၁ ရာချုပ် 16:10 - မြန်မာ့စံမီသမ္မာကျမ်း10 ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံး၌ ဝမ်းမြောက်ခြင်း ရှိကြပါစေ။ အခန်းကိုကြည့်ပါ။Common Language Bible10 ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူအပေါင်း တို့သည် ဝမ်းမြောက်ရွှင်မြူးကြစေ။ အခန်းကိုကြည့်ပါ။Garrad Bible10 သန့် ရှင်း သော နာ မ တော်၌ ဂုဏ် ယူ လျက် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သူ တို့ စိတ် နှ လုံး ရွှင် လန်း ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible10 သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက်ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။ အခန်းကိုကြည့်ပါ။ |
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
ယခု သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ပါလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလော့။ ထ၍ ထာဝရဘုရားအဖို့သန့်ရှင်းရာဌာနကို တည်ဆောက်ကြလော့။ သို့မှ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်၊ ဘုရားသခင်အဖို့ သန့်ရှင်းသောအသုံးအဆောင်များကို ထာဝရဘုရား၏နာမတော်တည်ဖို့ဆောက်လုပ်ထားသောအိမ်တော်ထဲတွင် ထားရှိနိုင်မည်”ဟု မိန့်မှာလေ၏။