Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 7:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အစ္စရေး​အမျိုးသား​အပေါင်း​တို့​နှင့် လှည့်လည်​သွားလာ​လေရာရာ​၌ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို​အုပ်ထိန်း​ရန် ငါ​ခန့်အပ်​ထား​သော​အစ္စရေး​အမျိုးအနွယ်​တစ်ဦးဦး​အား အဘယ်ကြောင့် ငါ့​အဖို့ သစ်ကတိုးသား​အိမ် မ​ဆောက်ပေး​သနည်း​’​ဟု ငါ​တစ်ခွန်း​မျှ​မိန့်ဆို​ဖူး​သလော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ယင်း​သို့​မိ​မိ​၏​လူ​မျိုး​တော်​နှင့်​လှည့်​လည်​တော် မူ​ခဲ့​စဉ်​အ​ဘယ်​အ​ခါ​၌​မျှ ငါ​သည်​မိ​မိ​ခန့် ထား​သော​ခေါင်း​ဆောင်​တို့​အား`သင်​တို့​အ​ဘယ် ကြောင့်​ငါ​၏​အ​တွက်​သစ်​က​တိုး​သား​ဗိ​မာန် တော်​ကို​ဆောက်​လုပ်​၍​မ​ပေး​ကြ​သ​နည်း' ဟု မေး​တော်​မ​မူ​ခဲ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ဣ သ ရေ လ အ မျိုး သား တို့ နှင့် အ တူ ငါ ကြွ ချီ ရာ အ ရပ် ရပ်၌ ငါ စံ နေ ရန် သစ် က တိုး ဗိ မာန် ကို အ ဘယ် ကြောင့် မ တည် မ ဆောက် သ နည်း ဟူ၍ ဣ သ ရေ လ လူ မျိုး တော် ကို အုပ် ထိန်း ရန် ခန့် ထား သော ဣ သ ရေ လ တ ရား မင်း တစ် ဦး တစ် ယောက် အား မိန့် ဆို ဘူး သ လော ဟု မိန့် တော် မူ ကြောင်း ဆင့် ဆို ရ မည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​လှည့်​လည်​ရာ အ​ရပ်​ရပ်​တို့၌၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ကျွေး​မွေး​စေ​ခြင်း​ငှာ၊ ငါ​စေ​ခိုင်း​သော ဣ​သ​ရေ​လ​တ​ရား​သူ​ကြီး တစ်​စုံ​တစ်​ယောက်​အား၊ သင်​သည်​ငါ့​အ​ဖို့ အာ​ရဇ်​သစ်​သား​အိမ်​ကို အ​ဘယ်​ကြောင့် မ​ဆောက်​သ​နည်း​ဟု ငါ​ဆို​ဖူး​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 7:7
19 ပူးပေါင်းရင်းမြစ်များ  

ယခင် အကျွန်ုပ်​တို့​ကို ရှောလု​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ကပင် အရှင်​သည် အစ္စရေး​လူမျိုး​ကို ဦးဆောင်ဦးရွက်​ပြု​ပေး​ခဲ့​သူ ဖြစ်​ပါ​၏​။ ထာဝရဘုရား​က​လည်း အရှင့်​အား ‘​သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို ကြည့်ရှု​စောင်မ​ရ​မည်​၊ အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​ရ​မည်​’​ဟူ၍ မိန့်ဆို​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။


ယခင် ရှောလု​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ကပင် အရှင်​သည် အစ္စရေး​လူမျိုး​ကို ဦးဆောင်ဦးရွက်​ပြု​ပေး​ခဲ့​သူ ဖြစ်​ပါ​၏​။ ထာဝရဘုရား​က​လည်း အရှင့်​အား ‘​သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို ကြည့်ရှု​စောင်မ​ရ​မည်​၊ အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​ရ​မည်’​ဟူ၍ မိန့်ဆို​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။


အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့် လှည့်လည်​သွားလာ​လေရာရာ​တွင် ငါ့​လူမျိုး​တော်​ကို​အုပ်ထိန်း​ရန် ငါ​ခန့်အပ်​ထား​သော​အစ္စရေး​ခေါင်းဆောင်​တစ်ဦးဦး​အား အဘယ်ကြောင့် ငါ့​အဖို့ သစ်ကတိုးသား​အိမ် မ​ဆောက်​ပေး​သနည်း​’​ဟု ငါ​တစ်ခွန်း​မျှ​မိန့်ဆို​ဖူး​သလော​။


ကိုယ်တော်​သည် သိုးထိန်း​ကဲ့သို့ သိုးစု​ကို ထိန်းကျောင်း​တော်မူ​မည်​။ သိုးသငယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​စုစည်း​၍ ရင်ခွင်​၌​ပွေ့ပိုက်​တော်မူ​မည်​။ သားငယ်​ရှိ​သော​သိုးမ​တို့​ကို​လည်း ညင်ညင်သာသာ​ပို့ဆောင်​တော်မူ​မည်​။


ထာဝရဘုရား​က “​ကောင်းကင်ဘုံ​သည် ငါ​၏​ပလ္လင်​ဖြစ်​၏​။ မြေကြီး​သည် ငါ​၏​ခြေတင်ခုံ​ဖြစ်​၏​။ ငါ့​အတွက် အိမ်​ကို အဘယ်မှာ​ဆောက်​မည်နည်း​။ ငါ​ကိန်းဝပ်​ရာ​အရပ်​ကား အဘယ်မှာ​နည်း​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​ကို ထိန်းကျောင်း​မည့်​သိုးထိန်း​များ​ကို ငါ​ခန့်ထား​မည်​။ သူ​တို့ ကြောက်ရွံ့​ထိတ်လန့်​ရ​တော့​မည်​မ​ဟုတ်​။ ပျောက်ဆုံး​ခြင်း​လည်း​ရှိ​တော့​မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ငါ​နှစ်သက်​သော​သိုးထိန်း​များ​ကို သင်​တို့​အား ငါ​ပေး​မည်​။ သူ​တို့​သည် သင်​တို့​ကို အသိပညာ​၊ ဉာဏ်ပညာ​ဖြင့် အုပ်ထိန်း​လိမ့်မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​ကိုယ်တိုင် ငါ့​သိုး​တို့​ကို ကျွေးမွေး​စောင့်ရှောက်​မည်​။ ငါ​ကိုယ်တိုင် သူ​တို့​ကို စိမ်းလန်း​သော​အရပ်​တွင် လဲလျောင်း​စေ​မည်​။


“​အချင်း​လူသား​၊ အစ္စရေး​သိုးထိန်း​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က သိုးထိန်း​တို့​အား ‘မိမိကိုယ်ကို​သာ ကျွေးမွေး​စောင့်ရှောက်​သော အစ္စရေး​သိုးထိန်း​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​၏​။ သိုးထိန်း​တို့​မည်သည် သိုး​တို့​ကို ကျွေးမွေး​ရ​မည်​မ​ဟုတ်​လော​။


သူ​တို့​ကို​ထိန်းကျောင်း​ရန် သိုးထိန်း​တစ်​ဦး​အဖြစ် ငါ့​အစေအပါး​ဒါဝိဒ်​ကို ငါ​ခန့်ထား​မည်​။ သူ​သည် သိုးထိန်း​တစ်​ဦး​အဖြစ် သိုး​တို့​ကို ထိန်းကျောင်း​ပေး​လိမ့်မည်​။


သူ​သည် ထာဝရဘုရား​၏​အစွမ်း​၊ သူ​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တန်ခိုး​၌ ရပ်တည်​၍ မိမိ​သိုး​တို့​ကို​ထိန်းကျောင်း​လိမ့်မည်​။ သူ​သည် ယခု​မှစ၍ မြေကြီး​ဆုံး​တိုင်အောင်​ကြီးမြတ်​မည်​ဖြစ်၍ သိုး​တို့​သည်​လည်း လုံခြုံ​စွာ​နေ​ရ​ကြ​လိမ့်မည်​။


‘အို ယုဒ​ပြည်၊ ဗက်လင်​မြို့၊ သင်​သည် ယုဒ​ပြည်​ကို​အုပ်ချုပ်​သော​မြို့​တို့​တွင် အသေးသိမ်ဆုံး​မ​ဟုတ်။ အကြောင်းမူကား ငါ​၏​လူမျိုး​တော်​အစ္စရေး​ကို အုပ်ထိန်း​မည့်​ခေါင်းဆောင်​တစ်ဦး​သည် သင့်​အထဲမှ​ပေါ်ထွန်း​လိမ့်မည်’​ဟူ၍ ပရောဖက်​က ရေး​ထား​သောကြောင့်​ဖြစ်​သည်”​ဟု လျှောက်​ထား​ကြ​၏။


သင်​တို့​သည် မိမိတို့ကိုယ်ကို​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ဂရုစိုက်​ကြ​လော့။ ကိုယ်တော်​၏​သွေး​တော်​နှင့်​ဝယ်ယူ​ထား​သော ဘုရားသခင်​၏​အသင်းတော်​ကို သင်​တို့​အုပ်ထိန်း​စေရန် ထို​သိုးစု​ကို​ကြီးကြပ်​သူ​အဖြစ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင်​တို့​ကို​ခန့်အပ်​ထား​တော်မူ​၏။


“အစ္စရေး​အမျိုးသား​တို့၊ ကူညီ​ကြ​ပါ။ ဤ​သူ​သည် လူမျိုး​တော်​ကို​လည်းကောင်း၊ ပညတ်​တရား​ကို​လည်းကောင်း၊ ဤ​နေရာ​ကို​လည်းကောင်း ဆန့်ကျင်​လျက် အရပ်ရပ်​တို့​၌ လူ​အပေါင်း​တို့​အား သွန်သင်​နေ​သူ​ဖြစ်​၏။ ထိုမျှမက ဂရိ​လူမျိုး​တို့​ကို​လည်း ဗိမာန်​တော်​ထဲသို့​ခေါ်ဆောင်​လာ​၍ ဤ​သန့်ရှင်း​ရာ​ဌာန​ကို ညစ်ညူး​စေ​ပါ​ပြီ”​ဟု အော်ဟစ်​ကြ​၏။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ကယ်နုတ်​ရန်​၊ သင်​၏​ရန်သူ​တို့​ကို သင့်​လက်​သို့​အပ်​ရန် သင်​၏​တပ်စခန်း​ထဲ​၌ သွားလာ​တော်မူ​သည်​ဖြစ်၍ သင်​၏​တပ်စခန်း​သည် သန့်ရှင်း​ရ​မည်​။ သို့မဟုတ်လျှင် ကိုယ်တော်​သည် သင့်​ထဲ၌ ညစ်ညူး​သော​အရာ​ကို​တွေ့မြင်​တော်မူ​သဖြင့် သင့်​ထံ​မှ လွှဲရှောင်​တော်မူ​လိမ့်မည်​။


သို့ဖြစ်၍ အသင်းတော်​အကြီးအကဲ​တစ်ဦး​ဖြစ်​ပြီး ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​ကို​သက်သေခံ​သူ​နှင့် ထင်ရှား​လာ​တော့မည့် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို မျှဝေ​ခံစား​သူ​ဖြစ်​သော​ငါ​သည် သင်​တို့​တွင်​ရှိ​သော​အသင်းတော်​အကြီးအကဲ​များ​ကို တိုက်တွန်း​နှိုးဆော်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ