၂ ရာချုပ် 15:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထို့နောက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ရှာမည်ဟု ကတိသစ္စာပြုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား စိတ်စွမ်းကိုယ်စွမ်း ရှိသမျှနှင့်ကိုးကွယ်မည်ဟူ၍ပဋိညာဉ် ပြုကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ဘိုး ဘေး တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့ ရှာ ဖွေ ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible12 ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါမည်ဟူ၍လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
အို အစ္စရေးလူမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ထံမှ မည်သည့်အရာကိုတောင်းသနည်း။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်၊ လမ်းတော်ရှိသမျှကို လိုက်လျှောက်ရမည်၊ ကိုယ်တော်ကိုချစ်ရမည်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ဝတ်ပြုရမည်၊
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။
သူတို့သည် ဖမ်းခေါ်သွားခြင်းခံရသော ရန်သူ့ပြည်၌ပင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ကိုယ်တော့်ထံပြန်လာ၍ သူတို့၏ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်၊ ကိုယ်တော်ရွေးချယ်တော်မူရာမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောအိမ်တော်ဘက်သို့ မျက်နှာမူပြီး ကိုယ်တော့်ထံ ဆုတောင်းကြလျှင်