၃ ရာ 8:16 - မြန်မာ့စံမီသမ္မာကျမ်း
16 ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ သို့သော် ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကို ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
16 ကိုယ်တော်က`ငါသည်ငါ၏လူမျိုးတော်ဖြစ်သော ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါ့အားဝတ်ပြု ကိုးကွယ်ရာဗိမာန်တော်တည်ဆောက်ရန်အတွက် ဣသရေလနိုင်ငံတွင်အဘယ်မြို့ကိုမျှမရွေး ချယ်ခဲ့။ သို့ရာတွင်ငါသည်ငါ၏လူမျိုးတော်ကို အုပ်စိုးရန် သင့်ကိုရွေးချယ်ပြီ' ဟုငါ၏ခမည်း တော်ဒါဝိဒ်အားမိန့်တော်မူပါ၏'' ဟုဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
16 ငါ၏ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သောနေ့ကစ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှာ၊ ဣသရေလခရိုင်များတို့တွင် မြို့တစ်စုံတစ်မြို့ကို ငါမရွေးသေးသော်လည်း၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးစေခြင်းငှာ၊ ဒါဝိဒ်ကိုငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း ပြုတော်မူသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ