ယေဇကျေလ 14:13 - မြန်မာ့စံမီသမ္မာကျမ်း13 “အချင်းလူသား၊ ပြည်တစ်ပြည်ရှိပြည်သားတို့သည် ဖောက်ပြန်မှားယွင်း၍ ငါ့ကိုပြစ်မှားကြလျှင် ငါသည် လက်ကိုဆန့်ပြီး ထိုပြည်၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ကျရောက်စေပြီး ထိုပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။ အခန်းကိုကြည့်ပါ။Common Language Bible13 ``အချင်းလူသား၊ အကယ်၍တိုင်းနိုင်ငံတစ် ခုသည် အပြစ်ကူးလွန်၍ငါ့အားသစ္စာဖောက် ခဲ့သော် ငါသည်လက်တော်ကိုဆန့်တန်း၍ထို နိုင်ငံသို့ရိက္ခာကိုဖြတ်တောက်မည်။ အစာငတ် မွတ်ခေါင်းပါးခြင်းဘေးသက်ရောက်စေ၍ လူနှင့်တိရစ္ဆာန်ကိုပါသုတ်သင်ပစ်မည်။- အခန်းကိုကြည့်ပါ။Garrad Bible13 အ ချင်း လူ့ သား၊ သ စ္စာ တော် ကို ဖောက် ကျော်၍၊ ငါ့ အား ပြစ် မှား သော ပြည် ပေါ် တွင်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့်၊ အ စာ အာ ဟာ ရ အ ထောက် အ ခံ ကို၊ ငါ ချိုး ဖျက် လျက်၊ အ စာ ခေါင်း ပါး ခြင်း ဘေး ကို သင့် စေ လျက်၊ လူ သူ တိ ရ စ္ဆာန် ကို ပယ် ရှား ရာ၌၊ အခန်းကိုကြည့်ပါ။Judson Bible13 အချင်းလူသား၊ ပြည်သားတို့သည် အထပ်ထပ်လွန်ကျူး၍ ငါ့ကို ပြစ်မှားသောကြောင့်၊ ငါသည် လက်ကိုဆန့်၍ မုန့်အထောက်အပင့်ကို ချိုးသဖြင့်၊ အစာအာဟာရကိုခေါင်းပါးစေ၍၊ ထိုပြည်မှ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။