၂ ရာချုပ် 15:15 - မြန်မာ့စံမီသမ္မာကျမ်း
ထိုသို့ ကျိန်ဆိုရခြင်းအတွက် ယုဒလူမျိုးအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆိုပြီး ထာဝရဘုရားကို စိတ်လိုလက်ရရှာသောကြောင့် သူတို့ကို အတွေ့ခံတော်မူ၏။ ထာဝရဘုရားသည်လည်း အရပ်ရပ်၌ ငြိမ်းချမ်းခြင်း ရှိစေတော်မူ၏။
အခန်းကိုကြည့်ပါ။
ယုဒပြည်သူအပေါင်းတို့သည်စိတ်စွမ်းကိုယ် စွမ်းရှိသမျှဖြင့် ပဋိညာဉ်ပြုရကြသဖြင့် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်ထာဝရ ဘုရားအားဆန္ဒအပြည့်အဝဖြင့်ဆည်းကပ် ကြသဖြင့် ထာဝရဘုရားသည်သူတို့၏ ဆည်းကပ်မှုကိုလက်ခံ၍အရပ်ရပ်၌ငြိမ်း ချမ်းသာယာစေတော်မူ၏။
အခန်းကိုကြည့်ပါ။
ယု ဒ လူ မျိုး အ ပေါင်း တို့ သည် စိတ် နှ လုံး အ ကြွင်း မဲ့ သ စ္စာ ဆို၍၊ အ လို ဆ န္ဒ အ ကုန် အ စင် လိုက် ရှာ ကြ သည် နှင့် အ ညီ၊ သ စ္စာ ဆို ရ သည့် အ တွက် ဝမ်း မြောက် ကြ ကုန်၏။ ထာ ဝ ရ ဘု ရား လည်း အ တွေ့ ခံ တော် မူ၍၊ ပတ် ဝန်း ကျင် အ ရပ် ရပ် ၌ ငြိမ်း ချမ်း ခွင့် ပေး တော် မူ ၏။
အခန်းကိုကြည့်ပါ။
ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံးအကြွင်းမဲ့ ကျိန်ဆို၍၊ အလိုဆန္ဒအားကြီးသည်နှင့်၊ ထာဝရဘုရားကို ရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။
အခန်းကိုကြည့်ပါ။