Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 17:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ယခု ငါ့​အစေအပါး​ဒါဝိဒ်​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ငါ​သည် သင့်​ကို သိုးထိန်းကျောင်း​ရာ​စားကျက်မြေ​မှ ခေါ်ယူ​ပြီး ငါ့​လူမျိုး​တော်​အစ္စရေး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ``သို့​ဖြစ်​၍​ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား၊ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား`ငါ​သည်​သင့်​အား​သိုး​တို့​ကို​ထိန်း​ကျောင်း ရာ​မှ​ခေါ်​ယူ​၍ ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး မြှောက်​တော်​မူ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ငါ့ ကျွန် ရင်း ဒါ ဝိဒ် အား ဆက် လက် ဆင့် ဆို ရ မည် မှာ ဣ သ ရေ လ လူ မျိုး တော့် အ ပေါ် တွင် မင်း ဖြစ် စေ ရန် ထိန်း ကျောင်း နေ ရာ သိုး ခြံ ထဲ မှ သင့် ကို ငါ ရွေး ထုတ် သည် နှင့် အ ညီ သွား လေ ရာ ရာ ငါ ပါ ရှိ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​ရာ​သိုး​ခြံ​ထဲ​က သင့်​ကို ငါ​နုတ်​ယူ၍၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​သော​မင်း​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 17:7
13 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​က​လည်း မိခါလ​အား “​ထာဝရဘုရား​ရှေ့​တော်​တွင် ငါ ကခုန်​ခြင်း​ဖြစ်​၏​။ ထာဝရဘုရား​၏​လူမျိုး​တော်​အစ္စရေး​တို့​အား အုပ်စိုး​မည့်​သူ​ကို သင့်​ဖခင်​နှင့် သင့်​ဖခင်​၏​အိမ်သူအိမ်သား​အပေါင်း​တို့​ထဲမှ​မ​ရွေးကောက်​ဘဲ ငါ့​ကို ရွေးကောက်​ခန့်ထား​တော်မူ​သော ထာဝရဘုရား​ရှေ့​တော်​တွင် ငါ​ပျော်မြူး​မည်​။


ယခု ငါ့​အစေအပါး​ဒါဝိဒ်​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ငါ​သည် သင့်​ကို သိုးထိန်းကျောင်း​ရာ​စားကျက်မြေ​မှ ခေါ်ယူ​ပြီး ငါ့​လူမျိုး​တော်​အစ္စရေး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​ပြီ​။


အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့် လှည့်လည်​သွားလာ​လေရာရာ​တွင် ငါ့​လူမျိုး​တော်​ကို​အုပ်ထိန်း​ရန် ငါ​ခန့်အပ်​ထား​သော​အစ္စရေး​ခေါင်းဆောင်​တစ်ဦးဦး​အား အဘယ်ကြောင့် ငါ့​အဖို့ သစ်ကတိုးသား​အိမ် မ​ဆောက်​ပေး​သနည်း​’​ဟု ငါ​တစ်ခွန်း​မျှ​မိန့်ဆို​ဖူး​သလော​။


သင်​သွား​လေရာရာ​၌ သင်​နှင့်အတူ ငါ​ပါရှိ​ပြီး သင့်​ရန်သူ​အပေါင်း​တို့​ကို သင့်​ရှေ့​မှ ငါ​ဖယ်ရှား​ပေး​ခဲ့​ပြီ​။ ကမ္ဘာ​ပေါ်တွင် နာမည်ကြီး​ကျော်ကြားသူ​ကဲ့သို့ သင့်​ကို​နာမည်ကြီး​ကျော်ကြား​စေ​မည်​။


သို့သော် ငါ့​နာမ​တော်​တည်​ရန် ဂျေရုဆလင်​မြို့​ကို ငါ​ရွေးချယ်​ခဲ့​ပြီ​။ ထိုနည်းတူ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်စိုး​ရန် ဒါဝိဒ်​ကို​လည်း ငါ​ရွေးချယ်​ခဲ့​ပြီ​’​ဟု မိန့်​တော်မူ​ခဲ့​၏​။


‘အို ယုဒ​ပြည်၊ ဗက်လင်​မြို့၊ သင်​သည် ယုဒ​ပြည်​ကို​အုပ်ချုပ်​သော​မြို့​တို့​တွင် အသေးသိမ်ဆုံး​မ​ဟုတ်။ အကြောင်းမူကား ငါ​၏​လူမျိုး​တော်​အစ္စရေး​ကို အုပ်ထိန်း​မည့်​ခေါင်းဆောင်​တစ်ဦး​သည် သင့်​အထဲမှ​ပေါ်ထွန်း​လိမ့်မည်’​ဟူ၍ ပရောဖက်​က ရေး​ထား​သောကြောင့်​ဖြစ်​သည်”​ဟု လျှောက်​ထား​ကြ​၏။


ရှိမုန်​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​ယောဟန်​တို့​သည်​လည်း အံ့အားသင့်​ကြ​၏။ ယေရှု​က​လည်း“မ​ကြောက်​နှင့်။ သင်​သည် ယခု​မှစ၍ လူ​ကို​ဖမ်း​လိမ့်မည်”​ဟု ရှိမုန်​အား မိန့်​တော်မူ​၏။


ဒါဝိဒ်​သည် ဗက်လင်​မြို့​ရှိ ဖခင်​၏​သိုး​များ​ကို​ထိန်းကျောင်း​ရ​သဖြင့် ရှောလု​မင်းကြီး​ထံ​သွား​လိုက် ဖခင်​ထံ​ပြန်​လိုက်လုပ်​နေ​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ