ဟေရှာယ 45:19 - မြန်မာ့စံမီသမ္မာကျမ်း19 ငါသည် မြေကြီး၏မှောင်မိုက်သောအရပ်၌ လျှို့ဝှက်စွာမမြွက်ဆို။ ယာကုပ်၏သားစဉ်မြေးဆက်အား “ငါ့ကို အချည်းနှီးရှာကြလော့”ဟု ငါမပြော။ ငါသည် ဖြောင့်မတ်သောစကားကို မြွက်ဆို၍ ဟုတ်မှန်သောအရာတို့ကို ဖော်ပြသော ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ငါသည်လျှို့ဝှက်၍မဟောပြော။ ငါ၏အကြံအစည်တော်ကိုလည်း ထိမ်ဝှက်၍မထား။ ငါသည်ဣသရေလအမျိုးသားတို့အားလူသူ ကင်းမဲ့သည့်အရပ်တွင်ငါ့ကိုရှာဖွေစေသည် မဟုတ်။ ငါသည်ထာဝရဘုရားဖြစ်၏။ သစ္စာစကားကိုဆို၍အမှန်တရားကို ဖော်ထုတ်တတ်၏'' ဟုမိန့်တော်မူသော အရှင်ပင်ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible19 ငါ သည် မှောင် ကျ ရာ ပြည်၌၊ ဗျာ ဒိတ် ကို ကွယ် ဝှက် စွာ ပေး ခဲ့ သည် မ ဟုတ်။ ယာ ကုပ် အ မျိုး အ နွယ် တို့ အား လည်း၊ အ ကျိုး မဲ့ ရှာ ဖွေ ကြ လော့ ဟု မိန့် ခဲ့ သည် မ ဟုတ်။ ငါ ထာ ဝ ရ ဘု ရား သည် ဖြောင့် မှန် စွာ ဗျာ ဒိတ် ထား လျက်၊ ဟုတ် မှန် စွာ ဖော် ပြ၏။ အခန်းကိုကြည့်ပါ။Judson Bible19 ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သောအရပ်၌ မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ကိုရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာပြော၍ အတည့်အလင်း ဟောတတ်သော ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ ထာဝရဘုရား၏လူထုဖြစ်သော အစ္စရေးလူမျိုးတစ်မျိုးလုံးရှေ့၊ ငါတို့ဘုရားသခင်ကြားတော်မူသောအရပ်တွင် ငါပြောမည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်အလုံးစုံကို ရှာဖွေ၍စောင့်ထိန်းကြလော့။ သို့မှ သင်တို့သည် ကောင်းမွန်သာယာသောပြည်ကို ပိုင်ဆိုင်ရ၍ သင်တို့၏သားမြေးတို့လည်း အစဉ်အမွေဆက်ခံရမည်။
အကြောင်းမှာ “ငါတို့ဘုရားသခင်၏လက်တော်သည် ကိုယ်တော်ကိုရှာသောသူတို့ ကောင်းစားဖို့ဖြစ်၏။ ကိုယ်တော်ကိုစွန့်သောသူတို့၌ကား ကိုယ်တော်၏ကြီးမားသောအမျက်တော် တည်လျက်ရှိ၏”ဟု ရှင်ဘုရင်ကို ငါတို့ ပြောထားနှင့်ပြီဖြစ်၍ လမ်းခရီးတွင် ရန်သူလက်မှကာကွယ်ပေးရန် ရှင်ဘုရင်ထံ စစ်သည်နှင့် မြင်းစီးသူရဲများ တောင်းဆိုရမည်ကို ငါရှက်လှ၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။