Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 15:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သို့ဖြစ်လျက် သင်​သည် အဘယ်ကြောင့် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သနည်း​။ တိုက်ရာပါပစ္စည်း​တို့​ကို အသည်းအသန်​လုယူ​ခြင်း​ဖြင့် အဘယ်ကြောင့် ထာဝရဘုရား​ရှေ့မှောက်​၌ မကောင်းမှု​ကို ပြု​ရ​သနည်း​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် လက်​ရ​ပစ္စည်း​များ​ကို​မက်​မက်​မော​မော​သိမ်း ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော အ​မှု​ကို​ပြု​ဘိ​သ​နည်း'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သို့ ဖြစ် လျက် လက် ရ ဥစ္စာ ကို တစ် ဟုန် တည်း သိမ်း ယူ၍ ထာ ဝ ရ ဘု ရား မျက် မှောက် တော်၍ ဆိုး သွမ်း မှု ကို ပြု ကျင့် သ ဖြင့် အ မိန့် တော် ကို အ ဘယ် ကြောင့် လွန် ဆန် ဘိ သ နည်း ဟု မေး သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သို့​ဖြစ်၍ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊ ရန်​သူ၏​ဥ​စ္စာ​ကို လု​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဤ​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့်​ပြု​ဘိ​သ​နည်း​ဟု ပြော​ဆို​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 15:19
11 ပူးပေါင်းရင်းမြစ်များ  

ယခုမှာ သင်​သည် အဘယ်ကြောင့် ထာဝရဘုရား​၏​စကား​တော်​ကို မထီမဲ့မြင်ပြု​ပြီး မျက်မှောက်​တော်​၌ မကောင်းမှု​ကို ပြု​ရ​သနည်း​။ သင်​သည် ဟိတ္တိ​လူမျိုး ဥရိယ​ကို ဓား​နှင့်​သတ်​ပြီး သူ့​မယား​ကို သင့်​မိဖုရား​အဖြစ် သိမ်းယူ​ပြီ​။ သင်​သည် သူ့​ကို အမ္မုန်​အမျိုးသား​တို့​၏​ဓား​ဖြင့် သတ်​လေ​ပြီ​တကား​။


သူ​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။


ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​တွင် မိမိ​သား​တို့​ကို​လည်း မီးရှို့ပူဇော်​၏​။ ဗေဒင်အတတ်​၊ ဟူးရားအတတ်​၊ မှော်အတတ်​တို့​ကို လိုက်စား​သည်​သာမက နတ်ဝင်သည်​၊ နတ်ထိန်းသည်​တို့​အား မေးမြန်း​သော​အလေ့အထ​ကို​လည်း ကျင့်သုံး​၏​။ ဤသို့​မကောင်းမှု​များ​ကို​ပြု​လျက် ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။


သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​၏​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ဆင့်ဆို​သော​ပရောဖက်​ယေရမိ​ရှေ့​တွင် မိမိကိုယ်ကို​နှိမ့်ချ​ခြင်း​မ​ရှိ​။


မတရား​သော​အကျိုး​စီးပွား​ကို​တပ်မက်​သော​သူ​သည် မိမိ​အိမ်သူအိမ်သား​တို့​ကို ဒုက္ခပေး​တတ်​၏​။ တံစိုးလက်ဆောင်​ကို​မုန်း​သော​သူ​မူကား အသက်ရှင်​ရ​လိမ့်မည်​။


ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ဤ​အိမ်​တော်​ကို ဓားပြ​ခိုအောင်းရာ​ဖြစ်​သည်​ဟု သင်​တို့​ထင်​ကြ​သလော​။ သင်​တို့​ပြု​သော​အမှု​ကို ငါ​မြင်​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


မောရှေ​က “​သင်​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​ကို အဘယ်ကြောင့် ကျူးလွန်​ကြ​သနည်း​။ ဤ​အမှု​သည် အောင်မြင်​မည်​မ​ဟုတ်​။


အကြောင်းမူကား ဒေမ​သည် ယခု​ဘဝ​ကို​ချစ်​၍ ငါ့​ကို​စွန့်ပစ်​ကာ သက်သာလောနိတ်​မြို့​သို့ သွား​လေ​ပြီ။ ကရက္ကေ​သည် ဂလာတိ​ပြည်​သို့​လည်းကောင်း၊ တိတု​သည် ဒါလမာတိ​ပြည်​သို့​လည်းကောင်း သွား​ကြ​ပြီ။


ထို့ကြောင့် သူ​တို့​သည် တိုက်ရာပါပစ္စည်း​များ​ရှိ​ရာ​သို့ တစ်ဟုန်ထိုး​ပြေးသွား​၍ သိုး​နွား​များ​၊ နွားသငယ်​များ​ကို မြေ​ပေါ်တွင်​သတ်​ပြီးလျှင် အသွေး​ပါ စား​မိ​ကြ​လေ​၏​။


ရှောလု​မင်းကြီး​က​လည်း ရှမွေလ​အား “​ထာဝရဘုရား​၏​စကား​တော်​ကို အကျွန်ုပ်​နာခံ​ပါ​၏​။ ထာဝရဘုရား​စေခိုင်း​သည့်​အတိုင်း​သွား​၍ အမှု​တော်​ကို​ထမ်းဆောင်​ပါ​၏​။ အာမလက်​ဘုရင်​အာဂတ်​မင်းကြီး​ကို ဖမ်းခေါ်​ခဲ့​ပြီး အာမလက်​လူမျိုး​တို့​ကို အကုန်​ချေမှုန်း​ခဲ့​ပါ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ