တမန်တော်ဝတ္ထု 22:3 - မြန်မာ့စံမီသမ္မာကျမ်း3 “အကျွန်ုပ်သည် ဆီလီဆီးယားပြည်၊ တာရှုမြို့၌မွေးဖွားခဲ့သော ဂျူးလူမျိုးတစ်ဦးဖြစ်ပါသည်။ သို့သော် ဤမြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလ၏ခြေရင်း၌ ဘိုးဘေးတို့မှဆက်ခံသော ပညတ်တရားနှင့်အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းကိုခံယူပြီး ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။ အခန်းကိုကြည့်ပါ။Common Language Bible3 ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ထို အ ခါ ပေါ လု ပြော ဆို သည် မှာ ငါ သည် ကိ လိ ကိ ပြည်၊ တာ ရှု မြို့ ဇာ တိ၊ ဤ မြို့၌ ကြီး ပွား သူ ဂါ မ လျေ လ ခြေ ရင်း တွင် မိ ရိုး ဖ လာ တ ရား အ တိုင်း အ သေ အ ချာ သင် ကြား ခံ ရ သည် နှင့် အ ညီ၊ ယ နေ့ သင် တို့ ရှိ သ မျှ တို့ နည်း တူ ပင် ဘု ရား သ ခင့် ဘက် တော်၌ စိတ် အား ကြီး သော ယု ဒ လူ မျိုး ဖြစ် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible3 ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဖွားသော ယုဒလူဖြစ်ပါ၏။ ဤမြို့မှာလည်း၊ ဂါမလျေလအမည်ရှိသော ဆရာ၏ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်ဘဆက်ကျင့်သော တရားကို သေချာစွာသိနားလည်ခြင်းငှာ နည်းဥပဒေသကိုခံပါပြီ။ သင်တို့ ရှိသမျှသည် ယနေ့တိုင်အောင် ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်နည်းတူ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ပေါလုက “ကျွန်ုပ်သည် ဆီလီဆီးယားပြည်ရှိ တာရှုမြို့၌ မွေးဖွားသော ဂျူးလူမျိုးတစ်ဦးဖြစ်ပါ၏။ သို့သော် ကျွန်ုပ်သည် ဤဂျေရုဆလင်မြို့တွင် ကြီးပြင်း၍ ဘိုးဘေးတို့၏ပညတ်တရားအတိုင်း ဂါမလျေလထံ၌ တင်းကျပ်စွာ သင်ယူခဲ့ရသူဖြစ်၏။ ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ ကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့ထဲတွင် တစ်ဖွဲ့မှာ ဇဒ္ဒုကဲများဖြစ်ကြပြီး အခြားတစ်ဖွဲ့မှာ ဖာရိရှဲများဖြစ်ကြသည်ကို ပေါလုသိမြင်လျှင် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါသည်။ အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းကြောင့် စစ်ဆေးစီရင်ခံနေရပါသည်”ဟု တရားလွှတ်တော်ရှေ့တွင် အော်ဟစ်ပြောဆိုလေ၏။
ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်မြို့သားတို့ကို ဆင့်ခေါ်ပြီးလျှင် သူတို့နှင့်စကားပြော၏။ ဂိဗောင်မြို့သားတို့သည် အစ္စရေးအနွယ်ဝင်မဟုတ်။ အာမောရိလူမျိုးအကြွင်းအကျန်များ ဖြစ်ကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့နှင့်ကတိသစ္စာပြုခဲ့သော်လည်း ရှောလုမင်းကြီးသည် အစ္စရေးအမျိုးနှင့် ယုဒအမျိုးတို့အဖို့စိတ်အားကြီး၍ သူတို့ကို သုတ်သင်ရန် ကြိုးစားခဲ့၏။