Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 7:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 အစ္စရေး​အမျိုးသား​တို့​သည်​လည်း မိဇပါ​မြို့​၌​စုဝေး​ကြ​၏​။ ရေ​ကို​ခပ်​ပြီး ထာဝရဘုရား​ရှေ့​တော်​၌​သွန်းလောင်း​ကြ​၏​။ ထို​နေ့​၌ အစာရှောင်​ကြ​ပြီး သူ​တို့​က “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​ခဲ့​ကြ​ပြီ​”​ဟု ဝန်ခံ​ကြ​၏​။ ဤသို့ဖြင့် ရှမွေလ​သည် မိဇပါ​မြို့​၌ အစ္စရေး​အမျိုးသား​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​ဇ​ပါ​မြို့​တွင်​စု​ဝေး ကြ​ပြီး​နောက် ရေ​အ​နည်း​ငယ်​ခပ်​၍​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း​လောင်း ကာ​ထို​နေ့​တစ်​နေ့​လုံး​အ​စာ​ရှောင်​ကြ​၏။ သူ တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ မိ​ဇ​ပါ​မြို့​မှ နေ​၍​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စီ​ရင်​အုပ်​ချုပ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ၎င်း မြို့ ၌ စု ရုံး သော နေ့ တွင် ရေ ခပ်၍ ထာ ဝ ရ ဘု ရား ရှေ့ တော် မှာ သွန်း လောင်း ခြင်း၊ အ စာ ရှောင် ခြင်း များ ကို ပြု လျက် ထာ ဝ ရ ဘု ရား ကို အ ကျွန်ုပ် တို့ ပြစ် မှား မိ ခဲ့ ကြ ပြီ ဟု ဝန် ခံ ကြ လေ၏။ ရှ မွေ လ လည်း မိ ဇ ပါ မြို့၌ ဣ သ ရေ လ အ မျိုး သား တို့ ကို အုပ် စိုး စီ ရင် လျက် နေ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သူ​တို့​သည် မိ​ဇ​ပါ​မြို့၌ စည်း​ဝေး​သ​ဖြင့်၊ ရေ​ကို​ခပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း အ​ကျင့်​တို့​ကို​ကျင့်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဝန်​ခံ​ကြ၏။ ရှ​မွေ​လ​သည် မိ​ဇ​ပါ​မြို့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တ​ရား​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 7:6
47 ပူးပေါင်းရင်းမြစ်များ  

မိဇပါ ဟူ၍​လည်းကောင်း ခေါ်​၏​။ အကြောင်းမူကား လာဗန်​က “​ငါ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး​မတွေ့မမြင်​နိုင်​ကြ​သောအခါ သင်​နှင့်​ငါ​ကြား​၌ ထာဝရဘုရား​စောင့်ကြည့်​တော်မူ​ပါစေ​။


စင်စစ် အကျွန်ုပ်​တို့​သည် သေ​တတ်​သော​အမျိုး​ဖြစ်​ကြ​ပါ​၏​။ မြေ​ပေါ်​သွန်​ပြီးမှ ပြန်ယူ​၍​မ​ရ​သော​ရေ​နှင့်​တူ​ကြ​ပါ​၏​။ ဘုရားသခင်​မူကား အသက်​တစ်​ချောင်း​ကို​ပင် မ​သေ​စေ​လို​ပါ​။ ကိုယ်တော့်​ထံမှ နှင်ထုတ်​ခံရ​သော​သူ​ကို အပယ်ခံ​မ​ဖြစ်​စေ​လို​သဖြင့် နည်းလမ်း​ရှာဖွေ​တော်မူ​တတ်​ပါ​၏​။


ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်​၌ သူ​တို့ စိတ်နှလုံး​ပြောင်းလဲ​၍ ‘​အကျွန်ုပ်​တို့ ပြစ်မှား​မိ​ပါ​ပြီ​။ ဒုစရိုက်​ကို ပြု​မိ​ပါ​ပြီ​။ မကောင်းမှု​များ​ကို ပြု​မိ​ပါ​ပြီ​’​ဟု ဆို​လျက် နောင်တရ​ကာ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အရပ်​၌​ပင် ကိုယ်တော့်​ထံ ဆုတောင်း​အသနားခံ​လျှင်​၊


ထို​သူရဲကောင်း​သုံး​ဦး​သည် ဖိလိတ္တိ​တပ်စခန်း​ကို ထိုးဖောက်​ပြီး ဗက်လင်​မြို့​တံခါး​အနီး​ရှိ​ရေတွင်း​မှ ရေ​ကို​ခပ်ယူ​ကာ ဒါဝိဒ်​မင်းကြီး​ထံ ယူဆောင်​လာ​ပေး​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ထို​ရေ​ကို​မ​သောက်​ဘဲ ထာဝရဘုရား​ရှေ့​တော်​တွင် သွန်း​လျက်


ယောရှဖတ်​မင်းကြီး​သည်​ကြောက်ရွံ့​၍ ထာဝရဘုရား​ကို​ရှာ​ရန် စိတ်ဆုံးဖြတ်​ပြီး ယုဒ​ပြည်​တစ်ပြည်လုံး​သို့ အစာရှောင်​ရန် ကြေညာ​၏​။


ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​အား ရန်သူ​တို့​လက်​သို့​အပ်​သဖြင့် ရန်သူ​တို့​သည် သူ​တို့​ကို​ညှဉ်းပန်းနှိပ်စက်​လေ​၏​။ သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ကိုယ်တော့်​ထံ​အော်ဟစ်​သဖြင့် ကိုယ်တော်​သည် ကောင်းကင်​မှ​ကြား​တော်မူ​၏​။ ကိုယ်တော်​သည် ကရုဏာ​တော်​ကြီးမား​သောကြောင့် ကယ်တင်​မည့်​သူ​များ​ကို ပြင်ဆင်​ပေး​တော်မူ​၍ သူ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်တင်​စေ​ခဲ့​၏​။


ငါ့​မိတ်ဆွေ​တို့​သည် ငါ့​ကို ပြက်ရယ်ပြု​ကြ​၏​။ ငါ​သည် ဘုရားသခင်​ရှေ့​တော်​တွင် မျက်ရည်​ကျ​ရ​ပါ​၏​။


ငါ​သည် စားသောက်​ရ​မည့်​အစား ငိုကြွေး​နေ​ရ​ပါ​၏​။ ရေ​စီးဆင်း​သကဲ့သို့ ညည်းတွား​နေ​ရ​ပါ​၏​။


သူ​သည် လူ​တို့​ကို​ကြည့်ရှု​၍ ‘​ငါ​သည် ဖြောင့်မှန်​သော​လမ်း​မှ​လွဲ​၍ အပြစ်ပြု​မိ​ပြီ​။ သို့သော် ငါ​ခံထိုက်​သော​အပြစ်​ကို ခံ​စေ​တော်​မ​မူ​။


“​ကြည့်ရှု​လော့​။ အကျွန်ုပ်​သည် ယုတ်ညံ့​သော​သူ​ဖြစ်​ပါ​၏​။ ကိုယ်တော်​ကို မည်သို့​ပြန်လျှောက်​နိုင်​ပါ​မည်နည်း​။ အကျွန်ုပ်​နှုတ်​ကို လက်​နှင့်​ပိတ်​ထား​ပါ​ပြီ​။


ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာ​မိ​ပါ​၏​။ နောင်တရ​လျက် မြေမှုန့်​ထဲ​၊ ပြာပုံ​ထဲမှာ ထိုင်​နေ​ရ​ပါ​၏”​ဟု လျှောက်​လေ​၏​။


အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​နှင့်အတူ အပြစ်ပြု​ကြ​ပါ​ပြီ​။ ဒုစရိုက်​ကို​ပြု​ကြ​ပါ​ပြီ​။ ဆိုးယုတ်​သော​အမှု​ကို​ပြု​ကြ​ပါ​ပြီ​။


လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို မ​စောင့်ထိန်း​ကြ​သောကြောင့် အကျွန်ုပ်​၏​မျက်စိ​တို့​မှ မျက်ရည်​ချောင်း​များ​စီးဆင်း​ပါ​၏​။


လူ​တို့​က “​သင်​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု ငါ့​ကို တစ်နေ့လုံး​ပြောဆို​ကြ​သောအခါ ငါ​၏​မျက်ရည်​သည် နေ့​ည​မပြတ် ငါ့​အတွက်​စားစရာ​ဖြစ်​ရ​၏​။


အကျွန်ုပ်​သည် ညည်းတွား​ရ​သဖြင့်​ပင်ပန်း​လှ​ပါ​၏​။ ညစဉ်ညတိုင်း အကျွန်ုပ်​၏​မျက်ရည်​များ​ဖြင့် အကျွန်ုပ်​၏​ညောင်စောင်း​သည် အိုင်ထွန်း​၍ အကျွန်ုပ်​၏​ခုတင်​သည် စိုရွှဲ​လျက်​ရှိ​ပါ​၏​။


အို လူ​များ​တို့​၊ ကိုယ်တော်​ကို အစဉ်အမြဲ​ယုံကြည်ကိုးစား​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​ကို ကိုယ်တော်​၏​ရှေ့​တော်​၌ ဖွင့်ဟ​ကြ​လော့​။ ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


အကျွန်ုပ်​လမ်းလွဲ​ပြီးမှ အမှန်ပင် နောင်တရ​ပါ​ပြီ​။ သွန်သင်​ခြင်း​ခံရ​ပြီးမှ အကျွန်ုပ်​သည် ရင်ထုမနာ​ဖြစ်​ရ​ပါ​၏​။ အကျွန်ုပ်​သည် ငယ်ရွယ်စဉ်​၌ ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​သောကြောင့် အရှက်ကွဲ​ရ​ပါ​၏​။ အသရေပျက်​ရ​ပါ​၏​”​ဟူ၍ မြည်တမ်း​သည်​ကို ငါ​သေချာ​စွာ​ကြား​ရ​၏​။


ယောရှိ​မင်းကြီး​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​ငါး​နှစ်​၊ နဝမ​လ​တွင် ဂျေရုဆလင်​မြို့သူမြို့သား​အပေါင်း​နှင့် ယုဒ​မြို့ရွာ​တို့​မှ ဂျေရုဆလင်​မြို့​သို့​ရောက်လာ​သော​သူ​အပေါင်း​တို့​အား ထာဝရဘုရား​ရှေ့​တော်​၌ အစာရှောင်​ကြ​ရန် ကြေညာ​၏​။


မည်သူ​သည် ငါ့​ခေါင်း​ကို ရေ​တွင်း​ဖြစ်စေ​မည်နည်း​။ မည်သူ​သည် ငါ့​မျက်စိ​ကို မျက်ရည်​ထွက်​သော​စမ်း​ဖြစ်​စေ​မည်နည်း​။ သို့ဖြစ်လျှင် အသတ်ခံရ​သော​ငါ့​လူမျိုး​သမီးပျို​အတွက် ငါ​သည် နေ့​ည​မပြတ်​ငိုကြွေး​နိုင်​လိမ့်မည်​။


ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သောကြောင့်​၊ နို့စို့နို့ညှာ​ကလေးငယ်​တို့ မြို့​လမ်းမ​များ​ပေါ်၌ လဲကျ​သောကြောင့် ငိုရလွန်း​၍ မျက်စိမှုန်ဝေ​ကုန်​ပြီ​။ ငါ့​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ ငါ့​အသည်းနှလုံး​လည်း မြေ​ပေါ်​ကြွေကျ​လေ​ပြီ​။


ကောင်းကင်ဘုံ​မှ ထာဝရဘုရား ငုံ့ကြည့်​၍ မြင်​တော်​မ​မူ​မ​ချင်း ငါ့​မျက်ရည်​သည် မ​ပြတ်​မ​စဲ​စီးဆင်း​လေ​ပြီ​။


အကျွန်ုပ်​တို့​ခေါင်း​ပေါ်မှ သရဖူ​သည် ပြုတ်ကျ​လေ​ပြီ​။ အကျွန်ုပ်​တို့​ပြု​မိ​သော​အပြစ်​ကြောင့် ယခုမှာ အမင်္ဂလာ​ဖြစ်​လေ​ပြီ​။


အချင်း​လူသား​၊ သင်​စီရင်​လော့​။ သူ​တို့​ကို သင်​စီရင်​လော့​။ သူ​တို့​ဘိုးဘေး​တို့​ပြု​ခဲ့​သည့် စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို သူ​တို့​အား ပြောပြ​လော့​။


ယဇ်ပုရောဟိတ်​တို့​၊ နားထောင်​ကြ​။ အစ္စရေး​အမျိုးအနွယ်​တို့​၊ အာရုံစိုက်​ကြ​။ နန်းတွင်းသား​တို့​၊ စူးစိုက်​နားထောင်​ကြ​။ သင်​တို့​သည် တရားစီရင်​ခြင်း​ကို​ခံရ​ကြ​မည်​။ သင်​တို့​သည် မိဇပါ​မြို့​မှ ထောင်ချောက်​၊ တာဗော်​တောင်​ပေါ်မှ ဖြန့်​ထား​သော​ပိုက်ကွန် ဖြစ်​၏​။


ထာဝရဘုရား​က “​ယခုပင် ငါ့​ထံသို့ စိတ်နှလုံး​အကြွင်းမဲ့ ပြန်လာ​၍ အစာရှောင်​လျက် ငိုကြွေး​မြည်တမ်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏​။


သင်​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ကား ဤသို့​ဖြစ်​၏​။ သင်​တို့​၏​အမျိုးသားချင်း​ဖြစ်စေ​၊ သင်​တို့​ထဲတွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ဖြစ်စေ သတ္တမ​လ​၊ ဆယ်​ရက်​နေ့​၌ မိမိ​တို့​၏​စိတ်ဆန္ဒ​ကို​ငြင်းပယ်​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။


သို့သော် သူ​တို့​၏​အပြစ်​၊ ဘိုးဘေး​တို့​၏​အပြစ်​ကို ဖော်ပြဝန်ခံ​မည်​ဆိုလျှင်​၊ သူ​တို့​သည် ဖောက်ပြန်မှားယွင်း​၍ ငါ့​ကို​ဆက်လက်​ဆန့်ကျင်​ကြ​သဖြင့်


ငါ​သည်​ထ​၍ ငါ့​အဖေ​ထံသို့​သွား​ပြီး “အဖေ၊ အကျွန်ုပ်​သည် ကောင်းကင်​ကို​လည်းကောင်း၊ အဖေ့​ကို​လည်းကောင်း ပြစ်မှား​ခဲ့​ပါ​ပြီ။


မိဇပါ​မြို့​၊ ခေဖိရ​မြို့​၊ မောဇ​မြို့​၊


ထိုအခါ အစ္စရေး​အမျိုးသား​တို့​က “​အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကို စွန့်ပယ်​၍ ဗာလ​ဘုရား​ကို ဝတ်ပြု​မိ​ပါ​ပြီ​”​ဟု ထာဝရဘုရား​ထံ အော်ဟစ်​လျှောက်ဆို​ကြ​၏​။


သို့သော် အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​အား “​အကျွန်ုပ်​တို့​ပြစ်မှား​မိ​ပါ​ပြီ​။ အလိုရှိ​သည်​အတိုင်း​ပြု​တော်မူ​ပါ​။ သို့သော် ယခုမှာ အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​ပါ​”​ဟု လျှောက်ဆို​ကြ​၏​။


ထိုသို့ ထာဝရဘုရား​၏​ကောင်းကင်တမန် မိန့်ဆို​သောအခါ အစ္စရေး​အမျိုးသား​အပေါင်း​တို့ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​သို့​တက်သွား​၍ နေဝင်ချိန်​တိုင်အောင် ငိုကြွေး​လျက် ထာဝရဘုရား​အား “​အကျွန်ုပ်​တို့​၏​ညီအစ်ကို​ဖြစ်​သော ဗင်္ယာမိန်​အမျိုးသား​တို့​ကို တစ်ဖန်​သွားတိုက်​ရ​မည်လော​”​ဟု မေးလျှောက်​ကြ​လျှင် ထာဝရဘုရား​က “​တိုက်​လော့​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုးသား လူ​အပေါင်း​တို့​သည်​လည်း ဗေသလ​မြို့​သို့ တက်သွား​ပြီး ထာဝရဘုရား​ရှေ့​တော်​တွင် ထိုင်​၍​ငိုကြွေး​ကြ​၏​။ ထို​နေ့ နေဝင်​သည်​အထိ အစာရှောင်​လျက် ထာဝရဘုရား​အား မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​များ​ကို ပူဇော်​ကြ​၏​။


ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဩသံယေလ​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရ​၏​။ စစ်ချီ​သောအခါ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​ကို သူ့​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​သဖြင့် သူ​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို နိုင်​လေ​၏​။


ဟန္န​က​လည်း “​သခင်​၊ ထိုသို့​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် စိတ်သောက​ရောက်​နေ​သော​မိန်းမ ဖြစ်​ပါ​၏​။ စပျစ်ဝိုင် မ​သောက်​ပါ​။ သေရည်သေရက်​ကို​လည်း မ​သောက်​ပါ​။ ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​စိတ်ခံစားချက်​ကို ဖွင့်ပြ​နေ​ခြင်း​သာ​ဖြစ်​ပါ​၏​။


ထို့နောက် ရှမွေလ​သည် မိဇပါ​မြို့​တွင် လူ​တို့​ကို ထာဝရဘုရား​ထံ​တော်​သို့ ခေါ်ယူ​စုရုံး​စေ​ပြီး


ထိုအခါ သူ​တို့​က ‘​အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို ပြစ်မှား​မိ​ပါ​ပြီ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​စွန့်ပယ်​၍ ဗာလ​ဘုရား​များ​နှင့် အာရှတရက်​ဘုရား​များ​ကို​ဝတ်ပြု​ကြ​ပါ​၏​။ သို့သော် ယခု အကျွန်ုပ်​တို့​ကို ရန်သူ​တို့​လက်​မှ ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို​ဝတ်ပြု​ကြ​ပါ​မည်​’​ဟု ထာဝရဘုရား​ထံ အော်ဟစ်​ကြ​၏​။


ရှမွေလ​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ