၂ ရာချုပ် 21:17 - မြန်မာ့စံမီသမ္မာကျမ်း17 သူတို့သည် ယုဒပြည်သို့ချီတက်သိမ်းပိုက်ကြပြီး ဘုရင့်နန်းတော်တွင် တွေ့သမျှဥစ္စာတို့ကို ယူဆောင်သွားကြ၏။ အငယ်ဆုံးသားတော်ယောခတ်မှတစ်ပါး ကျန်သားတော်များ၊ မိဖုရားများကိုလည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 သူတို့သည်ယုဒပြည်သို့ချင်းနင်းဝင် ရောက်ကာနန်းတော်ကိုလုယက်ကြ၏။ ထို နောက်သားတော်အငယ်ဆုံးဖြစ်သူအာခဇိ မှတစ်ပါးအခြားသားတော်များနှင့်မိ ဖုရားများကိုသုံ့ပန်းအဖြစ်ဖြင့်ဖမ်း ဆီးသွားလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible17 ထို သူ တို့ သည် ယု ဒ ပြည် သို့ ချီ တက် တိုက် ဝင် ပြီး လျှင်၊ နန်း တော် တွင် တွေ့ သ မျှ ဥ စ္စာ များ နှင့် မိ ဖု ရား၊ သား တော်၊ သ မီး တော် များ ကို သိမ်း သွား ရာ၊ သား တော် ထွေး အာ ခ ဇိ သာ ကျန် ရစ် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible17 သူတို့သည် ယုဒပြည်သို့ချီလာ၍ လုပ်ကြံကြ၏။ နန်းတော်၌တွေ့သမျှသော ဥစ္စာများနှင့် ရှင်ဘုရင်၏သားမယားများတို့ကို သိမ်းသွားကြသဖြင့်၊ အထွေးဆုံးသောသား အာခဇိမှတစ်ပါး၊ တစ်ယောက်မျှ မကျန်ကြွင်း။ အခန်းကိုကြည့်ပါ။ |
ထိုသို့ ယောရံမင်းကြီးသည် ရာမမြို့တွင် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှရသွားသောဒဏ်ရာကို ကုသရန်အတွက် ယေဇရေလမြို့သို့ပြန်သွား၏။ ယဟောရံမင်းကြီး၏သားတော် ယုဒဘုရင်အာဇရိမင်းကြီးသည်လည်း အာဟပ်မင်းကြီး၏သားတော်ယဟောရံမင်းကြီး ဒဏ်ရာရသည်ကိုကြည့်ရှုရန် ယေဇရေလမြို့သို့ လိုက်သွားလေ၏။
ယုဒဘုရင်အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများနှင့် ဆုံသဖြင့် ယေဟုက “သင်တို့သည် မည်သူများနည်း”ဟု မေးလျှင် သူတို့က “အကျွန်ုပ်တို့သည် အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများ ဖြစ်ပါ၏။ ရှင်ဘုရင်၏သားတော်များ၊ မယ်တော်မိဖုရား၏သားတော်များကို နှုတ်ဆက်ရန် လာကြပါသည်”ဟု ပြန်ဖြေ၏။