Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:35 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 လူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​ကို​ကြည့်ရှု​ရန် ထွက်လာ​၍ ယေရှု​ထံသို့​ရောက်လာ​ကြ​သောအခါ နတ်ဆိုး​များ​ထွက်သွား​သော​သူ​သည် အဝတ်​ဝတ်​ထား​ကာ ယေရှု​၏​ခြေ​တော်​ရင်း​၌ ပကတိ​စိတ်​ရှိ​လျက် ထိုင်​နေ​သည်​ကို​တွေ့မြင်​လျှင် ကြောက်ရွံ့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 လူ​တို့​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​ကြည့်​ရန်​လာ ကြ​၏။ သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​ရောက်​ကြ​သော် နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​အ​ဝတ်​ဝတ် လျက် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​အ​ကောင်း ပ​က​တိ​ထိုင်​လျက်​နေ​သည်​ကို​မြင်​ကြ​လျှင် ကြောက်​ရွံ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ထို အ ဖြစ် အ ပျက် များ ကို သိ မြင် ရန် ထွက် လာ သူ တို့ သည် ယေ ရှု ထံ တော် သို့ ရောက် ရာ နတ် များ ထွက် ခွာ ပြီး သူ သည် အ ဝတ် ဝတ် ဆင် လျက်၊ စိတ် ကောင်း ပြန် လျက်၊ ယေ ရှု ခြေ တော် ရင်း တွင် ထိုင် နေ သည် ကို တွေ့ မြင် သော် ကြောက် ရွံ့ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ထို့နောက် လူတို့​သည် ထို​အဖြစ်အပျက်​ကို ကြည့်ရှု​ရန် ထွက်လာကြ၏။ ယေရှု​ထံသို့ ရောက်​သောအခါ နတ်ဆိုးပူးခြင်း​မှ လွတ်မြောက်သွားသူ​သည် အဝတ်​ကို ဝတ်ထား​လျက် လူကောင်း​ပကတိစိတ်​ဖြင့် ယေရှု​၏​ခြေတော်ရင်း​၌ ထိုင်နေသည်​ကို တွေ့မြင်ကြ​လျှင် ကြောက်ရွံ့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:35
13 ပူးပေါင်းရင်းမြစ်များ  

အို ဘုရားသခင်​၊ အကျွန်ုပ်​အထဲ​၌ စင်ကြယ်​သော​စိတ်နှလုံး​ကို ဖန်ဆင်း​တော်မူ​ပါ​။ အကျွန်ုပ်​အတွင်း​ထဲ၌ တည်ကြည်​သော စိတ်သဘော​ကို အသစ်​ပြုပြင်​တော်မူ​ပါ​။


သူ​သည် အသက်​စွန့်​၍ အသေခံ​ခဲ့​၏​။ အပြစ်ကျူးလွန်​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏​။ သူ​သည် လူ​များစွာ​တို့​၏​အပြစ်​ကို​ထမ်းသွား​၍ အပြစ်ကျူးလွန်​သော​သူ​တို့​အတွက် ကြားဝင်စေ့စပ်​ပေး​၏​။ ထို့ကြောင့် ငါ​သည် သူ့​အား ကြီးမြတ်​သော​သူ​တို့​နှင့်အတူ ဝေစု​တစ်​စု​ခွဲဝေ​ပေး​မည်​။ သူ​သည် အားကြီး​သော​သူ​တို့​နှင့်အတူ လုယက်ပစ္စည်း​ကို ခွဲဝေ​မည်​။


ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ယေရှု​ထံသို့​ရောက်လာ​ကြ​သောအခါ လေဂေါင်​စွဲ​ခဲ့​သည့် နတ်ဆိုး​ပူး​သူ​သည် အဝတ်​ဝတ်​ထား​ကာ ပကတိ​စိတ်​ရှိ​လျက်​ထိုင်​နေ​သည်​ကို​တွေ့မြင်​လျှင် ကြောက်ရွံ့​ကြ​၏။


ထို​အမျိုးသမီး​တွင် မာရိ​ဟု​ခေါ်​သော​ညီမ​တစ်​ယောက်​ရှိ​၏။ သူ​သည် သခင်​ဘုရား​၏​ခြေ​တော်​ရင်း​၌​ထိုင်​လျက် ကိုယ်တော်​၏​တရား​စကား​ကို နားထောင်​နေ​၏။


ထိုအခါ သူ​သည် အသိတရား​ပြန်​ရ​၍ ‘ငါ့​အဖေ​ထံ၌ အလုပ်သမား​မည်မျှပင်​များ​စေကာမူ သူ​တို့​တွင် စားစရာ​အလျှံပယ်​ရှိ​၏။ ငါ​မူကား ဤ​အရပ်​၌ အစာငတ်​လျက် သေ​လုမတတ်​ဖြစ်​နေ​ရ​၏။


သုံး​ရက်​ကြာ​သောအခါ ယေရှု​သည် ဗိမာန်​တော်​၌ ဆရာ​များ​ကြား​တွင်​ထိုင်​၍ သူ​တို့​ကို​နားထောင်​လျက် မေးမြန်း​လျက်​နေ​သည်​ကို မိဘ​တို့​တွေ့​ကြ​၏။


ကိုယ်တော်​သည် ကမ်း​ပေါ်သို့​တက်​တော်မူ​သောအခါ နတ်ဆိုး​များ​ပူး​သဖြင့် ကာလ​အတန်ကြာ အဝတ်​လည်း​မ​ဝတ်၊ အိမ်​၌​လည်း​မ​နေ​ဘဲ သင်္ချိုင်း​၌​နေ​တတ်​သော ထို​မြို့​မှ​လူ​တစ်​ဦး​သည် ကိုယ်တော်​ကို​ဆီးကြို​လေ​၏။


ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​ကို​မြင်​ကြ​သောအခါ ထွက်ပြေး​၍ မြို့​နှင့်​တောရွာ​များ​တွင် ပြောကြား​ကြ​လေ​၏။


“အကျွန်ုပ်​သည် ဆီလီဆီးယား​ပြည်၊ တာရှု​မြို့​၌​မွေးဖွား​ခဲ့​သော ဂျူး​လူမျိုး​တစ်​ဦး​ဖြစ်​ပါ​သည်။ သို့သော် ဤ​မြို့​တွင် ကြီးပြင်း​လာ​၍ ဂါမလျေလ​၏​ခြေရင်း​၌ ဘိုးဘေး​တို့​မှ​ဆက်ခံ​သော ပညတ်​တရား​နှင့်အညီ တင်းကျပ်​စွာ ဆုံးမ​သွန်သင်​ခြင်း​ကို​ခံယူ​ပြီး ယနေ့ သင်​တို့​အားလုံး​သည် ဘုရားသခင်​အတွက် စိတ်အား​ထက်သန်​သကဲ့သို့ အကျွန်ုပ်​သည်​လည်း စိတ်အား​ထက်သန်​ခဲ့​ပါ​သည်။


အပြစ်​ကို​ပြု​နေ​သော​သူ​သည် မာရ်နတ်​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​၏။ အကြောင်းမူကား မာရ်နတ်​သည် အစအဦး​ကပင် အပြစ်​ပြု​လျက်​ရှိ​၏။ ဘုရားသခင်​၏​သား​တော်​ပေါ်ထွန်း​တော်မူ​ခဲ့​သည်​မှာ မာရ်နတ်​၏​လုပ်ဆောင်မှု​တို့​ကို ပယ်ဖျက်​ရန်​အတွက်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ