တောလည် 20:12 - မြန်မာ့စံမီသမ္မာကျမ်း12 သို့သော် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “သင်တို့သည် ငါ့ကိုမယုံကြည်၊ အစ္စရေးအမျိုးသားတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့် သင်တို့သည် ဤလူအစုအဝေးတို့အား ငါပေးသောပြည်သို့ သူတို့ကို ပို့ဆောင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 သို့ရာတွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား``သင်တို့သည်ဣသရေလ အမျိုးသားတို့ရှေ့တွင်ငါ့တန်ခိုးတော်ကို ယုံကြည်မှုနည်းသောကြောင့် ကတိထားသော ပြည်သို့သူတို့အားပို့ဆောင်ရကြလိမ့်မည် မဟုတ်'' ဟုဆုံးမတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 မော ရှေ၊ အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား က ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ တွင် ငါ့ ကို ယုံ ကြည်၍ သီး သန့် မ ထား ကြ သော ကြောင့် ဤ အ စည်း အ ဝေး ကို ငါ ပေး သ နား သော ပြည် သို့ သင် တို့ မ ဆောင် သွင်း ကြ ရ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကိုမယုံကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကိုမရကြဟု မောရှေနှင့်အာရုန်တို့အား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ငါ့နာမကိုရှုတ်ချသဖြင့် လူမျိုးခြားတို့အလယ်တွင် အရှုတ်ချခံခဲ့ရသည့် ကြီးမြတ်သောငါ့နာမကို ငါသန့်ရှင်းစေမည်။ ထိုသို့ သင်တို့အားဖြင့် ထိုသူတို့ရှေ့တွင် ငါသန့်ရှင်းကြောင်း ထင်ရှားစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးတကာတို့ သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။