၂ ရာချုပ် 14:6 - မြန်မာ့စံမီသမ္မာကျမ်း6 ယုဒပြည်တွင် ခံတပ်မြို့များကို တည်ဆောက်၏။ ထာဝရဘုရားသည် သူ့ကို ငြိမ်းချမ်းခြင်းပေးသောကြောင့် ထိုကာလအတွင်း မည်သည့်စစ်ပွဲမျှမရှိဘဲ တိုင်းပြည် အေးချမ်းသာယာလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 သူသည်မိမိနန်းစံနေချိန်၌ယုဒမြို့များ ကို တံတိုင်းကာရံစေတော်မူ၏။ ထာဝရ ဘုရားသည်သူ့အားငြိမ်းချမ်းသာယာရေး ကိုပေးတော်မူသဖြင့် နှစ်ပေါင်းများစွာစစ် ဖြစ်ပွားမှုမရှိချေ။- အခန်းကိုကြည့်ပါ။Garrad Bible6-7 ထို ကာ လ ငြိမ်း ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မူ သည် နှင့်၊ ရန် ဆူး ရန် ငြောင့် မ ရှိ။ ပြည် ထဲ ရေး သာ ယာ သော ကြောင့်၊ အာ သ မင်း က၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ငါ တို့ ရှာ ဖွေ ကြ သည့် အ တွက်၊ ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ငြိမ်း ချမ်း ခွင့် ပေး တော် မူ သ ဖြင့်၊ ပြည် တော် သည် ငါ တို့ ပိုင် ဖြစ် သေး၏။ မြို့ ရိုး၊ ရဲ တိုက်၊ တံ ခါး၊ မင်း ထုပ် များ နှင့် ပြည့် စုံ သော ထို ထို ဤ ဤ မြို့ များ ကို တည် ထောင် ကြ ကုန် အံ့ ဟု၊ ယု ဒ လူ မျိုး တို့ အား မိန့် ဆို သည့် အ တိုင်း၊ ခံ တပ် များ ကို တည် ဆောက် ထ မြောက် ကြ ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုကာလ၌ ငြိမ်သက်သောအခွင့်ကို ထာဝရဘုရားပေးတော်မူသဖြင့်၊ ယုဒပြည်သည်ငြိမ်၍၊ စစ်မှုနှင့် လွတ်သောကြောင့်၊ အာသမင်းသည် တစ်ပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။ အခန်းကိုကြည့်ပါ။ |
ကြည့်ရှုလော့။ သင်သည် သားတော်တစ်ပါးကို ရလိမ့်မည်။ သူသည် အေးချမ်းစွာနေရသောသူ ဖြစ်လိမ့်မည်။ ငါသည် သူ့ဝန်းကျင်ရှိရန်သူအားလုံးတို့ကို သူနှင့်သင့်မြတ်စေမည်။ သူ့အမည်ကို ရှောလမုန် ဟုမှည့်ခေါ်ရမည်။ သူ့လက်ထက်တွင် အစ္စရေးပြည်ကို ငြိမ်းချမ်းခြင်း၊ ငြိမ်ဝပ်ခြင်း ရှိစေမည်။
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။