ထိုအခါ နာသန်က ဒါဝိဒ်မင်းကြီးအား “ထိုသူသည် အရှင်မင်းကြီးပင်ဖြစ်၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင့်ကို ရှောလုမင်းကြီးလက်မှ ကယ်နုတ်ပြီး အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးခဲ့၏။
၂ ရာ 7:8 - မြန်မာ့စံမီသမ္မာကျမ်း ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။ Common Language Bible သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်မိမိ၏အစေခံဒါဝိဒ်အား`ငါသည်သင့် ကိုငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏ဘုရင်ဖြစ်စိမ့်သောငှာသိုးကျောင်းရာ ကွင်းထဲမှခေါ်ယူခဲ့၏။- Garrad Bible ငါ့ ကျွန် ရင်း ဒါ ဝိဒ် အား ဆက် လက် ဆင့် ဆို ရ မည် မှာ ဣ သ ရေ လ လူ မျိုး တော် အ ပေါ် တွင် မင်း ဖြစ် စေ ရန် ထိန်း ကျောင်း နေ ရာ သိုး ခြံ ထဲ မှ သင့် ကို ငါ ရွေး ထုတ် သည် နှင့် အ ညီ Judson Bible ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။ |
ထိုအခါ နာသန်က ဒါဝိဒ်မင်းကြီးအား “ထိုသူသည် အရှင်မင်းကြီးပင်ဖြစ်၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင့်ကို ရှောလုမင်းကြီးလက်မှ ကယ်နုတ်ပြီး အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးခဲ့၏။
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ ဘုရားသခင်၏လူမျိုးတော်ကိုဆန့်ကျင်၍ အဘယ်ကြောင့် ဤသို့စီရင်ရပါသနည်း။ နှင်ထုတ်ခံရသောသူကို အရှင်မင်းကြီးပြန်မလာစေဘဲ အရှင်မင်းကြီး ဤသို့မိန့်တော်မူခြင်းဖြင့် ကိုယ်တော်တိုင် အပြစ်ရှိကြောင်း ပြလေပြီ။
ဒါဝိဒ်မင်းကြီးနောက်ဆုံးမိန့်ဆိုခဲ့သောစကား။ ယေရှဲ၏သား ဒါဝိဒ်မင်းကြီးမိန့်ဆိုခဲ့သောနိမိတ်စကား။ အမြင့်ဆုံးသို့ ချီးမြှောက်ခြင်းခံရသူ၊ ယာကုပ်၏ဘုရားသခင် ဘိသိက်ပေးထားသူ၊ အသာယာဆုံးအစ္စရေးသီချင်းကိုရေးစပ်သီဆိုသူ မိန့်ဆိုခဲ့သောနိမိတ်စကားများကား ဤသို့တည်း။
လူတို့ကိုဒဏ်ခတ်သောကောင်းကင်တမန်ကို မြင်သောအခါ ဒါဝိဒ်မင်းကြီးက ထာဝရဘုရားအား “အပြစ်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ အမှားကျူးလွန်မိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့၌သာ ကိုယ်တော်၏လက်တော် ကျရောက်စေပါ”ဟု လျှောက်တင်လေ၏။
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
ဒါဝိဒ်မင်းကြီးကလည်း မိခါလအား “ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်ခြင်းဖြစ်၏။ ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့အား အုပ်စိုးမည့်သူကို သင့်ဖခင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ထဲမှမရွေးကောက်ဘဲ ငါ့ကို ရွေးကောက်ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ငါပျော်မြူးမည်။
ရှောလမုန်မင်းကြီးကလည်း “အရှင့်အစေအပါး အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးသည် ကိုယ်တော်၏ရှေ့တော်တွင် သစ္စာစောင့်လျက်၊ ဖြောင့်မတ်လျက်၊ စိတ်နှလုံးမှန်ကန်စွာ အသက်ရှင်လျှောက်လှမ်းခဲ့သဖြင့် ကိုယ်တော်သည် သူ့အား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူခဲ့ပြီ။ ဤကြီးမားသောမေတ္တာကရုဏာတော်ကို ဆက်လက်ပြသလျက် သူ့သားကို သူ၏ရာဇပလ္လင်ပေါ်တွင် ယနေ့ စံမြန်းစေတော်မူလေပြီ။
ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ သို့သော် ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကို ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။
ထို့နောက် ဒါဝိဒ်မင်းကြီးက ဘုရားသခင်အား “လူဦးရေစာရင်းကောက်ယူရန် စေခိုင်းခဲ့သူမှာ အကျွန်ုပ်ပင် ဖြစ်သည်မဟုတ်လော။ ဆိုးညစ်မှုကိုပြုပြီး အပြစ်ရှိသူမှာ အကျွန်ုပ်ပင်ဖြစ်သည် မဟုတ်လော။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့ကိုသာ ကိုယ်တော်၏လက်သို့ ကျရောက်စေပါ။ ကိုယ်တော်၏လူမျိုးတော်တို့အပေါ်သို့ ဘေးဒဏ်မကျရောက်ပါစေနှင့်”ဟု လျှောက်တင်လေ၏။
သို့သော် ထာဝရဘုရားသည် ငါ့ကို သိုးကျောင်းရာမှ ခေါ်ထုတ်ပြီးလျှင် ထာဝရဘုရားက ‘ငါ့လူမျိုးတော်အစ္စရေးတို့အား သွား၍ပရောဖက်ပြုဟောပြောလော့’ဟု မိန့်ဆို၏။
ဒါဝိဒ်သည် ဘုရားသခင်၏ရှေ့တော်၌ ကျေးဇူးတော်ခံစားရ၍ ယာကုပ်၏ဘုရားစံမြန်းတော်မူရာအရပ်ကိုပြင်ဆင်နိုင်ရန် တောင်းလျှောက်ခဲ့၏။
ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။
“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။