ယာဖက်၏သားများမှာ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ တိရတ် တို့ဖြစ်ကြ၏။
၄ ရာ 17:6 - မြန်မာ့စံမီသမ္မာကျမ်း ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။ Common Language Bible ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။ Garrad Bible ဟော ရှေ မင်း နန်း စံ ကိုး နှစ် တွင် ရှ မာ ရိ မြို့ ကို အာ ရှု ရိ ဘု ရင် ရ ၍ ဣ သ ရေ လူ မျိုး တို့ ကို အာ ရှု ရိ ပြည် သို့ သိမ်း သွား လျက် ဟာလ နယ်၌ လည်း ကောင်း၊ ဂေါ ဇန် နယ်၌ လည်း ကောင်း နေ စေ ၏။ Judson Bible ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သည် ရှမာရိမြို့ကိုရပြီးလျှင်၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံမြို့ရွာတို့၌ထား၏။ |
ယာဖက်၏သားများမှာ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ တိရတ် တို့ဖြစ်ကြ၏။
မပြစ်မှားဘဲနေနိုင်သူ တစ်ယောက်မျှမရှိသည်ဖြစ်၍ သူတို့သည် ကိုယ်တော့်ကို ပြစ်မှားမိလျှင် ကိုယ်တော်သည် သူတို့ကို အမျက်ထွက်၍ ရန်သူလက်သို့ အပ်လိုက်သဖြင့် ရပ်နီးရပ်ဝေးရှိရန်သူတို့၏ပြည်သို့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
ထာဝရဘုရားက မိမိအစေအပါးပရောဖက်တို့မှတစ်ဆင့် မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတို့ကို အထံတော်မှနှင်ထုတ်ခဲ့ရသည်အထိ ဖြစ်၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကိုယ့်နေရင်းပြည်မှ အဆီးရီးယားပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၍ ယနေ့တိုင်အောင်ထိုပြည်တွင် နေကြရ၏။
ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။
ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုးနှင့် တေလသာမြို့ရှိ ဧဒင်လူမျိုးတို့၏ဘုရားများသည် ကယ်ခဲ့ဖူးသလော။
ရှမာရိမြို့ကို တိုင်းသောမျဉ်းကြိုး၊ အာဟပ်မင်းမျိုးမင်းနွယ်ကို တိုင်းသောချိန်သီးဖြင့် ဂျေရုဆလင်မြို့ကို တိုင်းတာမည်။ ပန်းကန်ကိုသုတ်သကဲ့သို့ ဂျေရုဆလင်မြို့ကိုသုတ်ပစ်ပြီး မှောက်ထားမည်။
ဘုရားသခင်အခွင့်နှင့်စစ်တိုက်သောကြောင့် ရန်သူအများအပြားကျဆုံးကြ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ဖမ်းခေါ်သွားခြင်းမခံရမီအချိန်ထိ ထိုသူတို့ပြည်တွင် နေထိုင်ကြ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။
ကြည့်ရှုလော့။ ငွေကိုပဓာနမထား၊ ရွှေကိုမနှစ်သက်သော မေဒိလူမျိုးတို့ကို ငါလှုံ့ဆော်မည်။
အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက “ထိုနေ့ရက်၌ ယာကုပ်အမျိုး၏ဘုန်းအသရေသည် မှေးမှိန်သွားလိမ့်မည်။ ဝဖြိုးသောကိုယ်ခန္ဓာသည်လည်း ပိန်ချုံးသွားလိမ့်မည်။
“သစ္စာမဲ့သောသူသည် သစ္စာမဲ့လျက်နေ၏။ ဖျက်ဆီးသောသူသည်လည်း ဖျက်ဆီးလျက်နေ၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ ဝိုင်းထားကြလော့။ ညည်းတွားခြင်းရှိသမျှကို ငါအဆုံးသတ်စေမည်”ဟူသော ကြောက်မက်ဖွယ်နိမိတ်ကို ငါအားဖော်ပြတော်မူ၏။
နောက်မှ ငါလာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်သို့ သင်တို့ကို ငါခေါ်ဆောင်သွားမည်။
ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။
အို ထာဝရဘုရား၊ အကယ်စင်စစ် အဆီးရီးယားဘုရင်တို့သည် လူမျိုးအပေါင်းတို့နှင့် သူတို့၏ပြည်ကို ဖျက်ဆီးပါပြီ။
အကြောင်းမူကား ထိုသူငယ်သည် အဖေ၊ အမေဟု မခေါ်တတ်မီ ဒမတ်စကပ်မြို့၏ဥစ္စာပစ္စည်း၊ ရှမာရိမြို့၏လုယက်ပစ္စည်းတို့ကို အဆီးရီးယားဘုရင် သိမ်းယူသွားလိမ့်မည်”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးသည် ခြင်္သေ့တို့အလိုက်ခံရ၍ တကွဲတပြားဖြစ်နေသောသိုးကဲ့သို့ဖြစ်၏။ ဦးစွာ အဆီးရီးယားဘုရင်သည် ကိုက်စား၏။ နောက်ဆုံးမှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အရိုးတို့ကို ဝါးမျိုလေ၏။
‘ဖေရက်’ ဟူသည်မှာ အရှင်မင်းကြီး၏နိုင်ငံကို ခွဲပြီး မေဒိနှင့် ပါးရှားလူမျိုးတို့အား ပေးတော်မူပြီဟူ၍ အနက်ရ၏”ဟု ရှင်ဘုရင်ရှေ့၌ လျှောက်ထားလေ၏။
ထာဝရဘုရားက ဟောရှေအား “ဤသားအမည်ကို ယေဇရေလဟု မှည့်ခေါ်လော့။ အကြောင်းမှာ ယေဟုအမျိုးအနွယ်သည် ယေဇရေလအရပ်တွင် လူသတ်ခဲ့သောကြောင့် သူ့ကိုငါဆုံးမမည်။ အစ္စရေးအမျိုးအနွယ်၏မင်းဆက်ကို အဆုံးသတ်စေမည်။
တစ်ဖန် ဂေါမာသည်ကိုယ်ဝန်ဆောင်၍ သမီးကိုမွေးဖွား၏။ ထိုအခါ ထာဝရဘုရားက ဟောရှေအား “ဤသမီးအမည်ကို လောရုဟာမာဟု မှည့်ခေါ်လော့။ အကြောင်းမှာ ငါသည် အစ္စရေးအမျိုးအနွယ်ကို သနားစုံမက်တော့မည်မဟုတ်။ လုံးဝခွင့်လွှတ်တော့မည်မဟုတ်။
ထိုအခါ ထာဝရဘုရားက “ဤသားအမည်ကို လောအမ္မိဟု မှည့်ခေါ်လော့။ အကြောင်းမှာ သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်။ ငါသည်လည်း သင်တို့၏ဘုရားသခင်မဟုတ်”ဟု မိန့်တော်မူ၏။
ရှမာရိသည် မိမိ၏ဘုရားသခင်ကို ပုန်ကန်သောကြောင့် အပြစ်သင့်လေပြီ။ သူတို့သည် ဓားဘေးဖြင့် ကျဆုံးလိမ့်မည်။ သူတို့၏ကလေးသူငယ်တို့သည် ကိုင်ပေါက်ခံရလိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းသည်လည်း ခွဲဖောက်ခံရလိမ့်မည်။
အစ္စရေး ဝါးမျိုခံရလေပြီ။ သူတို့သည် လူမျိုးခြားတို့အလယ်တွင် မည်သူမျှအလိုမရှိသောတန်ဆာပလာကဲ့သို့ ဖြစ်၏။
သူတို့သည် ထာဝရဘုရား၏ပြည်တွင် နေရတော့မည်မဟုတ်။ ဧဖရိမ်သည် အီဂျစ်ပြည်သို့ပြန်သွားရလိမ့်မည်။ အဆီးရီးယားပြည်တွင် မစင်ကြယ်သောအစာကို စားရလိမ့်မည်။
သင်တို့သည် လူမျိုးခြားတို့အလယ်၌ ပျက်စီး၍ ရန်သူတို့၏ပြည်သည် သင်တို့ကို ဝါးမျိုလိမ့်မည်။
ထို့ကြောင့် ငါသည် သင်တို့ကို ဒမတ်စကပ်မြို့နှင့်ဝေးရာသို့ သုံ့ပန်းအဖြစ်ပါသွားစေမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ဟူ၍ နာမတော်ရှိတော်မူသောထာဝရဘုရား မိန့်တော်မူ၏။
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
ဂျော်ဒန်မြစ်ကိုကူး၍ သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်၌ သင်သည် အသက်မရှည်၊ မုချဖျက်ဆီးခြင်းခံရမည်ဖြစ်ကြောင်း ယနေ့ သင့်အားငါပြောကြားပြီ။