အာသမင်းကြီးနှင့် အစ္စရေးဘုရင်ဗာရှာမင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
၂ ရာချုပ် 16:6 - မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီးသည်လည်း ယုဒပြည်သူပြည်သားအပေါင်းတို့ကို ခေါ်ဆောင်လာ၍ ရာမမြို့ကိုဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံး၊ သစ်သားများကို ယူဆောင်သွားစေကာ ထိုပစ္စည်းများဖြင့် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။ Common Language Bible ထိုအခါအာသမင်းသည်ယုဒပြည်တစ် လျှောက်လုံးမှ လူတို့ကိုဆင့်ခေါ်ပြီးလျှင် ရာမမြို့တံတိုင်းကာရံမှုတွင် အသုံးပြု လျက်ရှိသောကျောက်တုံးများနှင့်သစ်သား များကိုသယ်ဆောင်လာစေတော်မူ၏။ သူတို့ သည်ထိုပစ္စည်းများဖြင့် ဂေဘမြို့နှင့်မိဇပါ မြို့တို့ကိုတံတိုင်းကာကြ၏။ Garrad Bible အာ သ မင်း သည်၊ ယု ဒ တစ် မျိုး လုံး ကို ဆင့် ခေါ် ပြီး လျှင်၊ ဗာ ရှာ မင်း တည် ဆဲ ဖြစ် သော ရာ မ မြို့ မှ၊ ကျောက်၊ သစ် သား များ ကို သယ် ယူ၍၊ မိ ဇ ပါ၊ ဂေ ဗ မြို့ များ ကို ချဲ့ တည် လေ၏။ Judson Bible ထိုအခါ အာသမင်းကြီးသည် ယုဒလူအပေါင်းကိုခေါ်သဖြင့်၊ ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား၍၊ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။ |
အာသမင်းကြီးနှင့် အစ္စရေးဘုရင်ဗာရှာမင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
အာသမင်းကြီးသည်လည်း ရာမမြို့ကို ဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံးများ၊ သစ်သားများကို ပြည်သူပြည်သားတစ်ယောက်မကျန် သယ်ဆောင်ရမည်ဟု ယုဒပြည်တစ်ပြည်လုံးသို့ အမိန့်ထုတ်ပြန်၏။ ထို့နောက် အာသမင်းကြီးသည် ထိုပစ္စည်းများဖြင့် ဗင်္ယာမိန်နယ်တွင် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။
ဗင်္ယာမိန်အမျိုးအနွယ်၏နယ်မြေထဲမှ ဂေဗမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာလမက်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာနသုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကို သူတို့မျိုးနွယ်စုအတွက် ခွဲဝေပေး၏။
ထိုသတင်းကို ဗာရှာမင်းကြီးကြားလျှင် ရာမမြို့တည်ဆောက်ခြင်းအမှုကိုဆက်မလုပ်တော့ဘဲ ရပ်စဲလိုက်လေ၏။
ထိုအခါ စိတ်အာရုံရသူဟာနနိသည် ယုဒဘုရင်အာသမင်းကြီးထံသွား၍ “သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကို မကိုးစားဘဲ ဆီးရီးယားဘုရင်ကို ကိုးစားသောကြောင့် ဆီးရီးယားဘုရင်၏စစ်တပ်သည် သင့်လက်မှ လွတ်မြောက်သွားပြီ။
သူတို့သည် ယုဒပြည်သို့ချီတက်သိမ်းပိုက်ကြပြီး ဘုရင့်နန်းတော်တွင် တွေ့သမျှဥစ္စာတို့ကို ယူဆောင်သွားကြ၏။ အငယ်ဆုံးသားတော်ယောခတ်မှတစ်ပါး ကျန်သားတော်များ၊ မိဖုရားများကိုလည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်သွားကြ၏။
သူတို့သည် တောင်ကြားလမ်းကိုဖြတ်၍ ဂေဗမြို့၌ စခန်းချကြ၏။ ရာမမြို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ရှိ၏။ ရှောလုမင်းကြီးစံမြန်းရာ ဂိဗာမြို့သည် ထွက်ပြေးပြီ။
ယေရမိသည်လည်း အဟိကံ၏သား ဂေဒလိရှိရာ မိဇပါမြို့သို့ပြန်သွား၍ ပြည်၌ကျန်ရစ်သောပြည်သားတို့နှင့်အတူ နေထိုင်လေ၏။
ဂေဗမြို့မှဂျေရုဆလင်မြို့တောင်ဘက် ရိမ္မုန်မြို့တိုင်အောင် မြေတစ်ပြင်လုံးသည် လွင်ပြင်ဖြစ်လိမ့်မည်။ ဂျေရုဆလင်မြို့ကား မြှင့်တင်ခြင်းကိုခံရ၍ ဗင်္ယာမိန်တံခါးမှ မြို့တံခါးဟောင်းနေရာမြို့ထောင့်တံခါးအထိလည်းကောင်း၊ ရှိဟာနနေလမျှော်စင်မှသည် တော်ဝင်စပျစ်သီးနယ်ရာကျင်းအထိလည်းကောင်း ယခင်နေရာ၌ တည်ရှိလိမ့်မည်။
ထို့နောက် ရှမွေလသည် မိဇပါမြို့တွင် လူတို့ကို ထာဝရဘုရားထံတော်သို့ ခေါ်ယူစုရုံးစေပြီး
သူသည် နှစ်စဉ် ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့များသို့ လှည့်လည်သွားလာပြီး ထိုမြို့များရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။
အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။