​၏​ဖိနှိပ်​ခြယ်လှယ်​မှု​ခံရ​သူ​အပေါင်း​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ရက်​ပေါင်း​အတန်ကြာ​သောအခါ ပေါလု​သည် ဗာနဗ​အား “သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ငါ​တို့​ဟောပြော​ခဲ့​သော​မြို့​တိုင်း​ရှိ ညီအစ်ကို​တို့​ထံသို့ ပြန်သွား​၍ သူ​တို့​မည်သို့​ရှိ​နေ​ကြ​သည်​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု ဆို​၏။


“အကျွန်ုပ်​သည် ဆီလီဆီးယား​ပြည်၊ တာရှု​မြို့​၌​မွေးဖွား​ခဲ့​သော ဂျူး​လူမျိုး​တစ်​ဦး​ဖြစ်​ပါ​သည်။ သို့သော် ဤ​မြို့​တွင် ကြီးပြင်း​လာ​၍ ဂါမလျေလ​၏​ခြေရင်း​၌ ဘိုးဘေး​တို့​မှ​ဆက်ခံ​သော ပညတ်​တရား​နှင့်အညီ တင်းကျပ်​စွာ ဆုံးမ​သွန်သင်​ခြင်း​ကို​ခံယူ​ပြီး ယနေ့ သင်​တို့​အားလုံး​သည် ဘုရားသခင်​အတွက် စိတ်အား​ထက်သန်​သကဲ့သို့ အကျွန်ုပ်​သည်​လည်း စိတ်အား​ထက်သန်​ခဲ့​ပါ​သည်။


ရှောလု​မင်းကြီး​သည် တမန်​တို့​ကို​စေလွှတ်​၍ ဒါဝိဒ်​ကို ဖမ်းဆီး​စေ​၏​။ သို့သော် ရှမွေလ​ဦးဆောင်​သည့်​ပရောဖက်​တစ်စု ပရောဖက်ပြု​နေ​ကြ​သည်​ကို​သာ တွေ့​ရ​၏​။ ထို့ပြင် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​၏​လူ​တို့​အပေါ် သက်ရောက်​သဖြင့် သူ​တို့​လည်း ပရောဖက်ပြု​ကြ​လေ​၏​။