၂ ရာ 24:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထို့ကြောင့် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့သွား၍ “အရှင်မင်းကြီး၏တိုင်းပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး ခုနစ်နှစ် ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူလိုက်သဖြင့် အရှင်မင်းကြီးကို သုံးလပတ်လုံးထွက်ပြေးစေရမည်လော။ သို့မဟုတ် တိုင်းပြည်တွင် သုံးရက်ပတ်လုံးကပ်ရောဂါဘေး ကျရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ဂဒ်သည်လာရောက်၍ မိမိအားထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းမင်းကြီး အားတင်ပြလျှောက်ထားပြီးလျှင်``အရှင် မင်းကြီးသုံးနှစ်ပတ်လုံးအစာငတ်မွတ် ခေါင်းပါးမှု၊ သုံးလပတ်လုံးရန်သူတပ် များကိုတိမ်းရှောင်ထွက်ပြေးနေမှု၊ သုံးရက် ပတ်လုံးကပ်ရောဂါကျရောက်မှုတည်းဟူ သောဘေးတို့အနက်အဘယ်ဘေးကိုရွေး ချယ်တော်မူပါမည်နည်း။ အဘယ်သို့ ထာဝရဘုရားအားအကျွန်ုပ်ပြန် ကြားလျှောက်ထားရမည်ကိုစဉ်းစား တော်မူပါ'' ဟုမေးလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible13 ဂဒ် သည် ဒါ ဝိဒ် မင်း ထံ ဝင် ပြီး လျှင် ပြည် တော်၌ ခု နစ် နှစ် ပတ် လုံး အ စာ ခေါင်း ပါး ခြင်း ကပ် သင့်လို သ လော။ ရန် သူ တို့ လိုက် လံ စဉ် တွင် ၄င်း တို့ ရှေ့ သုံး လ ပတ် လုံး သင် ပြေး လို သ လော။ ပြည် တော်၌ သုံး ရက် ပတ် လုံး ကပ် ရော ဂါ သင့် လို သ လော။ စေ လွှတ် တော် မူ သော အ ရှင့် ထံ ငါ ပြန် လျှောက် ခွင့် ရ ရန် ယ ခု ပင် စဉ်း စား ဆင် ခြင် လော့ ဟု ပြော ဆို သော်၊ အခန်းကိုကြည့်ပါ။Judson Bible13 ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍၊ ပြည်တော်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော။ သို့မဟုတ် ရန်သူတို့သည် သုံးလပတ်လုံးလိုက်၍ ကိုယ်တော်ပြေးတော်မူရမည်လော။ သို့မဟုတ် ပြည်တော်၌ သုံးရက်ပတ်လုံး ကာလနာရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူ၏ဓားသည် အရှင်မင်းကြီးကိုလိုက်မီသဖြင့် ရန်သူ့ရှေ့၌ သုံးလပတ်လုံး ဓားဘေးနှင့်ရင်ဆိုင်မည်လော။ သို့မဟုတ် ထာဝရဘုရား၏ဓားတော်သည်ဤပြည်၌ ကပ်ရောဂါဘေးသက်ရောက်စေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် အစ္စရေးပြည်အနှံ့ သုံးရက်ပတ်လုံးဖျက်ဆီးသောဘေး ဖြစ်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်လေ၏။