ထိုအခါ ထိုသူနှစ်ဦးစလုံးသည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်မပါအချည်းစည်းဖြစ်သည်ကို သိသွားသဖြင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်လျက် မိမိတို့အတွက် ခါးဝတ်တန်ဆာကို ပြုလုပ်ကြ၏။
၃ ရာ 13:21 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ယုဒပြည်မှလာသောဘုရားသခင်၏လူအား “ထာဝရဘုရားက ‘သင်သည် ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဖီဆန်ပြီ။ သင်၏ဘုရားသခင်ထာဝရဘုရား မိန့်မှာသောစကားတော်ကို မလိုက်နာဘဲ Common Language Bible ယုဒပရောဖက်အား``ထာဝရဘုရားကသင်သည် ငါ၏စကားတော်ကိုမနာခံ။ ငါ၏အမိန့်တော် အတိုင်းမဆောင်ရွက်။ အစားအစာမစားရန်ငါ မှာကြားသော်လည်း ဤအရပ်သို့ပြန်လာကာစား သောက်သည်ဖြစ်သောကြောင့်အသတ်ခံရလိမ့်မည်။ သင်၏အလောင်းကိုဘိုးဘေးတို့သင်္ချိုင်းတွင် သင်္ဂြိုဟ်ရလိမ့်မည်ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။ Garrad Bible သင် သည် အာ ဟာ ရ နှင့် ရေ ကို မ စား မ သောက် ရ ဟူ သော သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် အ တိုင်း မ စောင့် ရှောက် ဘဲ ကန့် ကွက် တော် မူ ရာ အ ရပ်၌ အာ ဟာ ရ နှင့် ရေ ကို ပြန် လာ စား သောက် လျက် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို ဖီ ဆန် သည့် အ တွက် သင့် အ လောင်း သည် ဘိုး ဘေး တို့ သင်္ချိုင်း သို့ မ ရောက် ရ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ယု ဒ ပြည် မှ လာ သူ ဘု ရား သ ခင့် လူ ယုံ တော် အား ကြွေး ကြော် လေ ၏။ Judson Bible ယုဒပြည်မှလာသော ဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နားမထောင်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ထားတော်မူသော ပညတ်တော်ကိုမစောင့်၊ |
ထိုအခါ ထိုသူနှစ်ဦးစလုံးသည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်မပါအချည်းစည်းဖြစ်သည်ကို သိသွားသဖြင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်လျက် မိမိတို့အတွက် ခါးဝတ်တန်ဆာကို ပြုလုပ်ကြ၏။
ထို့ကြောင့် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့သွား၍ “အရှင်မင်းကြီး၏တိုင်းပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး ခုနစ်နှစ် ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူလိုက်သဖြင့် အရှင်မင်းကြီးကို သုံးလပတ်လုံးထွက်ပြေးစေရမည်လော။ သို့မဟုတ် တိုင်းပြည်တွင် သုံးရက်ပတ်လုံးကပ်ရောဂါဘေး ကျရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်၏။
ထာဝရဘုရားသည် ဩဇကို အမျက်ထွက်တော်မူ၏။ သူပြုမိသောအမှားကြောင့် ဘုရားသခင်သည် သူ့ကို ထိုနေရာတွင်ပင် ဒဏ်ခတ်တော်မူရာ သူသည် ဘုရားသခင်၏သေတ္တာတော်နားတွင် သေလေ၏။
ထာဝရဘုရား၏စကားတော်သည် ငါ့ထံသို့ရောက်လာ၍ ‘ထိုအရပ်၌ အစာကို မစားရ၊ ရေကိုလည်း မသောက်ရ။ လာသောလမ်းအတိုင်းလည်း မပြန်ရ’ဟု ငါ့အား မိန့်မှာထားပြီ”ဟု ပြန်ပြော၏။
စားပွဲတွင် သူတို့ထိုင်၍စားနေစဉ် ဘုရားသခင်၏လူကိုပြန်ခေါ်လာသောပရောဖက်ထံသို့ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်လာ၍
“အစာလည်း မစားရ၊ ရေလည်း မသောက်ရ”ဟု သင့်အား ငါမှာထားသောနေရာသို့ ပြန်သွားပြီး စားသောက်လေပြီ။ ထို့ကြောင့် သင့်အလောင်းသည် သင့်ဘိုးဘေးတို့၏သင်္ချိုင်းသို့ ရောက်ရမည်မဟုတ်’ဟူ၍ မိန့်တော်မူ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
ထို့ကြောင့် ပရောဖက်က “သင်သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့် ငါ့ထံမှပြန်သွားလျှင် ခြင်္သေ့သည် သင့်ကို ကိုက်သတ်လိမ့်မည်”ဟု ဆို၏။ ဆိုသည့်အတိုင်းပင် ထိုသူထွက်သွား၍ ခြင်္သေ့နှင့်တိုးသဖြင့် သူ့ကို ကိုက်သတ်လေ၏။
ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စတင်ပြီးရှုံးနိမ့်လေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုအခါ မောရှေက အာရုန်အား “ထာဝရဘုရားက ‘ငါ့ထံသို့ချဉ်းကပ်သောသူတို့အား ငါသန့်ရှင်းကြောင်း ငါထင်ရှားပြမည်။ လူအပေါင်းတို့ရှေ့၌ ငါသည် ဘုန်းအသရေရှိမည်’ဟူ၍ မိန့်ဆိုခဲ့သည်မှာ ဤအမှုကိုဆိုလို၏”ဟု ဆိုသော် အာရုန်သည် တိတ်ဆိတ်နေလေ၏။
သို့သော် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “သင်တို့သည် ငါ့ကိုမယုံကြည်၊ အစ္စရေးအမျိုးသားတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့် သင်တို့သည် ဤလူအစုအဝေးတို့အား ငါပေးသောပြည်သို့ သူတို့ကို ပို့ဆောင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
“အာရုန်သည် မိမိလူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ အကြောင်းမူကား သင်တို့သည် မေရိဘစမ်းရေနားတွင် ငါ့အမိန့်ကိုဖီဆန်ကြသောကြောင့် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။
သို့ဖြစ်လျက် သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မနာခံသနည်း။ တိုက်ရာပါပစ္စည်းတို့ကို အသည်းအသန်လုယူခြင်းဖြင့် အဘယ်ကြောင့် ထာဝရဘုရားရှေ့မှောက်၌ မကောင်းမှုကို ပြုရသနည်း”ဟု ဆို၏။
ထိုသို့ ဘုရားသခင်၏သေတ္တာတော်အကြောင်းကို ကြားလိုက်ရသောအခါ ဧလိသည် မြို့တံခါးနား သူထိုင်နေသောထိုင်ခုံပေါ်မှ အနောက်သို့လန်ကျရာ အသက်လည်းကြီး လူလည်းဝသဖြင့် ဇက်ကျိုးကာ သေလေ၏။ သူသည် အစ္စရေးလူမျိုးတို့ကို အနှစ်လေးဆယ် စီရင်အုပ်ချုပ်ခဲ့၏။