၂ ရာ 6:21 - မြန်မာ့စံမီသမ္မာကျမ်း21 ဒါဝိဒ်မင်းကြီးကလည်း မိခါလအား “ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်ခြင်းဖြစ်၏။ ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့အား အုပ်စိုးမည့်သူကို သင့်ဖခင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ထဲမှမရွေးကောက်ဘဲ ငါ့ကို ရွေးကောက်ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ငါပျော်မြူးမည်။ အခန်းကိုကြည့်ပါ။Common Language Bible21 ဒါဝိဒ်က``ငါ့အားသင့်ခမည်းတော်နှင့်သား မြေးတို့ကိုကျော်၍ ဣသရေလအမျိုးသား တို့၏ခေါင်းဆောင်အဖြစ်ခန့်အပ်ရွေးချယ် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးကူးရန်ငါသည်ကခုန်နေခဲ့ခြင်းဖြစ်၏။ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး ရန်နောင်ကိုလည်းဆက်လက်ကခုန်လျက်၊- အခန်းကိုကြည့်ပါ။Garrad Bible21-22 ဒါ ဝိဒ် မင်း က ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ဖြစ် သော ဣ သ ရေ လ အ ပေါ် တွင် မင်း အ ဖြစ် ဖြင့် သင့် ခ မည်း တော် နှင့် ဆွေ တော် မျိုး တော် တို့ အ စား ငါ့ ကို ရွေး ချယ် တော် မူ သော ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ငါ က ခုန် ပေ၏။ ထို ထက် မ က၊ မ ခန့် မ ညား ခံ သင့် အောင် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် တီး မှုတ် ဦး မည်။ ငါ့ စိတ် ရင်း အ တိုင်း ယုတ် မာ သော် လည်း သင် ပြော သော ကျွန် မိန်း မ တို့ ကား ငါ့ ကို ချီး မွမ်း ကြ လိမ့် မည် ဟု မိ ခါ လ အား ပြန် ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible21 ဒါဝိဒ်ကလည်း၊ သင့်အဘနှင့် သူ၏အဆွေအမျိုးအပေါင်းတို့၏ကိုယ်စား၊ ငါ့ကိုရွေးကောက်၍ ထာဝရဘုရား၏လူ၊ ဣသရေလအမျိုးကို အုပ်စိုးသောမင်းအရာ၌ ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရားရှေ့တော်တွင် ငါကခုန်မည်။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။